Europe
ရုရှားက စစ်မှုထမ်းများအတွက် အသက်ကန့်သတ်ချက်ပယ်ဖျက်
မော်စကို ၊ မေ ၂၆ ရက် (ဆင်ဟွာ)
စာချုပ်အရ စစ်တပ်တွင် တာဝန်ထမ်းဆောင်လိုသူများအတွက် အသက်အရွယ်ကန့်သတ်ချက်အား ပယ်ဖျက်ရန် ရုရှားလွှတ်တော်က မေ ၂၅ ရက်တွင် ဥပဒေမူကြမ်းတစ်ရပ်ကို ခွင့်ပြုခဲ့ကြောင်း သိရသည်။
ယခင်က အသက် ၁၈ နှစ်မှ ၄၀ နှစ်အတွင်း ရုရှားနိုင်ငံသားများ နှင့် အသက် ၁၈ နှစ်မှ ၃၀ နှစ်အတွင်း နိုင်ငံခြားသားများသည် စစ်မှုထမ်းခြင်းအတွက် ပထမစာချုပ်သက်တမ်းအား အဆုံးသတ်ခွင့်ရှိခဲ့သည်။ ယခုအခါတွင် အသက်အရွယ်ကြီးရင့်သော ရုရှားနိုင်ငံသားများ နှင့် နိုင်ငံခြားသားများသည် အလုပ်လုပ်နိုင်သည့် အသက်အရွယ်ကုန်ဆုံးသည်အထိ စာချုပ်အရ တာဝန်ထမ်းဆောင်နိုင်မည် ဖြစ်ကြောင်း ရုရှားနိုင်ငံ၏ အောက်လွှတ်တော် ဖြစ်သည့် ဒူးမားလွှတ်တော်က ပြောကြားခဲ့သည်။
အဆိုပါ ဥပဒေမူကြမ်းကို လက်ခံခြင်းသည် စစ်မှုထမ်းဆောင်ရန် အထူးကျွမ်းကျင်သူများအား ပိုမိုဆွဲဆောင်နိုင်ရန် အလားအလားရှိမည် ဖြစ်ကြောင်း ဒူးမားလွှတ်တော်၏ ကာကွယ်ရေးကော်မတီ ဥက္ကဋ္ဌ နှင့် ဥပဒေမူကြမ်းအား စတင်တင်သွင်းသူ Andrei Kartapolov က ပြောကြားခဲ့သည်။
ရှင်းလင်းဖော်ပြချက်တွင် လက်နက်များနှင့် စစ်ဘက်ဆိုင်ရာပစ္စည်းကိရိယာများ၏ လုပ်ဆောင်ပုံ နှင့် တိကျမှုမြင့်မားသည့် လက်နက်များအား အသုံးပြုခြင်းအတွက် အလွန်ပညာရှင်ပီသသောအထူးကျွမ်းကျင်သူများ လိုအပ်ကြောင်း ၊ ယင်းနယ်ပယ်တွင် ကျွမ်းကျင်အတတ်ပညာရှင်သည် များသောအားဖြင့် အသက် ၄၀ နှစ်မှ ၄၅ နှစ်အတွင်း ဖြစ်သည်ကို အတွေ့အကြုံက ပြနေကြောင်း ပြောကြားခဲ့သည်။(Xinhua)
…………………………………………..
(English Version)
Russia cancels upper age limit for military personnel
The adoption of this bill will make it possible to attract more specialists to the military service.
MOSCOW, May 25 (Xinhua) — The Russian parliament passed a bill on Wednesday to scrap the upper age limit for those who want to serve in the army under a contract.
Previously, Russian citizens aged 18-40 and foreigners aged 18-30 were entitled to conclude the first contract for military service. Now those who are older will be able to serve under a contract until the end of the working age, said Russia’s lower parliament house the State Duma.
The adoption of this bill will make it possible to attract more specialists to the military service, said Andrei Kartapolov, co-author of the initiative and chairman of the Defense Committee of the State Duma.
An explanatory note said highly professional specialists are needed for the use of high-precision weapons, and the operation of weapons and military equipment, while experience shows that professionals in that area are usually in the age range of 40-45. ■
Photo – Servicemen march during the Victory Day military parade to mark the 77th anniversary of the victory in the Great Patriotic War on Red Square in Moscow, Russia, May 9, 2022. (Xinhua/Bai Xueqi)