Connect with us

Europe

ကလင်နင်ဂရက်မြို့သို့ ကုန်စည်ပို့ဆောင်ခြင်း ပိတ်ပင်တားမြစ်မှုကို “ ချက်ချင်း ရုပ်သိမ်းရန် ” လစ်သူယေးနီးယားအား ရုရှားတောင်းဆို

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးအဆောက်အဦရှေ့တွင် ဖြတ်လျှောက်သွားသူတစ်ဦးအား မတ် ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဇွန် ၂၁ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ၏ ကလင်နင်ဂရက်ဒေသ(Kaliningrad) သို့ အရေအတွက်များစွာသော ကုန်ပစ္စည်းများ ပို့ဆောင်ရန်အတွက် ၎င်း၏ နယ်မြေပိုင်နက်အတွင်းဖြတ်သန်း သွားလာမှု ပိတ်ပင်တားဆီးထားခြင်းကို ချက်ချင်းရုပ်သိမ်းပေးရန် လစ်သူယေးနီးယားနိုင်ငံအား ရုရှားနိုင်ငံက တောင်းဆိုလိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၂၀ ရက်တွင် ပြောကြားခဲ့သည်။အဆိုပါ အသိပေးတောင်းဆိုလွှာကို လစ်သူယေးနီးယားသံအမတ်ကြီးထံ ယင်းနေ့အစောပိုင်းတွင် ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

ထိုသို့ပိတ်ပင်တားဆီးထားခြင်းကို ချက်ချင်းရုပ်သိမ်းပေးရန် ရုရှားနိုင်ငံက တောင်းဆိုခဲ့ပြီး ယင်းလုပ်ရပ်မှာ “ ရန်စမှု နှင့် ပွင့်ပွင့်လင်းလင်းရန်လိုမှု “ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ လစ်သူယေးနီးယားနိုင်ငံကို ဖြတ်ပြီး ကလင်နင်ဂရက်နဲ့ အခြားသော ရုရှားဖက်ဒရေးရှင်းဒေသအကြား ကုန်စည်ပို့ဆောင်မှုတွေကို မကြာမီကာလအတွင်း အပြည့်အဝ ပြန်လည်မဖွင့်ပေးဘူးဆိုရင်တော့ ရုရှားနိုင်ငံဟာ သူ့ရဲ့အမျိုးသားအကျိုးစီးပွားကို ကာကွယ်ဖို့ မှန်ကန်တဲ့အရေးယူဆောင်ရွက်မှုတွေလုပ်သွားမှာပါ” ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုသည်။

ဥရောပသမဂ္ဂဒဏ်ခတ်ပိတ်ဆို့မှုအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် အခြားနိုင်ငံများ ဝန်းရံထားသော ရုရှားနိုင်ငံ၏ ကလင်နင်ဂရက်ဒေသသို့ ကုန်ပစ္စည်းများတင်ပို့ရန်အတွက် ၎င်း၏ ပိုင်နက်နယ်မြေကို အသုံးပြု၍ ကုန်စည်ရထားဖြတ်သန်းမောင်းနှင်ခြင်းအား ပိတ်ပင်တားမြစ်မှုကို လစ်သူယေးနီးယားနိုင်ငံက ပြီးခဲ့သော ရက်သတ္တပတ်တွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ (Xinhua)

——————————-
(English Version)
Russia calls on Lithuania to “immediately” lift transit ban to Kaliningrad

MOSCOW, June 20 (Xinhua) — Russia has called on Lithuania to immediately lift its ban on the transit of a large number of goods through its territory to Russia’s Kaliningrad region, Russian foreign ministry said Monday.
The ministry summoned the Lithuanian charge d’affaires earlier in the day.
Moscow demanded the imposed restrictions be immediately lifted, calling them “provocative” and “openly hostile.”
“If cargo transit between the Kaliningrad region and the rest of the Russian Federation through Lithuania is not fully restored in the near future, Russia reserves the right to take actions to protect its national interests,” the ministry said.
Lithuania announced last week to ban the rail transit of goods that are subject to European Union sanctions through its territory to the Russian enclave of Kaliningrad.

People walk near the building of the Russian Foreign Ministry in Moscow March 28, 2022. (Xinhua/Bai Xueqi)