Connect with us

Science & Technology

ရဝမ်ဒါနိုင်ငံက တရုတ်နိုင်ငံ၏ ကူညီပံ့ပိုးမှုဖြင့် ဓာတ်အားပေးစက်ရုံတည်ဆောက်မှု စတင်

ရဝမ်ဒါနိုင်ငံရှိ Nyabarongo II ရေအားလျှပ်စစ်စက်ရုံ အုတ်မြစ်ချအခမ်းအနားအား မေ ၂၁ ရက်တွင် တွေ့ရစဉ် (China's Sinohydro/Handout via Xinhua)

ကီဂါလီ ၊ မေ ၂၄ ရက်(ဆင်ဟွာ)

ရဝမ်ဒါနိုင်ငံ အစိုးရက ၂၀၂၄ ခုနှစ်တွင် လူတိုင်းလျှပ်စစ်မီးသုံးစွဲနိုင်ရေးအတွက် နိုင်ငံ၏ ကြိုးပမ်းမှုများအား မြှင့်တင်ရန် ရည်မှန်းသည့် ၄၃ ဒသမ ၅ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံတည်ဆောက်ခြင်းကို စတင်ခဲ့ကြောင်း သိရသည်။တရုတ်နိုင်ငံ၏ ကူညီပံ့ပိုးမှုဖြင့် Nyabarongo II ရေအားလျှပ်စစ်စက်ရုံသည် ရဝမ်ဒါနိုင်ငံ၏ မြောက်ပိုင်း နှင့် တောင်ပိုင်း ပြည်နယ်များ ဆုံရာ Nyabarongo မြစ်ပင်မလမ်းကြောင်းပေါ်ရှိ ဘက်စုံသုံးဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတစ်ခု ဖြစ်ကြောင်း သိရသည်။

ရဝမ်ဒါနိုင်ငံရှိ Nyabarongo II ရေအားလျှပ်စစ်စက်ရုံ အုတ်မြစ်ချအခမ်းအနားတွင် ရဝမ်ဒါနိုင်ငံသားများက ရိုးရာအကများဖြင့် ကပြတင်ဆက်နေသည်ကို မေ ၂၁ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ Sinohydro က တည်ဆောက်မည့် စက်ရုံသည် ပင်မလျှပ်စစ်ဓာတ်အားပေး စက်ရုံများနှင့် ဆက်ထားသော ဓာတ်အားလိုင်းကွန်ရက်သို့ ပေါင်းထည့်မည့် ၁၄ ဒသမ ၅ မဂ္ဂါဝပ် ယူနစ်သုံးခု ပါဝင်မည် ဖြစ်သည်။ ယင်းစီမံကိန်းအား တရုတ်နိုင်ငံ Export-Import ဘဏ်မှ သက်သာသောချေးငွေတစ်ရပ်ဖြင့် ငွေကြေးထောက်ပံ့မတည်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်စွမ်း တိုးလာတဲ့အပြင် ဒီစီမံကိန်းက လုပ်ငန်းကြိုးပမ်းမှုကုန်ကျစရိတ်ကို လျှော့ချဖို့ နဲ့ ယုံကြည်စိတ်ချရပြီးတော့ တတ်နိုင်တဲ့လျှပ်စစ် ဓာတ်အား တိုးတက်ရရှိခြင်းကနေ လူနေမှုဘဝ တိုးတက်ဖို့ ကျွန်တော်တို့ အားထားပါတယ်။”ဟု ရဝမ်ဒါစွမ်းအင်အုပ်စု၏ ကုမ္ပဏီခွဲ စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်ပိုရေးရှင်းလီမိတက်၏ ဦးဆောင်ညွှန်ကြားရေးမှူး Felix Gakuba က မေ ၂၁ ရက်တွင် ပြုလုပ်ခဲ့သည့် အုတ်မြစ်ချပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

ရဝမ်ဒါနိုင်ငံရှိ Nyabarongo II ရေအားလျှပ်စစ်စက်ရုံ အုတ်မြစ်ချအခမ်းအနားတွင် မြောက်ပိုင်းပြည်နယ်အုပ်ချုပ်ရေးမှူး Dancille Nyirarugero က အမှာစကားပြောကြားနေသည်ကို မေ ၂၁ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

စီမံကိန်းအား ငွေကြေးထောက်ပံ့မတည်ရန် ရဝမ်ဒါနိုင်ငံ နှင့် တရုတ်နိုင်ငံတို့အကြား ကောင်းမွန်သော ဆက်ဆံရေးအပေါ် ၄င်းက အသိအမှတ်ပြုကျေးဇူးတင်ခဲ့သည်။

အဆိုပါစီမံကိန်းသည် ပင်မလျှပ်စစ်ဓာတ်အားပေး စက်ရုံများနှင့် ဆက်ထားသော ဓာတ်အားလိုင်းကွန်ရက်သို့ လျှပ်စစ်ဓာတ်အားထပ်ပေါင်းထည့်ရန် နှင့် လူတိုင်းလျှပ်စစ်မီးသုံးစွဲနိုင်ရေး အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများအား မြှင့်တင်ပေးရုံသာမက လျှပ်စစ်ဓာတ်အားအခွန်အခများ လျှော့ချရေးအား ပံ့ပိုးဖြည့်ဆည်းပေးရနအတွက် မျှော်လင့်ကြောင်း ဦးဆောင်ညွှန်ကြားရေးမှူး Felix Gakuba က ပြောကြားခဲ့သည်။
Gakenke ၊ Rulindo နှင့် Kamonyi ခရိုင် ၃ ခရိုင်တွင် စီးပွားရေးလှုပ်ရှားမှုများ တိုးတက်များပြားလာစေခြင်း နှင့် အလုပ်အကိုင်များဖန်တီးပေးခြင်းမှတစ်ဆင့် ရဝမ်ဒါနိုင်ငံသားများ၏ အသက်မွေးဝမ်းကြောင်းအား တိုက်ရိုက်အကျိုးသက်ရောက်နိုင်မည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ဒေသခံ ၁,၀၀၀ ကျော်အား အလုပ်ခန့်အပ်သွားမည် ဖြစ်ကြောင်း စီမံကိန်းမန်နေဂျာ Li Jianguo ၏ ပြောကြားချက်အရ သိရသည်။

စီမံကိန်းပြီးစီးမည့်ကာလမှာ ၅၆ လ ကြာမြင့်မည်ဖြစ်ပြီး ၂၀၂၇ ခုနှစ်တွင် ပြီးစီးရန် သတ်မှတ်ထားသော်လည်း ဦးဆောင်ညွှန်ကြားရေးမှူး Felix Gakuba က သတ်မှတ်ရက်ထက် စောကာ စီမံကိန်းအား ပြီးစီးစေရန် ကန်ထရိုက်တာများ နှင့် အခြားအစုရှယ်ယာပါဝင်သည့် ကုမ္ပဏီများအား တိုက်တွန်းခဲ့ကြောင်း သိရသည်။

ရဝမ်ဒါနိုင်ငံရှိ တရုတ်နိုင်ငံသံရုံးယာယီတာဝန်ခံ Wang Jiaxin က စီမံကိန်းစတင်ခြင်းသည် သမိုင်းမှတ်တိုင်တစ်ခုဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ယင်းမှာ ရဝမ်ဒါနိုင်ငံ၌ တည်ဆောက်မည့် တရုတ်ဘဏ္ဍာရေးအဖွဲ့အစည်းတစ်ခု၏ ငွေကြေးထောက်ပံ့မတည်မှု ဖြစ်ပြီး တရုတ်အစိုးရက ပံ့ပိုးပေးမည့် အကြီးဆုံး စီမံကိန်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“တရုတ်ကန်ထရိုက်တာတွေက ရဝမ်ဒါအင်ဂျင်နီယာတွေ ၊ နည်းပညာရှင်တွေနဲ့ တွဲဖက် လုပ်ဆောင်သွားမှာ ဖြစ်ပြီးတော့ တည်ဆောက်ရေး လုပ်ငန်းစဉ်အတွင်းမှာ ရဝမ်ဒါအင်ဂျင်နီယာတွေနဲ့ နည်းပညာရှင်တွေကို တရုတ်အင်ဂျင်နီယာတွေနဲ့ နည်းပညာရှင်တွေက လေ့ကျင့်ပေးသွားမှာ ဖြစ်ပါတယ်။”ဟု Wang Jiaxin က ပြောကြားခဲ့သည်။
“ပြီးစီးသွားတဲ့အခါကြရင် စီမံကိန်းက ရဝမ်ဒါနိုင်ငံသားတွေ လျှပ်စစ်မီး ရရှိဖို့ ၊ ကလေးတွေ အင်တာနက်ကနေတစ်ဆင့် စာသင်ကြားလေ့လာဖို့ ကူညီပေးသွားနိုင်မှာ ဖြစ်ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။”ဒါက ရဝမ်ဒါနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာနဲ့ ကိုက်ညီပါတယ်။”ဟု ဆိုသည်။

သံရုံးယာယီတာဝန်ခံ Wang Jiaxin က Musanze အဆင့်မြင့်ပညာကောလိပ် နှင့် Masaka ဆေးရုံကဲ့သို့သော ရဝမ်ဒါနိုင်ငံရှိ တရုတ်နိုင်ငံက ပံ့ပိုးပေးခဲ့သည့် အခြားစီမံကိန်းအချို့နှင့်ပတ်သက်၍ အလေးထားပြောကြားခဲ့ကြောင်း သိရသည်။

တရုတ်ကန်ထရိုက်တာများအား Nyabarongo II ရေအားလျှပ်စစ်စက်ရုံစီမံကိန်း အောင်မြင်စွာပြီးစီးစေရေးအတွက် ရဝမ်ဒါကန်ထရိုက်တာများနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ၎င်းက တိုက်တွန်းခဲ့သည်။ရဝမ်ဒါနိုင်ငံ မြောက်ပိုင်းပြည်နယ်အုပ်ချုပ်ရေးမှူး Dancille Nyirarugero က တရုတ်နိုင်ငံအား ရဝမ်ဒါနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု နှင့် စီမံကိန်းအဆင့်အချို့အကောင်အထည်ဖော်မှုတို့အတွက် ချီးကျူးခဲ့ကြောင်း သိရသည်။

ယင်းစီမံကိန်းသည် စွမ်းအင် နှင့် သန့်ရှင်းရေအား ထောက်ပံ့ပေးခြင်းသာမက မြေဆီလွှာတိုက်စားမှုကိုလည်း ထိန်းသိမ်းပေးရာတွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဆင်းရဲနွမ်းပါးမှုလျော့ကျရေးတွင် စွမ်းအင်၏ အခန်းကဏ္ဍအား အလေးပေးကာ အုပ်ချုပ်ရေးမှူး Dancille Nyirarugero က ဒေသခံများအား လုပ်ငန်းသုံးပစ္စည်းများစောင့်ကြပ်ခြင်း အပါအဝင် ထိရောက်သောအကောင်အထည်ဖော်မှုကို သေချာစေရန် စီမံကိန်းအား တာဝန်ခံရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

ယင်းမှာ ရဝမ်ဒါနိုင်ငံသားများအားလုံး၏ အကျိုးစီးပွားအတွက် နိုင်ငံတော်အဆင့် စီမံကိန်းတစ်ခု ဖြစ်ပြီး လူတိုင်း၏ ဝိုင်းဝန်းကူညီမှု လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

စီမံကိန်းမှ အလုပ်အကိုင် ရရှိခဲ့သည့် ရဝမ်ဒါနိုင်ငံသားများ ဝင်ငွေဖြစ်ပေါ်စေသည့် စီမံကိန်းများတွင် လုပ်ခအရင်းစိုက်ခြင်း နှင့် ၎င်းတို့၏ မိသားစုဝင်များအတွက် ကျန်းမာရေးအာမခံပေးခြင်းတို့ဖြင့် ၎င်းတို့၏ လူမှုဘဝဖူလုံရေး မြှင့်တင်နိုင်မည် ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး Dancille Nyirarugero က ဖြည့်စွက်ပြောကြားခဲ့သည်။

Gakenke ခရိုင်၏ မြို့တော်ဝန် Jean Marie Nizeyimana က စီမံကိန်းတည်နေရာ နှင့် ပစ္စည်းကိရိယာ တန်ဆာပလာများအား ကာကွယ်စောင့်ရှောက်ရာတွင် ပံ့ပိုးကူညီသွားမည်ဟု ကတိပြုခဲ့သည်။

ခရိုင်ခေါင်းဆောင်မှုသည် စီမံကိန်းတည်နေရာ၏ လှုပ်ရှားမှုများအားလုံးကို ရေရှည်တည်တံ့စေမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပြီး ဒေသခံများအနေဖြင့် စီမံကိန်းတည်နေရာတစ်ဝိုက် လှုပ်ရှားမှုများအားလုံးပေါ်တွင် ဆုတ်ယုတ်လျော့ပါးခြင်းမဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

စီမံကိန်းမန်နေဂျာ Li က ဓာတ်အားပေးစက်ရုံစီမံကိန်းသည် ရဝမ်ဒါနိုင်ငံအတွက် ၂၀၅၀ ခုနှစ်တွင် COP26 ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ရည်မှန်းချက်များအား အောင်မြင်အောင် စွမ်းဆောင်နိုင်ရန် ကူညီပေးမည် ဖြစ်ကြောင်း ၊ ဆည်တည်ရှိရာနေရာ မြစ်အောက်ပိုင်း ရေလွှမ်းမိုးမှုထိန်းချုပ်ရေးစံနှုန်း မြှင့်တက်လာမည် ဖြစ်ကာ မြစ်အောက်ပိုင်းစိုက်ပျိုးမြေ ဟက်တာ ၂၀,၀၀၀ ဖြစ်ပေါ်စေပြီး ယင်းဧရိယာတွင် ငါးဖမ်းလုပ်ငန်း နှင့် ခရီးသွားလုပ်ငန်း လှုပ်ရှားမှုများ တိုးတက်လာမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

————————————–
(English Version)

Rwanda launches construction of China-supported power plant
KIGALI, May 23 (Xinhua) — The Rwandan government has launched the construction of a 43.5 MW power plant expected to boost the country’s efforts to ensure universal access to electricity by 2024.
The China-supported Nyabarongo II Hydropower Plant is a multipurpose development project on the main course of the Nyabarongo River, at the junction of Rwanda’s Northern and Southern provinces.
The plant, to be built by China’s Sinohydro, will comprise three 14.5 MW units to be added to the national grid. The project is financed by a concessional loan from the Export-Import Bank of China.
“Besides increasing power generation capacity, we count on this project to reduce the cost of doing business, and improve the quality of life of the population through increased access to reliable, affordable power,” said Felix Gakuba, managing director of Rwanda’s Energy Development Corporation Limited, a subsidiary of Rwanda Energy Group, during a groundbreaking ceremony Saturday.
He appreciated the good relations between Rwanda and China that led to the financing of the project.
This project is expected to add energy to the national grid and boost government efforts to achieve universal access to power, as well as contribute to the reduction of power tariffs, Gakuba said.
It will directly impact the livelihood of Rwandans through the creation of jobs and increased economic activities in the three districts of Gakenke, Rulindo and Kamonyi, he added.
More than 1,000 local residents will be employed, according to Li Jianguo, the project’s manager.
The completion date was set for 2027 with 56 months, but Gakuba urged the contractors and other stakeholders to aim at completing the project ahead of the set completion date.
Wang Jiaxin, charge d’affaires ad interim of the Chinese Embassy in Rwanda, described the project launch as a milestone.
He said this is the largest project to be supported by the Chinese government and financed by a Chinese financial institution to be built in Rwanda.
“Chinese contractors will be working alongside Rwandan engineers and technicians and in the process, more Rwandan engineers and technicians will be trained by their Chinese counterparts,” Wang said.
“Upon its completion, the project will enable more Rwandans to get electricity, help children to study through the internet,” he said. “It is in line with Rwanda’s development strategy.”
Wang also highlighted several other projects supported by China in Rwanda, such as Musanze polytechnic and Masaka Hospital.
He urged Chinese contractors to cooperate with Rwandan counterparts to ensure the successful completion of the Nyabarongo II Hydropower Plant project.
Dancille Nyirarugero, governor of Rwanda’s Northern Province, commended China for its cooperation with Rwanda and the implementation of the project in several phases.
She said the project will play an important role in providing power and clean water, as well as controlling soil erosion.
Stressing the role of power in poverty alleviation, Nyirarugero urged residents to own up the project to ensure its effective implementation, including guarding the work equipment.
This is a national project, in the interest of all Rwandans, requiring everybody’s support, she said.
Rwandans who have got jobs from the project will be able to improve their welfare by investing money in income-generating projects and paying health insurance for their families, Nyirarugero added.
Jean Marie Nizeyimana, mayor of Gakenke district, pledged support in protecting the project site and equipment.
The district leadership will ensure the sustainability of all activities of the project site, he said, calling on residents to ensure erosion control on the hills around the project site.
Li, the project manager, said the power plant project will help Rwanda achieve its COP26 UN climate change targets by 2050, raise the flood control standard downstream of the dam site, create 20,000 hectares of agricultural land downstream, and increase fishing and tourism activities in the area. ■
Photo 1 – Photo taken on May 21 shows the site of the Nyabarongo II Hydropower Plant groundbreaking ceremony. (China’s Sinohydro/Handout via Xinhua)
Photo 2 – Rwandan dancers perform traditional dances to celebrate the groundbreaking ceremony of the Nyabarongo II Hydropower Plant, Rwanda, on May 21, 2022. (Xinhua/Ji Li)
Photo 3 – Dancille Nyirarugero, governor of Rwanda’s Northern Province, delivers a speech at the groundbreaking ceremony of the Nyabarongo II Hydropower Plant, Rwanda, on May 21, 2022. (Xinhua/Ji Li)