Connect with us

Europe

အမေရိကန် ဒုံးလောင်ချာစနစ် ယူကရိန်းသို့ရောက်ရှိ၊ အမေရိကန်၌ ယူကရိန်းက ကြေးစားတပ် ခေါ်ယူခြင်းကို အမေရိကန်မှတားဆီးရန် ရုရှားတောင်းဆို

ကူဝိတ်နှင့် အမေရိကန်တို့ ကျင်းပသော စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ခဲ့သည့် ဒုံးကျည်လောင်ချာများအား နိုဝင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံမှ ‌ပေးပို့သည့် ရွှေ့လျားမှုစွမ်းရည်မြင့်မားသော ဒုံးလောင်ချာစနစ် (HIMARS) သည် ယူကရိန်းနိုင်ငံသို့ ရောက်ရှိပြီဖြစ်ကြောင်း ယူကရိန်း ကာကွယ်ရေးဝန်ကြီး Oleksii Reznikov က ဇွန် ၂၃ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်ဆိုင်ရာ ယူကရိန်းသံရုံးမှ ကြေးစားတပ်များ တရားဝင်ခေါ်ယူခြင်း လုပ်ဆောင်ချက်ကို အမေရိကန်အနေဖြင့် တားဆီးရန် အခိုင်အမာတောင်းဆိုကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zakharova က ဇွန် ၂၃ ရက်တွင် ပြောကြားခဲ့သည်။

—— အမေရိကန်မှ ‌ပေးပို့သည့် ရွှေ့လျားမှုစွမ်းရည်မြင့်မားသော ဒုံးလောင်ချာစနစ်(HIMARS)သည် ယူကရိန်းသို့ ရောက်ရှိပြီဖြစ်ကြောင်း Reznikov က ဇွန် ၂၃ ရက်တွင် ဆိုရှယ်မီဒီယာ၌ ရေးသားခဲ့သည်။ သို့သော် ၎င်းက ယခုအကြိမ် အမေရိကန်ပေးပို့သည့် ဒုံးကျည်လောင်ချာနှင့် ခဲယမ်းမီးကျောက် အရေအတွက် ကိုမူ ထုတ်ဖော်ပြောထားခဲ့ခြင်းမရှိပေ။ ယခုတစ်သုတ်တွင် ပါဝင်သောလက်နက်များသည် အမေရိကန်မှ ယူကရိန်းသို့ ပေးပို့သော ကန်ဒေါ်လာ တန်ဖိုး သန်း ၇၀၀ ရှိသည့် လုံခြုံရေးအထောက်အပံ့မှ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရသည်။

—— အမေရိကန်ဆိုင်ရာ ယူကရိန်းသံရုံးမှ ကြေးစားတပ်များ တရားဝင်ခေါ်ယူခြင်း လုပ်ဆောင်ချက်ကို အမေရိကန်အနေဖြင့် တားဆီးရန် ရုရှားက အခိုင်အမာတောင်းဆိုကြောင်းနှင့် ယင်းလုပ်ဆောင်ချက်က ခန့်မှန်း၍မရနိုင်သော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ကြောင်း Zakharova က ဇွန် ၂၃ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်မှ ယင်းလုပ်ဆောင်ချက်ကို လျစ်လျူရှုထားခြင်းက အမေရိကန်အနေဖြင့် ယူကရိန်းအကျပ်အတည်းကို ဖြေရှင်းရန် စိတ်မပါကြောင်းနှင့် ပဋိပက္ခအဆင့်မြင့်တက်ရန် ကူညီခြင်းဖြင့် ရုရှားအပေါ် ဗျူဟာမြောက်အနိုင်ယူရန် ကြိုးပမ်းသည့် ရည်ရွယ်ချက်ကို ထပ်မံပေါ်လွင်စေကြောင်း ၎င်းက ဆိုသည်။

——ရုရှားသည် ဥရောပသို့ စွမ်းအင်ထောက်ပံ့သည့် တာဝန်အားလုံးကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်လျက်ရှိကြောင်း ရုရှား သမ္မတ၏ပြန်ကြားရေး အတွင်းဝန် Dmitry Peskov က ဇွန် ၂၃ ရက်တွင် မီဒီယာများအား ပြောကြားခဲ့သည်။ ရုရှားက Nord Stream ပိုက်လိုင်းမှတဆင့် ဂျာမနီသို့ သဘာဝဓာတ်ငွေ့ ပေးပို့မှု ရပ်တန့်ခြင်းကို ဂျာမနီက စိုးရိမ်နေသည်ဟူသော မေးခွန်းနှင့်ပတ်သက်၍ ဖြေကြားရာတွင် Peskov က ဆယ်စုနှစ်အတွင်း ရုရှားက ဥရောပ၏ ယုံကြည်စိတ်ချရသာ စွမ်းအင်ထောက်ပံ့သူဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဤဂုဏ်ကို ရုရှားအနေဖြင့် အလွန်တန်ဖိုးထားကြောင်းနှင့် မိမိလုပ်ဆောင်ရမည့် တာဝန်ဝတ္တရားကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်လျက်ရှိကြောင်း ၎င်းကပြောကြားခဲ့သည်။

—— ရုရှားစစ်တပ်သည် မြောက်ပိုင်းဒေသ Donetsk နှင့် Toshkovka သို့ ဦးတည်တိုက်ခိုက်နေကြောင်းနှင့် ယူကရိန်းစစ်တပ်သည် အလွန်ခက်ခဲသော အခြေအနေတွင်ရှိနေကြောင်း လူးဟန့်စ်ခ်ဒေသ စစ်ဦးစီးချုပ် Sergei Gede Luhansk က ဇွန် ၂၃ ရက်တွင် ဆိုရှယ်မီဒီယာ၌ ပြောကြားခဲ့သည်။

—— ရုရှားအထူးစစ်ဆင်ရေးလုပ်ဆောင်ပြီးနောက်ပိုင်း ရုရှားတပ်မှ ဖျက်ဆီးခဲ့သည့် ယူကရိန်းစစ်တပ် လေယာဉ် ၂၁၁ စင်း၊ ရဟတ်ယာဉ် ၁၃၂ စင်း၊ မောင်းသူမဲ့လေယာဉ် ၁,၃၂၉ စင်း၊ လေကြောင်းရန်ကာကွယ်ရေးစနစ် ၃၄၉ စုံ၊ တင့်ကားနှင့်သံချပ်ကာယာဉ် ၃,၇၅၀ စီး၊ ဘဇူကာ ဒုံးလောင်ချာ ၆၄၇ လက်၊ အမြောက်နှင့်စိန်ပြောင်း ၂,၀၈၈ လက်၊ စစ်ဘက်သုံးအထူးယာည် ၃,၈၁၈ စီး ရှိပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇွန် ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ (Xinhua)

……………………….
(Chinese Version)
最新动态:美国火箭炮系统运抵乌克兰 俄要求美方制止乌在美招募雇佣兵
新华社北京6月23日电综合新华社驻外记者报道:乌克兰国防部长列兹尼科夫23日说,美国援助的高机动火箭炮系统已运抵乌克兰。俄罗斯外交部发言人扎哈罗娃23日表示,坚决要求美方制止乌克兰驻美国大使馆公开招募雇佣兵的行为。
——列兹尼科夫23日在社交媒体发文说,美国援助的高机动火箭炮系统已运抵乌克兰。但他未透露美国此次援助火箭炮和弹药的数量。这批武器为美向乌提供价值7亿美元的新一轮安全援助的一部分。
——扎哈罗娃23日表示,俄坚决要求美方制止乌克兰驻美国大使馆公开招募雇佣兵的行为,这或将产生不可预测的后果。她说,美方纵容此类活动再次证明华盛顿对解决乌克兰危机毫无兴趣,反而试图助长冲突以实现在战略上击败俄罗斯的目的。
——俄罗斯总统新闻秘书佩斯科夫23日对媒体说,俄方正在严格履行向欧洲供应能源的所有义务。在回答有关德国担心俄方或将停止通过“北溪”管道供气时,佩斯科夫表示,数十年来俄一直是可靠的欧洲能源供应国。俄方珍视这一声望,正在严格履行本国的所有义务。
——卢甘斯克地区军事行政长官谢尔盖·盖代23日在社交媒体上说,俄军正向北顿涅茨克和佐洛特-托什科夫卡方向发动进攻,乌军处境极其困难。
——俄国防部23日发布通报,自开展特别军事行动以来,俄军共摧毁了乌军211架飞机、132架直升机、1329架无人机、349套防空导弹系统、3750辆坦克和其他装甲车、647台多管火箭炮、2088门野战火炮及迫击炮和3818辆特种军用车辆。(参与记者:耿鹏宇、李铭、李东旭)(完)
图说- 科威特与美国等国举行联合军演。11月18日,在科威特杰赫拉省,火箭炮参加“海湾射击2021”联合军演。