Connect with us

Asia

သီရိလင်္ကာနိုင်ငံ တွင် လောင်စာဆီတင်သွင်းသူများ၏ တင်သွင်းမှုနှောင့်နှေးခြင်းကြောင့် ပုဂ္ဂလိကယာဉ်များအတွက် လောင်စာဆီ ကန့်သတ်သွားမည်

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်၌ မော်တော်ယာဉ်များအား ဆီဖြည့်ပေးနေသည်ကို မေ ၂၄ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ကိုလံဘို ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ က ယခုသီတင်းပတ် နှင့် လာမည့်သီတင်းပတ်အတွက် စီစဉ်ထားသည့် ဓာတ်ဆီ ၊ ဒီဇယ် နှင့် ရေနံစိမ်း တင်သွင်းမှုများ လက်ခံရရှိလိမ့်မည် မဟုတ်ကြောင်း လျှပ်စစ်ဓာတ်အား နှင့် စွမ်းအင်ဝန်ကြီး Kanchana Wijesekera က ဇွန် ၂၅ ရက်တွင် ပြောကြားခဲ့သည်။ဆီတင်သွင်းသူများက ဘဏ်လုပ်ငန်း နှင့် ထောက်ပံ့ပို့ဆောင်ရေး အကြောင်းပြချက်များကြောင့် စီစဉ်ထားသည့်အတိုင်း ထောက်ပံ့မှုပြုလုပ်နိုင်မည် မဟုတ်ကြောင်းကို နိုင်ငံပိုင် လောင်စာဆီ တင်သွင်းဖြန့်ဖြူးသည့် Ceylon Petroleum Corporation (CPC) ထံအကြောင်းကြားထားကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။

ဝန်ကြီး Kanchana Wijesekera က လာမည့်တင်သွင်းမှုများ ရောက်ရှိလာသည်အထိ အများပြည်သူသယ်ယူပို့ဆောင်ရေး ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး နှင့် စက်မှုလုပ်ငန်းများအား ဦးစားပေးအနေဖြင့် ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုကြောင့် အနည်းအကျဉ်း ဒီဇယ် နှင့် ဓာတ်ဆီလက်ကျန်များကို လာမည့်သီတင်းတစ်ပတ်လုံး ဓာတ်ဆီဆိုင်အချို့သို့ ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးက ပြည်သူများအား လောင်စာဆီအတွက် တန်းစီခြင်းမပြုရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

လာမည့် ဆီကုန်ကြမ်းတင်သွင်းမှုများ ရောက်ရှိလာသည်အထိ သန့်စင်သည့်လုပ်ငန်းဆောင်ရွက်မှုများအား ရပ်နားထားရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“အသစ်နဲ့ လက်ရှိ တင်သွင်းသူတွေအားလုံးနှင့်အတူ ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်။နှောင့်နှေးကြန့်ကြာမှု နဲ့ အဆင်မပြေမှုအတွက် ကျွန်တော် တောင်းပန်ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
————————–
(English Version)
Sri Lanka to limit fuel for private vehicles as fuel suppliers delay shipments
Source: Xinhua Editor: huaxia 2022-06-26 09:12:15
Sri Lankan Minister of Power and Energy Kanchana Wijesekera said public transportation, power generation and industries would be given priority until the next shipments arrive.
COLOMBO, June 26 (Xinhua) — Sri Lanka will not receive shipments of petrol, diesel and crude oil, scheduled for this week and next week, Minister of Power and Energy Kanchana Wijesekera said on Saturday.
The minister said that suppliers have informed state-owned fuel importer and distributor Ceylon Petroleum Corporation (CPC) that they will not make the scheduled deliveries due to banking and logistic reasons.
Wijesekera said public transportation, power generation and industries would be given priority until the next shipments arrive.
Therefore, limited stocks of diesel and petrol will be distributed to a few gas stations throughout next week.
The minister urged the general public not to queue up for fuel.
He also said that refinery operations will also be halted until the next crude shipment arrives.
“We are working with all new and existing suppliers. I apologize for the delay and inconvenience,” he said.■