Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် အနည်းဆုံး လူပေါင်း ၂၈၀ ဦး သေဆုံးပြီး ၅၉၅ ဦး ဒဏ်ရာရ

အာဖဂန်နစ္စတန်နိုင်ငံ Paktika ပြည်နယ်တွင် ဇွန် ၂၂ ရက် အစောပိုင်းက ငလျင်လှုပ်ခတ်ပြီးနောက် လူပေါင်း ၂၈၀ ထက်မနည်းသေဆုံးပြီး ၅၉၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် Bakhtar သတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။

သေဆုံးသူဦးရေ ၂၅၅ ခန့်မှာ ငလျင်ဒဏ်အပြင်းထန်ဆုံးခံစားခဲ့ရသည့် အရှေ့ပိုင်းပြည်နယ်ဖြစ်သော Paktika ရှိ Barmal, Ziruk, Naka နှင့် Gayan ခရိုင်များမှ ဖြစ်ကြောင်း နောက်ဆုံးရဒေသခံသတင်းရင်းမြစ်များအား ကိုးကား၍ သတင်းက ဖော်ပြထားသည်။

ငလျင်ဒဏ်ခံစားခဲ့ရသောနေရာများသို့ ရဟတ်ယာဉ်များနှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာခဲ့ကြောင်း သတင်းအရ သိရသည်။

ယင်းပြည်နယ်နှင့် အနီးဝန်းကျင်ရှိ Khost ပြည်နယ်တွင် အနည်းဆုံး လူပေါင်း ၂၅ ဦး သေဆုံးပြီး အခြား ၉၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း သတင်းက ဆိုသည်။

Khost ပြည်နယ်၏ အနောက်တောင်ဘက် ၄၄ ကီလိုမီတာ၌ လှုပ်ခတ်ခဲ့သော ငလျင်သည် ပမာဏအားဖြင့် ၆.၁ ရှိကြောင်း အမေရိကန် ဘူမိဗေဒလေ့လာမှုစစ်တမ်းအရ သိရသည်။

အဆိုပါ ငလျင်ကြောင့် ဒေသအတွင်းရှိ နေအိမ်ပေါင်းများစွာ ပျက်စီးသွားခဲ့ပြီး Paktika ပြည်နယ်၌ မြေပြိုမှုလည်း ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ (Xinhua)

#Afghanistan, #Quake, #Xinhua, #Myanmar, #XinhuaMyanmar, #အာဖဂန်နစ္စတန်, #ငလျင်, #ဆင်ဟွာ, #မြန်မာ #ဆင်ဟွာမြန်မာ
——————-
(English Version)
Quake kills at least 280, injures 595 in eastern Afghanistan

Source: Xinhua

Editor: huaxia

2022-06-22 14:02:00

KABUL, June 22 (Xinhua) — At least 280 people were killed and 595 injured after an earthquake struck Afghansitan’s Paktika province early on Wednesday, the state-run Bakhtar News Agency reported.

Some 255 people lost their lives in Barmal, Ziruk, Naka and Gayan districts of Paktika province, the most-hit eastern province, according to the report, citing the latest local sources.

Helicopters and rescue teams have arrived in the affected areas, according to the report.

In neighboring Khost province, at least 25 people were killed and 95 others wounded, the report said.

The quake, with a magnitude of 6.1, jolted 44 km southwest of Khost, according to the U.S. Geological Survey.

The quake has damaged dozens of houses in the region and also caused land sliding in Paktika, local sources said. ■

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.