Connect with us

Africa & Middle East

လက်ဘနွန်နိုင်ငံမြောက်ပိုင်းတွင် သုံးထပ်အဆောက်အဦတစ်လုံးပြိုကျမှုဖြစ်ပွားရာ လူ ၁ ဦးသေဆုံး ၊ အများအပြား ဒဏ်ရာရ

လက်ဘနွန်နိုင်ငံ မြောက်ပိုင်း ထရီပိုလီခရိုင် Qibbeh တွင် ဇွန် ၂၆ ရက်က အဆောက်အဦတစ်လုံးပြိုကျမှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(ဆင်ဟွာ)

ဘေရွတ် ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ မြောက်ပိုင်း ထရီပိုလီခရိုင် Qibbeh တွင် ဇွန် ၂၆ ရက်က သုံးထပ် အဆောက်အဦတစ်လုံးပြိုကျမှုဖြစ်ပွားရာ လသားအရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး အခြား လူအများအပြား ထိခိုက်ဒဏ်ရာရသွားကြောင်း အမျိုးသားသတင်းအေဂျင်စီ(NNA) က ဖော်ပြခဲ့သည်။အဆိုပါ အဆောက်အဦပြိုကျမှုဖြစ်ပွားရသည့် အသေးစိတ် အကြောင်းအရင်းကို မသိရှိရသေးကြောင်း နှင့် အခင်းဖြစ်နေရာသို့ ကယ်ဆယ်ရေးအဖွဲ့များကို စေလွှတ်ထားပြီး ထိခိုက်ဒဏ်ရာရသူများကို ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်ပေးခဲ့ကြောင်း (NNA) ၏ ဖော်ပြချက်အရ သိရသည်။

 

လက်ဘနွန်နိုင်ငံ မြောက်ပိုင်း ထရီပိုလီခရိုင် Qibbeh တွင် ဇွန် ၂၆ ရက်က အဆောက်အဦတစ်လုံးပြိုကျမှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ မြောက်ပိုင်း ထရီပိုလီခရိုင် Qibbeh တွင် ဇွန် ၂၆ ရက်က အဆောက်အဦတစ်လုံးပြိုကျမှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ မြောက်ပိုင်း ထရီပိုလီခရိုင် Qibbeh တွင် ဇွန် ၂၆ ရက်က အဆောက်အဦတစ်လုံးပြိုကျမှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ မြောက်ပိုင်း ထရီပိုလီခရိုင် Qibbeh တွင် ဇွန် ၂၆ ရက်က အဆောက်အဦတစ်လုံးပြိုကျမှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံထားရသူ Najib Mikati က ဒဏ်ရာရသူများအား အချိန်နှင့်တစ်ပြေးညီ ဆေးဝါးကုသမှုပေးနိုင်ရန် ဒေသတွင်းဆေးရုံများကို ညွှန်ကြားထားကြောင်း သိရသည်။(Xinhua)

—————————–
(English Version)

1 dead, several injured after building collapses in N. Lebanon
BEIRUT, June 26 (Xinhua) — An infant died and several other people were injured on Sunday after a three-storey building collapsed in the Qibbeh district of Tripoli, northern Lebanon, the National News Agency (NNA) reported.
The cause of the building’s collapse remains unknown and rescuers have been sent to the scene to save and evacuate the injured, according to NNA.
Lebanese Prime Minister-designate Najib Mikati has asked local hospitals to treat the wounded in a timely manner.

Photos- People gather at the site where a building collapsed in the Qibbeh district of Tripoli, northern Lebanon, on June 26, 2022. (Photo by Khaled Habashiti/Xinhua)