Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံတွင် ရေကြီးရေလျှံမှုထိန်းချုပ်ရေး ယွမ် သန်း ၂၀၀ ခွဲဝေသတ်မှတ်ထား

တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ် Nanping မြို့၊ Songxi ခရိုင်တွင် ရေကြီးရေလျှံမှုဖြစ်ပွားမှုအတွင်း သောင်တင်နေသော ပြည်သူများအား ကယ်ဆယ်ရေးသမားများက ရွှေ့ပြောင်းပေးနေသည်ကို ဇွန် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် နိုင်ငံတောင်ပိုင်းဒေသများ၌ မိုးသည်းထန်စွာရွာသွန်းမှုဒဏ်ခံခဲ့ရသဖြင့် သဘာဝဘေးအန္တရာယ် ဗဟိုရန်ပုံငွေမှ ယွမ် သန်း ၂၀၀ (အမေရိကန်ဒေါ်လာ ၂၉.၉၂ သန်းခန့်) ကို ဇွန် ၂၁ ရက်က ခွဲဝေသတ်မှတ်ခဲ့ကြောင်း သိရသည်။ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာနတို့မှ ခွဲဝေသတ်မှတ်ခဲ့သော အရေးပေါ်ရန်ပုံငွေအား ဖူကျန့်၊ ကျန်းရှီးနှင့် ဟူနန်ပြည်နယ်တို့အပြင် ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရေကြီးရေလျှံမှု ထိန်းချုပ်ရေးနှင့် သဘာဝဘေးလျော့ပါးရေး ကြိုးပမ်းအားထုတ်မှုများအား ပံ့ပိုးကူညီရန် အသုံးပြုသွားမည်ဖြစ်သည်။

တရုတ်နိုင်ငံ တောင်ပိုင်း ပုလဲမြစ်ဝှမ်းဒေသတွင် မကြာသေးမီက မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ကွမ်တုန်းနှင့် ကွမ်ရှီး ပြည်နယ်မျာ၏ အချို့ဒေသများထိခိုက်ခဲ့ကြောင်း၊ အာဏာပိုင်များကလည်း ဇွန် ၂၀ ရက်ကအရေးပေါ်တုံ့ပြန်ရေးအဆင့်-၂ တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှီးပြည်နယ်တွင်လည်း ဇွန် ၂၀ ရက် ညနေပိုင်းက ရေကြီးရေလျှံမှုထိန်းချုပ်ရေး အရေးပေါ်တုံ့ပြန်ရေးကို အဆင့်-၂ အထိ မြှင့်တင်ခဲ့သည်။

တရုတ်နိုင်ငံတွင် ရေကြီးရေလျှံမှုထိန်းချုပ်ရေး အရေးပေါ်တုံ့ပြန်ရေးစနစ်ကို အဆင့်လေးခုသတ်မှတ်ထားပြီး အဆင့်-၁ မှာ အရေးပေါ်နှင့် အဆိုးဝါးဆုံး ဖြစ်ကြောင်း သိရသည်။

ရေကြီးရေလျှံမှုရာသီသို့ ဝင်ရောက်လာပြီးနောက် တရုတ်နိုင်ငံတွင် ရေကြီးရေလျှံမှုထိန်းချုပ်ရေးနှင့် သဘာဝဘေးလျော့ပါးရေးအတွက် ဒေသန္တရအစိုးရများအား ကူညီရန် ယွမ် သန်း ၅၆၀ ခွဲဝေးသတ်မှတ်ထားပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

#China, #Flood, #EmergencyRespondFund, #Xinhua, #Myanmar, #XinhuaMyanmar, #တရုတ်, #ရေကြီးရေလျှံမှု, #အရေးပေါ်တုံ့ပြန်မှုရန်ပုံငွေ, #ဆင်ဟွာ, #မြန်မာ #ဆင်ဟွာမြန်မာ
————————–
(English Version)

China allocates 200 mln yuan for flood control

2022-06-22 11:12:30
BEIJING, June 22 (Xinhua) — China on Tuesday earmarked 200 million yuan (about 29.92 million U.S. dollars) of central disaster-relief funds as rounds of rainstorms have battered the country’s southern areas.

The emergency funds, allocated by the Ministry of Finance and the Ministry of Emergency Management, will be used to support flood-control and disaster-relief efforts in the provinces of Fujian, Jiangxi and Hunan, as well as the Guangxi Zhuang Autonomous Region.

Recent downpours in south China’s Pearl River basin have affected some parts of Guangdong and Guangxi, prompting authorities to activate a Level-II emergency response on Monday. East China’s Jiangxi Province also upgraded the flood control emergency response to Level II on Monday evening.

China has a four-tier flood-control emergency response system, with level I being the most urgent and severe.

After entering the flood season, China has allocated 560 million yuan to help local governments in flood control and disaster relief. ■
Photo : Rescuers evacuate stranded people in flood water in Songxi County of Nanping, east China’s Fujian Province, June 18, 2

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.