Connect with us

Europe

ရုရှားနိုင်ငံက အမေရိကန်နိုင်ငံသားများအား ပြည်ဝင်ခွင့် ထပ်မံပိတ်ပင်

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်တံတိုင်းပေါ်တွင် ရုရှားနိုင်ငံအလံလွှင့်ထူထားသည်ကို ၂၀၂၀ ပြည့်နှစ် ဇွန် ၁၂ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဇွန် ၂၉ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံက ထပ်ခါတလဲလဲ ချမှတ်ခဲ့သည့် အရေးယူမှုများအား တုံ့ပြန်သည့်အနေဖြင့် နောက်ထပ် အမေရိကန်နိုင်ငံသား ၂၅ ဦးအား ရုရှားနိုင်ငံသို့ ဝင်ရောက်ခြင်းမှ အကန့်အသတ်မရှိပိတ်ပင်လိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၂၈ ရက်တွင် ကြေညာခဲ့သည်။

အသစ်သတ်မှတ်လိုက်သော အမည်ပျက်စာရင်းသွင်းခံရသူများထဲတွင် အမေရိကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒန်၏ ဇနီးဖြစ်သူ ဂျေးလ်ဘိုင်ဒန် နှင့် ၎င်း၏ သမီးဖြစ်သူ အက်ရှလေဘိုင်ဒန်တို့လည်း ပါဝင်ကြောင်း သိရသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် စာရင်းအပြည့်အစုံအရ ယခုအခါတွင် အမေရိကန်နိုင်ငံသား တစ်ထောင်ကျော်သည် ပြည်ဝင်ခွင့် ပိတ်ပင်ခံထားရပြီး ယင်းစာရင်းတွင် အမေရိကန်သမ္မတ ၊ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် နှင့် ကာကွယ်ရေးဝန်ကြီး Lloyd Austin တို့ ပါရှိကြောင်း သိရသည်။ (Xinhua)

…………………………………….
(English Version)

Russia bans more Americans from entry
Source: Xinhua Editor: huaxia 2022-06-28 23:08:11
Biden’s wife Jill Biden and his daughter Ashley Biden are among the newly blacklisted.
MOSCOW, June 28 (Xinhua) — The Russian Foreign Ministry announced on Tuesday that an additional 25 U.S. citizens have been indefinitely barred from entering Russia in response to the sanctions repeatedly imposed by Washington.
U.S. President Joe Biden’s wife Jill Biden and his daughter Ashley Biden are among the newly blacklisted.
According to a full list published by the Russian Foreign Ministry, over one thousand Americans are now subject to the entry ban, including the previously named U.S. President, Secretary of State Antony Blinken and Secretary of Defense Lloyd Austin. ■
Photo – The Russian national flag is projected on the Kremlin wall to celebrate Russia Day in Moscow, Russia, on June 12, 2020. (Photo by Alexander Zemlianichenko Jr/Xinhua)