Connect with us

Eastern Europe

ရုရှားက ရည်မှန်းချက်ပန်းတိုင်အားလုံး မရောက်မချင်း ယူကရိန်းနိုင်ငံတွင် အထူးစစ်ဆင်ရေး ဆက်လုပ်မည်ဟု ကာကွယ်ရေးဝန်ကြီးပြော

ယူကရိန်းစစ်သားများကို တင်ဆောင်သွားသော ယာဉ်တန်း မာရီယူပိုးလ်မြို့မှ ထွက်ခွာသွားသည်ကို မေ ၂၀ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ မေ ၂၅ ရက်(ဆင်ဟွာ)

ယူကရိန်းနိုင်ငံသို့ အနောက်နိုင်ငံများ၏ အကူအညီများ တိုးလာပြီး ရုရှားနိုင်ငံအား ပိတ်ဆို့အရေးယူမှုများ ရှိနေသော်လည်း ယူကရိန်းနိုင်ငံတွင် ရုရှားနိုင်ငံ၏ အထူးစစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က မေ ၂၄ ရက်တွင် ပြောကြားခဲ့သည်။“ယူကရိန်းနိုင်ငံကို အနောက်နိုင်ငံတွေက ကြီးကြီးမားမား အကူအညီတွေ ပေးပြီးတော့ ရုရှားနိုင်ငံကို ပိတ်ဆို့အရေးယူမှု ဖိအားတွေ ရှိနေပေမယ့်လဲ ရည်မှန်းချက်တွေအားလုံး ပြည့်မီတဲ့အထိ အထူးစစ်ဆင်ရေးကို ဆက်လုပ်သွားမှာပါ။”ဟု စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့ ကာကွယ်ရေးဝန်ကြီးများကောင်စီ၏ အစည်းအဝေး၌ ရုရှားကာကွယ်ရေးဝန်ကြီး၏ ပြောကြားချက်ကို ကိုးကား၍ ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။

အရပ်သားများ စစ်အတွင်းသေဆုံးမှုကို ရှောင်ရှားရန် ယူကရိန်းနိုင်ငံအတွင်း ရုရှားနိုင်ငံက ၄င်းတို့၏ ထိုးစစ်ဆင်ရေးအား ရည်ရွယ်ချက်ရှိရှိ အရှိန်လျှော့ချခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

“အသံတိတ်စနစ်ကို စပြီးလုပ်ဆောင်နေပြီးတော့ အနီးအနားက ကျေးရွာတွေက အရပ်သားတွေ ပြောင်းရွှေ့ဖို့အတွက် လူသားချင်းစာနာထောက်ထားမှုစင်္ကြံတွေ ဖန်တီးပေးနေပါတယ်။”ဟု ရုရှားကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသည် ဖေဖော်ဝါရီလ ၂၄ ရက်တွင် ယူကရိန်းနိုင်ငံအတွင်း ၎င်းတို့၏ အထူးစစ်ဆင်ရေးကို စတင်ခဲ့ကြောင်း သိရသည်။ (Xinhua)

————————
(English Version)

Russia to continue special military operation in Ukraine until all goals met: DM
MOSCOW, May 24 (Xinhua) — Russia will continue its special military operation in Ukraine despite the sanctions and increased Western assistance to Kiev, Russian Defense Minister Sergei Shoigu said Tuesday.
“We will continue the special military operation until all objectives are accomplished, despite the large-scale Western assistance to Kiev, and the sanctions pressure on Russia,” local media reported, citing Shoigu during a meeting of the Council of Defense Ministers of the Collective Security Treaty Organization.
Shoigu added that Russia was intentionally slowing its offensive in Ukraine “to avoid civilian casualties.”
“Silence regimes are being introduced and humanitarian corridors are being created for the evacuation of civilians from nearby settlements,” he said.
Russia started its special military operation in Ukraine on Feb. 24. ■
Photo – Vehicles carrying service members of the Ukrainian armed forces leave Mariupol, May 20, 2022. (Photo by Victor/Xinhua)