Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံက နစ်မြုပ်သွားသောသင်္ဘော၌ ပါဝင်သူများကို ရှာဖွေရေးတိုးချဲ့လုပ်ဆောင်နေ

အင်ဒိုနီးရှားနိုင်ငံ တောင်ဆူလာဝေစီပြည်နယ် Makassar ရေလက်ကြားတွင် သင်္ဘောနစ်မြုပ်မှု၌ ရှာဖွေရေးလုပ်ငန်းအတွက် ရောက်ရှိလာသော အင်ဒိုနီးရှား ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအေဂျင်စီ (Basarnas) သင်္ဘောအား မေ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ မေ ၃၁ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်းရှိ သင်္ဘောနစ်မြုပ်သွားသောနေရာ၏ အရှေ့မြောက်ဘက် ရေမိုင် ၄၅ မိုင် (၈၃ ကီလိုမီတာခန့်) အထိ ရှာဖွေရေးနေရာကို တိုးချဲ့လုပ်ဆောင်လျက်ရှိကြောင်း ကယ်ဆယ်ရေးသမားတစ်ဦးက မေ ၃၀ ရက်၌ ပြောကြားခဲ့သည်။“ဘာဖြစ်လို့လဲဆိုတော့ အဲဒီနေရာမှာ နစ်မြုပ်သူတွေအများကြီး တွေ့ရှိခဲ့လိုပဲ” ဟု တောင်ဆူလာဝေစီပြည်နယ်ရှိ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးရုံး တာဝန်ရှိသူ ကယ်ဆယ်ရေးသမား Mukti Ali က ပြောခဲ့သည်။

တောင်ဆူလာဝေစီပြည်နယ်၊ Makassar ရေလက်ကြားတွင် သင်္ဘောနစ်မြုပ်ရာမှ အသက်ရှင်လွတ်မြောက်လာသူ အရေအတွက်မှာ ၃၁ ဦးအထိမြင့်တက်လာကြောင်းနှင့် ၁၁ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ၎င်းက အတည်ပြုပြောကြားခဲ့သည်။

Makassar ရေလက်ကြားတွင် မေ ၂၆ ရက်က လှိုင်းကြီးမှုကြောင့် သင်္ဘောနစ်မြုပ်သွားခဲ့ခြင်းဖြစ်ကြောင်း၊ သို့ရာတွင် ယင်းဖြစ်ရပ်ကို အာဏာပိုင်များထံ မေ ၂၈ ရက်မှသာ သတင်းပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ရှာဖွေရေးနှင့် ကယ်ဆယ်ရေးရုံး အဆင့်မြင့်အရာရှိ Wahid D.J. ပြောကြားချက်အရ သိရသည်။

အဆိုပါ သင်္ဘောသည် ကြီးမားသောရေလှိုင်းများကြောင့် အင်ဂျင်ပျက်စီးမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ (Xinhua)

………………………………………………
(English Version)
Indonesia expands searching area for sunken ship victims
JAKARTA, May 30 (Xinhua) — Rescuers have widened the search area to 45 nautical miles (about 83 km) northeast of the site where a ship capsized in central Indonesia, a rescuer said on Monday.
“Because that is the area where more victims were discovered,” said Mukti Ali, a rescuer who is in charge of the search and rescue office in South Sulawesi province.
He confirmed that the number of victims who survived the ship capsize in the Makassar Strait of the province has risen to 31 with 11 people still missing.
The ship sank amid huge waves in the Makassar Strait on Thursday, but the incident was reported to authorities on Saturday, according to Wahid D.J., a senior official at the search and rescue office.
The ship suffered an engine failure when it was hit by the huge waves, he told Xinhua. Enditem
Photo 1 : Photo taken on May 30, 2022 shows the ship of the Indonesian National Search And Rescue Agency (Basarnas) arriving for the rescue mission for a sinking ship in Makassar, South Sulawesi, Indonesia.(Photo by Niaz Sharief/Xinhua)