Connect with us

North America

ကျေးကျွန်စနစ်က “အမေရိကန်၏ မူလအပြစ်” ဖြစ်ကြောင်း ဘိုင်ဒန်ပြောကြား

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲတွင် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်အား ဇွန် ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)

ကျေးကျွန်စနစ်သည် “အမေရိကန်၏ မူလအပြစ်”ဖြစ်ကြောင်း အမေရိကန် သမ္မတ ဘိုင်ဒန်က ဩဂုတ် ၂၀ ရက် ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။“လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ ကျော်က ကျွန်ပြုခံရတဲ့ အာဖရိကလူမျိုး အယောက် ၂၀ က အမေရိကန်လို့ ဖြစ်လာမယ့် ကမ်းခြေတွေဆီ အတင်းအဓမ္မခေါ်ဆောင်ခြင်းခံခဲ့ရတယ်”ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ “ထို့နောက်ပိုင်း ရာစုနှစ်များစွာအတွင်း လူပေါင်းသန်းနှင့်ချီ ခိုးယူရောင်းချခံခဲ့ရတယ်။ ဒါဟာ အမေရိကန်ရဲ့ မူလအပြစ်ဖြစ်တဲ့ ကျေးကျွန်စနစ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်”ဟု ထုတ်ပြန်ချက်က ဖော်ပြထားသည်။

အမေရိကန်နိုင်ငံတွင် ဩဂုတ် ၂၀ ရက်ကို ကျေးကျွန်စနစ်အောက်မေ့ဖွယ်နေ့အဖြစ် သတ်မှတ်ရန် ကြိုးပမ်းမှုများကို အသိအမှတ်ပြုကြောင်း အိမ်ဖြူတော်က ကြေညာထုတ်ပြန်ခဲ့သည်။ပြီးခဲ့သည့်နှစ်တွင် ကျေးကျွန်စနစ်အောက်မေ့ဖွယ်နေ့အဖြစ် ထားရှိရန် အမေရိကန် အထက်လွှတ်တော်အမတ် Elizabeth Warrenနှင့် လွှတ်တော်အမတ် Al Greenက အဆိုပြုခဲ့ကြောင်း သိရသည်။

၁၇ ရာစုနှင့် ၁၈ ရာစု တစ်လျှောက်လုံးတွင် သန်းနှင့်ချီသောလူများသည် အာဖရိကမှ ပြန်ပေးဆွဲခံရပြီး ဆေးရွက်ကြီးနှင့်ဝါ စသည့် စီးပွားဖြစ် လယ်ယာသီးနှံပစ္စည်းများ ထုတ်လုပ်ရန် အမေရိကန်ကိုလိုနီဒေသများတွင် အတင်းအဓမ္မ ကျေးကျွန်ပြုခြင်းခံခဲ့ရသည်။

၁၉ ရာစု အလယ်ပိုင်းတွင် အမေရိကန်၏ အနောက်ဘက်သို့ ချဲ့ထွင်ခြင်းနှင့် ကျေးကျွန်စနစ်ဖျက်သိမ်းရေး လှုပ်ရှားမှုများကြောင့် ကျေးကျွန်စနစ်ဆိုင်ရာ အငြင်းပွားမှုများဖြစ်ပွားခဲ့ရာ ၎င်းမှာ သွေးသွန်းသော ပြည်တွင်းစစ်တွင် နိုင်ငံခွာပြဲမှုများ ဖြစ်ပွားခဲ့သည်။

ပြည်ထောင်စုအောင်ပွဲတွင် အမေရိကတိုက်တစ်ခွင် သန်းနှင့်ချီသော ကျေးကျွန်များ လွတ်မြောက်ခဲ့သော်လည်း ယင်းမှတစ်ဆင့် လူမျိုးရေးဝါဒနှင့်ခွဲခြားဆက်ဆံမှုပုံစံများ အပါအဝင် အနုတ်လက္ခဏာ သက်ရောက်မှုက ယနေ့တိုင် ဆိုးဝါးစွာ ဆက်လက်တည်ရှိနေဆဲဖြစ်သည်။ (Xinhua) xhtxs.cn/ySC

——————————

Biden says slavery “America’s original sin”

WASHINGTON, Aug. 21 (Xinhua) — Slavery is “America’s original sin,” U.S. President Joe Biden said on Saturday in a statement.
“More than 400 years ago, twenty enslaved Africans were forcibly brought to the shores of what would become the United States,” the statement said. “Millions more were stolen and sold in the centuries that followed, part of a system of slavery that is America’s original sin.”

The White House issued the statement to recognize efforts to designate Aug. 20 as Slavery Remembrance Day in the United States.
U.S. Senator Elizabeth Warren and Congressman Al Green introduced a joint resolution last year to establish Slavery Remembrance Day.

Throughout the 17th and 18th centuries, millions of people were kidnapped from Africa and forced into slavery in the American colonies to produce cash crops such as tobacco and cotton.
By the mid-19th century, an entangling of the Westward Expansion and an abolition movement in the United States provoked fierce debates over slavery that would divide the nation in the bloody Civil War.
Though the Union victory freed millions of enslaved people across America, the negative legacy of slavery has continued to exist, including in the form of racism and discrimination, which remain severe today. ■

1. U.S. President Joe Biden speaks to members of the press at the White House in Washington, D.C., the United States, on June 17, 2022. (Photo by Ting Shen/Xinhua)
(Xinhua)