Connect with us

Economy

ရှင်းကျန်းဒေသက ဇန်နဝါရီမှ မေအတွင်း ပြည်ပကုန်သွယ်မှု ၃၀ ရာခိုင်နှုန်း တိုးလာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Horgos မြို့၌ နယ်စပ်ဖြတ်ကျော် e-commerce ဖြင့် အထုတ်များအား စစ်ဆေးနေသည့် အကောက်ခွန်အရာရှိများအား ၂၀၂၁ ခုနှစ် ဇွန် ၃ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဝူးလူမုချီ ၊ ဇွန် ၂၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ယခုနှစ် ပထမငါးလတာအတွင်း ပြည်ပကုန်သွယ်မှု ယွမ် ၆၇ ဒသမ ၄ ဘီလီယံ(အမေရိကန်ဒေါ်လာဘီလီယံ ၁၀ ခန့်)အထိ ရှိခဲ့ပြီး နှစ်အလိုက် ၃၀ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။ဇန်နဝါရီမှ မေအထိ ရှင်းကျန်းဒေသသည် နိုင်ငံနှင့် ဒေသ ၁၅၇ နိုင်ငံနှင့်အတူ ကုန်သွယ်ခဲ့ကြောင်း ဒေသ၏ မြို့တော် ဝူးလုမုချီမြို့၏ အကောက်ခွန်ရုံးက ပြောကြားခဲ့သည်။

ရပ်ဝန်း နှင့် ပိုးလမ်းမ တစ်လျှောက်ရှိ နိုင်ငံများနှင့် ကုန်သွယ်မှုမှာ ယွမ် ၆၁ ဘီလီယံအထိ နှစ်အလိုက် ၃၉ ဒသမ ၆ ရာခိုင်နှုန်း တိုးလာခဲ့ပြီး ဒေသ၏ စုစုပေါင်းသွင်းကုန် နှင့် ပို့ကုန်များ၏ ၉၀ ဒသမ ၆ ရာခိုင်နှုန်း ရှိသည်။ ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်(RCEP) အဖွဲ့ဝင်များ နှင့် ကုန်သွယ်မှုကိန်းဂဏန်းမှာ ယွမ် ၄ ဒသမ ၃ ဘီလီယံ ရှိခဲ့ပြီး နှစ်အလိုက် ၂၈ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။
ဇန်နဝါရီမှ မေအထိ ငါးလတာအတွင်း ကာဂျစ္စတန် နိုင်ငံသည် ရှင်းကျန်းဒေသ၏ အကြီးဆုံးကုန်သွယ်ဖက်အဖြစ် ရှိနေပြီး ကုန်သွယ်မှုတွင် ယွမ် ၂၃ ဘီလီယံကျော် ရှိကာ နှစ်အလိုက် ၄၂၅ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။

“ရှင်းကျန်းဒေသရဲ့ပြည်ပကုန်သွယ်မှု အရည်အသွေးမြင့်မားတဲ့ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရေးအတွက် လက်တွေ့ကျတဲ့ အစီအမံတွေ လုပ်ဆောင်တာ ၊ ကုန်သွယ်ရေးလုပ်ငန်းကုန်ကျစရိတ်တွေ လျှော့ချတာ ၊ ကုန်သွယ်ရေးပံ့ပိုးကူညီမှုအဆင့်တို့ကို ပိုပြီးတော့ တိုးတက်ကောင်းမွန်အောင် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။”ဟု ဝူးလုမုချီ အကောက်ခွန်ရုံး၏ တာဝန်ရှိသူတစ်ဦးဖြစ်သူ Wu Wei က ပြောကြားခဲ့သည်။ (Xinhua)

—————————-
(English Version)

Xinjiang posts 30 pct foreign trade growth in Jan.-May
Source: Xinhua Editor: huaxia 2022-06-21 10:58:14
URUMQI, June 21 (Xinhua) — Northwest China’s Xinjiang Uygur Autonomous Region recorded over 67.4 billion yuan (about 10 billion U.S. dollars) in foreign trade in the first five months of this year, up 30.9 percent year on year.
The Customs of Urumqi, the region’s capital, said that from January to May, the region had trade with 157 countries and regions.
Its trade with countries along the Belt and Road increased by 39.6 percent year on year to 61 billion yuan, accounting for 90.6 percent of the region’s total imports and exports. The figure with members of the Regional Comprehensive Economic Partnership (RCEP) reached 4.3 billion yuan, up 28.2 percent year on year.
During the period, Kyrgyzstan remains Xinjiang’s largest trade partner, with more than 23 billion yuan in trade, up 425 percent year on year.
“We will further improve the level of trade facilitation, reduce the cost of trade enterprises, and take practical measures to promote the high-quality development of Xinjiang’s foreign trade,” said Wu Wei, an official with the Customs of Urumqi. ■
Photo – Customs officers check cross-border e-commerce packages in Horgos, northwest China’s Xinjiang Uygur Autonomous Region, June 3, 2021. (Xinhua/Gu Yu)