Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းအပိုင်း Box girders တပ်ဆင်

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း ဘန်ဒေါင်းသို့ ဦးတည်ရာလမ်းအပိုင်း No. 4 casting yardရှိ နောက်ဆုံး box girder တပ်ဆင်နေသော လုပ်ငန်းခွင်အား မေ ၂၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျကာတာ၊ မေ ၂၆ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း ဘန်ဒေါင်းသို့ ဦးတည်ရာလမ်းအပိုင်းတွင် Box girders ၃၄၃ ခုကို သတ်မှတ်ချိန်ထက် ရက်သတ္တပတ်တစ်ပတ်အချိန်စော၍ မေ ၂၅ ရက်က အလုံးစုံတပ်ဆင်ပြီးစီးခဲ့ရာ မြန်နှုန်းမြင့်ရထားလမ်းတည်ဆောက်ရေး၏ နောက်ထပ်အဓိကလုပ်ငန်းစဉ်အပိုင်း ပြီးမြောက်သည့် အမှတ်သင်္ကေတ ဖြစ်ခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း ဘန်ဒေါင်းသို့ ဦးတည်ရာလမ်းအပိုင်း No. 4 casting yardရှိ နောက်ဆုံး box girder တပ်ဆင်နေသော လုပ်ငန်းခွင်အား မေ ၂၅ ရက်က ဝေဟင်ထက်မှ တွေ့ရစဉ်(ဆင်ဟွာ)

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း No. 4 casting yardတာဝန်ယူတည်ဆောက်သော စီမံကိန်းတွင် box girders ၁,၀၀၇ ခု ရှိရာ ၃၄၃ ခုသည် ဘန်ဒေါင်းသို့ ဦးတည်ရာလမ်းအပိုင်းတွင် ဖြစ်သည်။

CREC အင်ဒိုနီးရှား ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း စီမံကိန်းအဖွဲ့(၂)၏ ဘန်ဒေါင်းသို့ ဦးတည်ရာလမ်းအပိုင်း box girdersတပ်ဆင်ရေး လုပ်ငန်းများက ကပ်ရောဂါဖြစ်ပွားမှု၊ရှုပ်ထွေးသည့် သဘာဝပတ်ဝန်းကျင်နှင့် အမြင့်ပိုင်းတည်ဆောက်ရေး အခက်အခဲများကို ကျော်လွှား၍ ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် စီမံကိန်းအဖွဲ့သည် ဆောက်လုပ်ရေးလုပ်ငန်းအစီအစဉ်အတိုင်း ဂျကာတာသို့ ဦးတည်သော လမ်းအပိုင်း၏ box girder တပ်ဆင်မှုလုပ်ငန်းများကို ပြီးမြောက်အောင် အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တရုတ်နည်းပညာကုမ္ပဏီမှ တည်ဆောက်သော တစ်နာရီလျှင် ၃၅၀ ကီလိုမီတာ မြန်နှုန်းဖြင့် မောင်းနှင်နိုင်အောင် ဒီဇိုင်းရေးဆွဲထားသော ယင်းရထားလမ်းသည် အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာနှင့် အနောက်ဂျာဗားပြည်နယ် မြို့တော် ဘန်ဒေါင်း၏ ခရီးစဉ်ကို ၃ နာရီကျော်မှ မိနစ် ၄၀ အထိ လျှော့ချပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………………………….
(English Version)
Box girders erected on sections of Indonesia’s Jakarta-Bandung high-speed rail
2022-05-25 17:57:01
JAKARTA, May 25 (Xinhua) — All 343 box girders in Bandung direction of Indonesia’s Jakarta-Bandung High-Speed Railway (HSR) were completed on Wednesday, a week ahead of schedule, which marks another major progress in the construction of the HSR.
The No. 4 casting yard of the Jakarta-Bandung HSR undertakes the prefabrication and erection of 1,007 box girders of the project, of which 343 girders are in Bandung direction.
The second branch of CREC Indonesia Jakarta-Bandung HSR Project Team, which undertook the task of erecting box girders in the direction of Bandung, has overcome the outbreak of the epidemic, the complex surrounding environment, and the safety risks of high-altitude operations.
At present, the project team is actively promoting the box girder erection work in the direction of Jakarta according to the overall arrangement of the construction.
With a design speed of 350 km per hour, the railway built with Chinese technology will cut the journey between Jakarta and Bandung, capital of West Java province, from more than three hours to around 40 minutes. Enditem

1. Photo taken on May 25, 2022 shows the construction site of the last box girder on the box girder erection channel at the No. 4 casting yard in Bandung direction of Jakarta-Bandung High-Speed Railway, Indonesia. (Xinhua/Xu Qin)

2. Aerial photo taken on May 25, 2022 shows the construction site of the last box girder on the box girder erection channel at the No. 4 casting yard in Bandung direction of Jakarta-Bandung High-Speed Railway, Indonesia. (Xinhua/Xu Qin)