China
အာရပ်အဖွဲ့ချုပ်နှင့် တရုတ်နိုင်ငံတို့ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရန် ကတိပြု
ကိုင်ရို၊ မေ ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် အာရပ်အဖွဲ့ချုပ် (AL) တို့သည် ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရေးအတွက် ကတိပြုခဲ့ကြကြောင်း အီဂျစ်နိုင်ငံရှိ တရုတ်သံရုံးမှ ထုတ်ပြန်ချက်အရ သိရသည်။
အီဂျစ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Liao Liqiang နှင့် အာရပ်အဖွဲ့ချုပ် လူမှုရေးရာ လက်ထောက် အထွေထွေအတွင်းရေးမှူး Haifa Abu Ghazaleh တို့က မေ ၁၉ ရက်တွင် ပြုလုပ်ခဲ့သော အစည်းအဝေး၌ မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။
“ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ တရုတ်နဲ့ အာရပ်နိုင်ငံတွေဟာ အတူတကွရပ်တည်ခဲ့ကြပြီး အချင်းချင်း ကူညီခဲ့ကြတယ်။ တရုတ်နိုင်ငံနဲ့ အာရပ်နိုင်ငံတွေကြားက အစဉ်အလာရှိတဲ့ ချစ်ကြည်ရင်းနှီးမှုနဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးက အခိုင်အမာ နက်ရှိုင်းပြီး တိုးတက်လျက်ရှိပါတယ်” ဟု တရုတ်နိုင်ငံ သံအမတ်ကြီးက ပြောခဲ့သည်။
တရုတ်နိုင်ငံသည် အာရပ်နိုင်ငံများနှင့်အတူ ကပ်ရောဂါတိုက်ဖျက်ရေးနှင့် ကံကြမ္မာအကျိုးတူ တရုတ်နိုင်ငံနှင့် အာရပ်နိုင်ငံများ အသိုက်အဝန်း တည်ဆောက်ရေးအပြင် ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ဘုံကျန်းမာရေးအသိုက်အဝန်း တည်ဆောက်ရေးအတွက် အတူတကွ လုပ်ဆောင်ရန် အသင့်ရှိကြောင်း Liao က ပြောခဲ့သည်။
တရုတ်နိုင်ငံ၏ စီးပွားရေးကို တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်စေသည်သာမက ကမ္ဘာလုံးဆိုင်ရာ စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ကွင်းဆက်၏ လုံခြုံရေးကိုလည်းပဲ စိတ်ချခိုင်မာစေခဲ့သော တရုတ်နိုင်ငံ၏ ကိုဗစ်ကင်းစင်ရေးမူဝါဒကိုလည်း ၎င်းက မီးမောင်းထိုးပြောကြားခဲ့သည်။
“ကျွန်မတို့အနေနဲ့ ကူးစက်ရောဂါတိုက်ဖျက်ရေး တိုက်ပွဲရဲ့ ကြမ်းတမ်းမှုကို ကျော်လွှားခြင်းနဲ့ ကပ်ရောဂါအတွင်း ကမ္ဘာလုံးဆိုင်ရာ အောင်မြင်မှုကို ဆောင်လျင်စွာ ကြီးကြီးမားမား ပံ့ပိုးကူညီခြင်းမှာ အပြည့်အဝယုံကြည်မှု ရှိပါတယ်” ဟု Liao က အလေးထားပြောခဲ့သည်။
အာရပ်အဖွဲ့ချုပ် လူမှုရေးရာ လက်ထောက် အထွေထွေအတွင်းရေးမှူး Haifa Abu Ghazaleh ကလည်း အာရပ်နိုင်ငံများအတွက် ဆေးဘက်ဆိုင်ရာအကူအညီနဲ့ ကာကွယ်ဆေး အမြောက်အများ ပံ့ပိုးကူညီသည့်အတွက် တရုတ်နိုင်ငံအား အာရပ်အဖွဲ့ချုပ်က ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
အိုမီခရွန် မျိုးဗီဇပြောင်းဗိုင်းရပ်စ် ပျံ့နှံ့မှုအဖြစ် ကမ္ဘာတစ်ဝန်း ထိန်းမနိုင်သိမ်းမရ ဖြစ်နေဆဲဖြစ်သော ကိုဗစ်-၁၉ ကပ်ရောဂါသည် ကမ္ဘာကြီး ရင်ဆိုင်နေရသော စိန်ခေါ်မှုများ ကြီးမားလျက်ရှိပြီး အာရပ်အဖွဲ့ချုပ်အနေဖြင့် ကပ်ရောဂါတိုက်ဖျက်ရန် တရုတ်နိုင်ငံနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်သွယ်မှု ဆက်လက်လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
အာရပ်အဖွဲ့ချုပ်သည် တရုတ်နိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေး ကြိုးပမ်းအားထုတ်မှုများအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြရန်နှင့် ပံ့ပိုးရန် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် ကျန်းမာရေးဆိုင်ရာ အာရပ် ကျန်းမာရေးဝန်ကြီးများကောင်စီမှ ပြဌာန်းသော ဆုံးဖြတ်ချက်ကို လိုက်နာသွားမည်ဖြစ်ကြောင်း AL တာဝန်ရှိသူက ဆိုသည်။ (Xinhua)
…………………………………………
(English Version)
Arab League, China vow to deepen anti-COVID-19 cooperation
Source: XinhuaEditor: huaxia2022-05-20 22:17:41
CAIRO, May 20 (Xinhua) — China and the Arab League pledged to deepen their cooperation in fighting the COVID-19 pandemic, said a statement published Friday by the Chinese embassy in Egypt.
The two sides made the remarks during a meeting held Thursday in Cairo between Chinese Ambassador to Egypt Liao Liqiang and Haifa Abu Ghazaleh, Arab League (AL) Assistant Secretary General for Social Affairs.
“Since the outbreak of the COVID-19 pandemic, China and Arab countries have stood together and helped each other,” said the Chinese ambassador, noting “the traditional friendship and strategic partnership between China and Arab countries have been constantly deepened and enhanced.”
China stands ready to continue working with Arab countries to combat the pandemic, and build a community of a shared future for China and the Arab countries as well as a community of common health for the two sides through cooperation in fighting the COVID-19 pandemic, said Liao.
He also highlighted China’s dynamic zero-COVID policy, which has ensured not only the steady development of China’s economy, but also the security of the global industrial and supply chains, bringing benefits to the world.
“We have full confidence in overcoming the tough battle against the epidemic, and making greater contribution to the global victory over the disease at an early date,” stressed Liao.
For her part, Abu Ghazaleh expressed the AL’s gratitude to the Chinese side for providing large amounts of medical aid and vaccines for Arab countries.
She noted that the COVID-19 pandemic is still raging globally as the spread of the Omicron variant has intensified the challenges facing the world, adding that the AL is willing to continue cooperation and communication with China closely to fight the pandemic.
The AL will adhere to the resolution adopted by the Council of Arab Ministers for Health in February 2020 to express its appreciation and support for China’s anti-pandemic efforts, said the AL official. ■
Photo 1 : A staff member shows the COVID-19 vaccine produced at a VACSERA factory in Giza, Egypt, Sept. 6, 2021. (Xinhua/Ahmed Gomaa)
Photo 2 : A medical donation from China is unloaded at an airport in Beirut, Lebanon, on Nov. 29, 2021. (Xinhua/Bilal Jawich)
Photo 3 : Chinese medical experts attend a meeting at the King Khalid International Airport in Riyadh, Saudi Arabia, on April 15, 2020. (Xinhua/Tu Yifan)