Africa & Middle East
ရုရှားက နယ်စပ်နယ်နိမိတ်မျဉ်းသတ်မှတ်ခြင်းနှင့် ရေးဆွဲခြင်းအတွက် အဇာဘိုင်ဂျန်နှင့် အာမေးနီးယားတို့နှင့် အကြံပြုဆွေးနွေးရန်အသင့်ရှိဟုဆို
ဗာကူး၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)
အဇာဘိုင်ဂျန်နိုင်ငံသို့ တရားဝင်ခရီးစဉ်အနေဖြင့် ရောက်ရှိနေသော ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov သည် နယ်စပ်များ နယ်နိမိတ်မျဉ်းသတ်မှတ်ခြင်းနှင့် နယ်နိမိတ်မျဉ်းရေးဆွဲခြင်းအတွက် အဇာဘိုင်ဂျန်နိုင်ငံနှင့် အာမေးနီးယားနိုင်ငံတို့နှင့် အကြံပြုဆွေးနွေးရန် အသင့်ရှိကြောင်း ဇွန် ၂၃ ရက်တွင် ပြောကြားခဲ့သည်။
ရုရှားအနေဖြင့် နယ်စပ်များ၏ နယ်နိမိတ်မျဉ်း ပိုင်းခြားသတ်မှတ်ခြင်းနှင့် နယ်နိမိတ်မျဉ်းရေးဆွဲခြင်း ဆောင်ရွက်ရန် အဇာဘိုင်ဂျန် နှင့် အာမေးနီးယား ကော်မရှင်များကို အတူတကွလုပ်ဆောင်ရေးအတွက် အကြံပြုဆွေးနွေးရန် အသင့်ရှိသည်ဟု Lavrov က အဇာဘိုင်ဂျန် သမ္မတ Ilham Aliyev နှင့် ဗားကူးမြို့၌ တွေ့ဆုံရာတွင် ပြောကြားခဲ့ကြောင်း အစိုးရသတင်းဌာန AZERTAC မှ သတင်းအရ သိရသည်။
“ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဆီမှာ အခိုင်အမာ အဆိုပြုချက်တွေရှိတယ်။ ကျွန်တော်အနေနဲ့ ဒါတွေကို သမ္မတကြီးနဲ့ ဆွေးနွေးဖို့ အလွန်ပဲဝမ်းသာမှာပါ’’ ဟု Lavrov က သမ္မတ Aliyev အားပြောကြားခဲ့သည်။
Lavrov သည် အဇာဘိုင်ဂျန်၊ ရုရှားနှင့် အာမေးနီးယား သုံးနိုင်ငံအလုပ်အဖွဲ့၏ ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်လှစ်ဆောင်ရွက်မှုတွင် “သေချာသောတိုးတက်မှု” ကို ထောက်ပြခဲ့သည်။
“၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီလနဲ့ နိုဝင်ဘာလတွေမှာ သုံးနိုင်ငံခေါင်းဆောင်များ လက်မှတ်ရေးထိုးထားခဲ့တဲ့ သဘောတူညီချက်သုံးရပ်ကို အကောင်အထည်ဖော်ရာမှာ အကူအညီဖြစ်စေဖို့ ဖြစ်နိုင်သမျှ အရာအားလုံး လုပ်ဆောင်ဖို့ ကျွန်တော်တို့ အသင့်ရှိနေပါတယ်’’ ဟု ၎င်းက ပြောသည်။
အဇာဘိုင်ဂျန်နိုင်ငံ နှင့် အာမေးနီးယားနိုင်ငံတို့အကြား ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးရေးအပေါ် စေ့စပ်ညှိနှိုင်းမှုများဖြင့် အကူအညီပေးအပ်ရန် ရုရှား၏ ကတိကဝတ်ကိုလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောကြားခဲ့သည်။
“အာမေးနီးယားဘက်က ဝန်ကြီးချုပ် Pashinyan ကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး စေ့စပ်ညှိနှိုင်းမှုတွေလုပ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ကျွန်တော်တို့ ကြားပါတယ်။ အဇာဘိုင်ဂျန်နဲ့ အာမေးနီးယားနိုင်ငံတို့ရဲ့ သဘောတူညီချက်နဲ့အညီ ကျွန်တော်တို့အနေနဲ့ ကူညီဖို့ အသင့်ရှိပါတယ်’’ ဟု Lavrov က ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)
…………………………………….
(English Version)
Moscow ready to consult Baku and Yerevan on border delimitation and demarcation: Lavrov
BAKU, June 23 (Xinhua) — Visiting Russian Foreign Minister Sergei Lavrov on Thursday expressed Moscow’s official readiness to consult Azerbaijan and Armenia on delimitation and demarcation of borders.
At a meeting with Azerbaijani President Ilham Aliyev in Baku, Lavrov said Russia is ready to consult on the work of the Azerbaijani and Armenian commissions that were set up for delimitation and demarcation of borders, according to a report from the local state-run AZERTAC.
“We have concrete proposals in this regard. I will be glad to discuss them with you,” Lavrov told Aliyev.
Lavrov pointed out “certain progress” in the work of the trilateral working group between Azerbaijan, Russia and Armenia on the opening of communications.
“We stand ready to do everything possible to assist in the implementation of the three documents signed by the leaders of the three countries in November of 2020, in January and November of 2021,” he said.
The Russian foreign minister also expressed Moscow’s commitment to providing assistance with the negotiations on the signing of a peace agreement between Baku and Yerevan.
“We heard that the Armenian side, Prime Minister Pashinyan is ready to hold negotiations on this issue. We are ready to help with Azerbaijan’s and Armenia’s consent,” Lavrov added. ■
Photo-Screengrab of official footage shows that Russian Foreign Minister Sergei Lavrov speaks during an online press conference on June 6, 2022.