Asia
အိန္ဒိယနိုင်ငံ၌ ၅ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးတွင် မျောက်ကျောက်နှင့်တူသောလက္ခဏာတွေ့ရှိ၊ ရောဂါစစ်ဆေးစမ်းသပ်ရန်နမူနာပေးပို့ထား
နယူးဒေလီ၊ ဇွန် ၄ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံမြောက်ပိုင်း Uttar Pradesh ပြည်နယ်ရှိ ပုဂ္ဂလိကဆေးရုံတစ်ခုမှ ဆရာဝန်များသည် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးတွင် မျောက်ကျောက်ရောဂါနှင့် အလားသဏ္ဍာန်တူသည့် လက္ခဏာ အားတွေ့ရှိရကြောင်း ဆရာဝန်များက ဇန်နဝါရီ ၄ ရက်တွင်ပြောခဲ့သည်။
ကျန်းမာရေးတာဝန်ရှိသူများအနေဖြင့် အဆိုပါသံသယလူနာနှင့် ပတ်သက်၍ အတည်မပြုနိုင်သေးကြောင်းနှင့် ၎င်းတို့အနေဖြင့် လူနာ၏ နမူနာများအားစုစည်း၍ Pune မြို့ရှိ အမျိုးသားရောဂါဗေဒအင်စတီကျု( NIV) သို့ ပေးပို့စစ်ဆေးထားကြောင်း သိရသည်။
“၅ နှစ်အရွယ်ရှိတဲ့ မိန်းကလေးငယ်တစ်ဦးက သူမရဲ့ ခန္ဓာကိုယ် ယားယံပြီး အဖုအပိန့်ထွက်တာတွေ ခံစားခဲ့ရလို့ ကြိုတင်ကာကွယ်မှုအနေနဲ့ မျောက်ကျောက်ရောဂါအတွက် စစ်ဆေးဖို့ နမူနာတွေကို စုစည်းခဲ့တယ်။ ကလေးမလေးမှာ တခြားရောဂါတွေမရှိပါဘူး ။ ဒါပေမယ့် သူမနဲ့ အရင်းနှီးဆုံး သူတွေက ပြီးခဲ့တဲ့တစ်လအတွင်း နိုင်ငံခြားကို ခရီးသွားရာဇဝင်ရှိခဲ့ပါတယ်’’ Ghaziabad မြို့ မှ ကျန်းမာရေး အရာရှိချုပ်က မီဒီယာသို့ ပြောကြားခဲ့သည်။
မျောက်ကျောက်ရောဂါသည် ကိုယ်အပူချိန်ရှိခြင်း၊ ခန္ဒာကိုယ်အနှံ့ အဖုအပိန့်များထွက်ခြင်း၊ အရည်ကြည်ဖုများထွက်ခြင်း စသည့်ရောဂါလက္ခဏာရှိသော zoonotic ရောဂါဖြစ်သည်။
အဆိုပါ ၅ နှစ်အရွယ်ရှိသောမိန်းကလေးငယ်သည် နားရောဂါကူးစက်မှုအားကုသရန် ဆေးရုံသို့ ဇွန် ၃ ရက်တွင် ရောက်ရှိခဲ့ပြီး ဆရာဝန်က ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် မျောက်ကျောက်ရောဂါနှင့် အလားသဏ္ဍာန်တူသော အနာများအား ဂရုပြုမိခဲ့ခြင်းဖြစ်သည်။
“သူမရဲ့ ခန္ဓာကိုယ်ပေါ်မှာ မျောက်ကျောက်ရောဂါနဲ့ အလားသဏ္ဍာန်တူတဲ့ အနာတွေတွေ့ခဲ့တယ်။ ကျွန်တော်တို့ အနေနဲ့ ချက်ချင်းပဲ ကျန်းမာရေးဌာနကို အကြောင်းကြားပြီး အဲဒီမိန်းကလေးငယ်ကို သီးသန့်ခွဲထားလိုက်ပါတယ်။ မိသားစုထဲမှာ ဒီမိန်းကလေးလိုမျိုး ရောဂါပိုးကူးစက်ခံထားရတဲ့ ကလေးတော်တော်များများကတော့ နေပြန်ကောင်းလာပြီလို့ မိသားစုက ပြောပါတယ်” ဟု နား၊နှာခေါင်း၊လည်ချောင်း အကြီးတန်းအထူးကုတစ်ဦးဖြစ်သူ ဒေါက်တာ B P Tyagi ၏ ပြောစကားအားကိုးကား၍ ဒေသတွင်းသတင်းစာက သတင်းဖော်ပြထားသည်။
အိန္ဒိယနိုင်ငံ၌ ယခုအချိန်အထိ မျောက်ကျောက်ရောဂါ ဖြစ်ပွားမှု မရှိသေးကြောင်း သိရသည်။ ဖက်ဒရယ်ကျန်းမာရေးဝန်ကြီးဌာနမှ မျောက်ကျောက်ရောဂါ စီမံခန့်ခွဲမှုဆိုင်ရာလမ်းညွှန်ချက်များကို မေ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ (Xinhua)
………………………………………
(English Version)
Monkeypox-like symptoms detected in 5-year girl in India, sample sent for testing
NEW DELHI, June 4 (Xinhua) — Doctors at a private hospital in the northern Indian state of Uttar Pradesh have detected monkeypox-like symptoms in a five-year-old girl, officials said Saturday.
The health officials have not confirmed the case and said they had collected samples of the patient and sent them for testing at the National Institute of Virology (NIV), Pune.
“Samples of a five-year-old girl were collected for testing for monkeypox, as a precautionary measure, as she had complaints of itching and rashes on her body. She has no other health issues and neither she nor any of her close contact traveled abroad in the past one month,” the chief medical officer of Ghaziabad told media.
Monkeypox is a zoonotic disease that presents symptoms including fever, an extensive characteristic rash and usually swollen lymph nodes.
The five-year-old girl visited the hospital on Friday for the treatment of an ear infection when the doctor noticed monkeypox-like lesions over her body.
“I saw lesions over her body and they seemed similar to monkeypox. We immediately informed the health department and isolated the girl. The family told us that several children in the family have developed a similar infection and two of them have already recovered,” a local newspaper quoted Dr B P Tyagi, a senior ENT specialist as having said.
So far no case of monkeypox has been found in India. On Tuesday the federal health ministry issued guidelines on the management of monkeypox disease. Enditem