Connect with us

Asia

သီရိလင်္ကာနိုင်ငံတွင် လောင်စာဆီပြတ်လပ်နေသည့်ကြားမှ ဈေးနှုန်းများမြင့်တက်နေ

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ ဆီဆိုင်တွင် ဆီဖြည့်ရန် တန်းစီစောင့်ဆိုင်နေသည်ကို မေ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုလံဘို၊ မေ ၂၄ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံပိုင် Ceylon Petroleum Corporation (CPC) ကုမ္ပဏီက နိုင်ငံအတွင်း လောင်စာဆီပြတ်လပ်မှု ဆက်လက်ဖြစ်ပွားနေသည့်ကြားမှ မေ ၂၄ ရက်၌ လောင်စာဆီဈေးနှုန်းကို ထပ်မံတိုးမြှင့်လိုက်ကြောင်း သိရသည်။မေ ၂၃ ရက် ညပိုင်း၌ ပြုလုပ်သော အစိုးရအဖွဲ့ဝန်ကြီးများ အစည်းအဝေးတွင် လောင်စာဆီဈေးနှုန်း ဖော်မြူလာနှင့် ဈေးနှုန်းများကို တိုးမြှင့်ရန် သဘောတူခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး Kanchana Wijesekera က ပြောခဲ့သည်။

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ ဆီဆိုင်တွင် ရေနံဆီဝယ်ယူရန် နာရီများစွာကြာ တန်းစီစောင့်ဆိုင်းနေသူများအား မေ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နောက်ဆုံးမြှင့်တင်လိုက်သော ဈေးနှုန်းသည် 92 အောက်တိန်း တစ်လီတာလျှင် သီရိလင်္ကာငွေ ရူပီး ၈၂ တိုးမြှင့်လိုက်ရာ ရူပီး ၄၂၀ ဖြစ်သွားခဲ့ပြီး 95 အောက်တိန်း တစ်လီတာလျှင် ၇၇ ရူပီး ဈေးမြှင့်လိုက်သဖြင့် ရူပီး ၄၅၀ ဖြစ်သွားခဲ့ကြောင်း သိရသည်။

ထို့ပြင် အော်တိုဒီဇယ်ကိုလည်း တစ်လီတာလျှင် ၁၁၁ ရူပီး ဈေးနှုန်းမြှင့်တင်လိုက်ခြင်းကြောင့် ရူပီး ၄၀၀ အထိ ရောက်ရှိသွားခဲ့ပြီး စူပါဒီဇယ်ကိုမူ တစ်လီတာလျှင် ၁၁၆ ရူပီး တိုးမြှင့်လိုက်သဖြင့် ၄၄၅ ရူပီး ဖြစ်သွားခဲ့ကြောင်း သိရသည်။

နောက်ထပ် လောင်စာဆီ ဖြန့်ဖြူးရောင်းချသူ Lanka IOC ကလည်း CPC နှင့် ကိုက်ညီမှုရှိစေရန် ၎င်းတို့ဈေးနှုန်းများကိုလည်း မြှင့်တင်သွားမည်ဟု ဆိုသည်။သီရိလင်္ကာနိုင်ငံသည် ယခင်လအနည်းငယ်က လောင်စာဆီပြတ်လပ်မှုကြောင့် နိုင်ငံခြားငွေကြေး ဆိုးဝါးစွာရှားပါးမှုနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။
သီရိလင်္ကာရဲတပ်ဖွဲ့သည် ဒီဇယ် သို့မဟုတ် ဓာတ်ဆီများအား ပြန်လည်ရောင်းချရန် သိုလှောင်သည့်မည်သူ့ကိုမဆို ဖမ်းဆီးရန် နိုင်ငံတစ်ဝန်း စတင်ခဲ့ကြောင်း သိရသည်။ (အမေရိကန် ၁ ဒေါ်လာလျှင် သီရိလင်္ကာငွေရူပီး ၃၆၀.၂၁ နှင့်ညီမျှသည်) (Xinhua)

………………………………………………

(English Version)

Sri Lanka increases fuel prices again amid shortage
Source: XinhuaEditor: huaxia2022-05-24 12:10:13
COLOMBO, May 24 (Xinhua) — Sri Lanka’s state-owned Ceylon Petroleum Corporation (CPC) has once again increased its fuel prices from Tuesday morning as the fuel shortage continues in the country.
Minister of Power and Energy Kanchana Wijesekera said the cabinet of ministers meeting on Monday night agreed on a fuel price formula and the prices were increased based on that.
With the latest price hike, the price of a liter of 92 octane petrol rose by 82 Sri Lankan rupees to 420 rupees, and a liter of 95 octane petrol increased by 77 rupees to 450 Sri Lankan rupees.
Meanwhile, a liter of auto diesel increased by 111 rupees to 400 rupees, and a liter of super diesel increased by 116 rupees to 445 rupees.
Another main fuel distributor Lanka IOC also announced that it will increase prices to match CPC prices.
Sri Lanka has been facing a severe foreign exchange shortage which has led to fuel shortages for the last few months.
Sri Lankan police have started islandwide raids to arrest any person hoarding diesel or petrol for resale. (1 U.S. dollar equals 360.21 Sri Lankan rupees)■
Photo 1 : People wait in line to get fuel at a gas station in Colombo, Sri Lanka, on May 20, 2022.(Xinhua/Tang Lu)
Photo 2 : People wait in line for hours to buy kerosene at a petrol station in Colombo, Sri Lanka, on May 19, 2022.(Photo by Ajith Perera/Xinhua)