Connect with us

Europe

တရုတ်-ရုရှား မဟာဗျူဟာမြောက် ပူးတွဲလေကြောင်းကင်းလှည့်ခြင်းသည် အခြားတတိယတစ်ဖက်အား ဦးတည်ခြင်းမဟုတ်ဟု တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောကြား

ရုရှားနိုင်ငံ ပီတာမဟာပင်လယ်ကွေ့အနီး ပင်လယ်နှင့်ဝေဟင်တွင် တရုတ်-ရုရှား“Joint Sea-2021”ပူးတွဲစစ်ရေးလေ့ကျင့်စဉ် တရုတ်ရေတပ်သင်္ဘော လေ့ကျင့်ရေးပင်လယ်ပြင်သို့ ခုတ်မောင်းသွားသည်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ မေ ၂၆ ရက်(ဆင်ဟွာ)

ယခုအကြိမ် လှုပ်ရှားမှုက အခြား တတိယတစ်ဖက်အား ဦးတည်ခြင်းမဟုတ်သလို လက်ရှိနိုင်ငံတကာနှင့်ဒေသရေးရာအခြေအနေနှင့်သက်ဆိုင်မှုမရှိကြောင်း တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝူချန်းက မေ ၂၄ ရက်တွင် တရုတ်-ရုရှား မဟာဗျူဟာမြောက် ပူးတွဲလေကြောင်း ကင်းလှည့်ခြင်းအပေါ် သတင်းထောက်များ၏ မေးမြန်းမှုအား တုန့်ပြန် ဖြေကြားခဲ့သည်။

ရုရှားနိုင်ငံ ပီတာမဟာပင်လယ်ကွေ့အနီး ပင်လယ်နှင့်ဝေဟင်တွင် တရုတ်-ရုရှား“Joint Sea-2021”ပူးတွဲစစ်ရေးလေ့ကျင့်စဉ် တရုတ်-ရုရှားရေတပ်သင်္ဘောအုပ်စု ရေပေါ်မိုင်းရှင်းလင်းရေးလေ့ကျင့်ခန်း လုပ်နေသည်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရုရှားနိုင်ငံ ပီတာမဟာပင်လယ်ကွေ့အနီး ပင်လယ်နှင့်ဝေဟင်တွင် တရုတ်-ရုရှား“Joint Sea-2021”ပူးတွဲစစ်ရေးလေ့ကျင့်စဉ် ရုရှားရဟတ်ယာဉ်က တရုတ်ရေတပ် နန်ချန်းရဟတ်ယာဉ်တင်သင်္ဘောသို့ ဆင်းသက်ခြင်း လေ့ကျင့်ခန်းပြုလုပ်နေသည်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရုရှားနိုင်ငံ ပီတာမဟာပင်လယ်ကွေ့အနီး ပင်လယ်နှင့်ဝေဟင်တွင် တရုတ်-ရုရှား“Joint Sea-2021”ပူးတွဲစစ်ရေးလေ့ကျင့်စဉ် တရုတ်ရဟတ်ယာဉ် နန်ချန်းသင်္ဘောမှ ပျံသန်းခြင်း လေ့ကျင့်ခန်းပြုလုပ်နေသည်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-ရုရှား နှစ်နိုင်ငံ လေတပ်သည် မေ ၂၄ ရက်က ၂၀၂၂ ခုနှစ်တွင် ကျင်းပသည့် နှစ်စဉ် ပုံမှန် မဟာဗျူဟာမြောက် ပူးတွဲလေကြောင်း ကင်းလှည့်ခြင်းပြုလုပ်ခဲ့ကြောင်း ဝူချန်းက ပြောကြားခဲ့သည်။ ၎င်းမှာ ၂၀၁၉ ခုနှစ်မှစ၍ နှစ်နိုင်ငံ လေတပ် ပူးတွဲဆောင်ရွက်သော စတုတ္ထအကြိမ်မြောက် မဟာဗျူဟာမြောက် ကင်းလှည့်ခြင်း ဖြစ်ရာ နှစ်နိုင်ငံလေတပ်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းကို စမ်းသပ်ရန်နှင့် နှစ်နိုင်ငံစစ်တပ်၏မဟာဗျူဟာမြောက် အပြန်အလှန်ယုံကြည်ခြင်းနှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်ခြင်းကို မြှင့်တင်ဆောင်ရွက်ရန် ရည်ရွယ်ကြောင်း၊ ယခုအကြိမ်လှုပ်ရှားမှုသည် အခြား တတိယတစ်ဖက်ကို ဦးတည်ခြင်း၊ လက်ရှိနိုင်ငံတကာနှင့်ဒေသရေးရာအခြေအနေနှင့်သက်ဆိုင်မှုမရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

……………………………………
(Chinese Version)
国防部:中俄联合空中战略巡航不针对第三方
2022-05-25 19:44:00
新华社北京5月25日电(记者张汨汨)国防部新闻发言人吴谦24日就中俄联合空中战略巡航回答记者提问时表示,此次行动不针对第三方,与当前国际和地区局势无关。
吴谦说,5月24日,中俄两国空军实施2022年度例行性联合空中战略巡航。这是自2019年以来两国空军联合实施的第四次战略巡航,目的是检验提升两国空军协作水平,推进两军战略互信和务实合作。此次行动不针对第三方,与当前国际和地区局势无关。(完)

图说1: 2021年10月15日,在俄罗斯彼得大帝湾附近海空域进行的中俄“海上联合-2021”联合军事演习期间,中国海军参演舰艇驶向演练海域。新华社发(李唐摄)
图说2:2021年10月15日,在俄罗斯彼得大帝湾附近海空域进行的中俄“海上联合-2021”联合军事演习期间,中俄舰艇编队在进行消灭浮雷演练。新华社发(李唐摄)
图说3:2021年10月15日,在俄罗斯彼得大帝湾附近海空域进行的中俄“海上联合-2021”联合军事演习期间,俄罗斯舰载直升机飞临中国海军南昌舰进行模拟着舰演练。
图说4:2021年10月15日,在俄罗斯彼得大帝湾附近海空域进行的中俄“海上联合-2021”联合军事演习期间,中国海军舰载直升机在南昌舰起飞准备开展直升机演练。新华社发(孙飞摄)