Connect with us

Asia

ပါကစ္စတန်နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုများကြောင့် ၂၄ နာရီအတွင်း လူ ၅၇ ဦး သေဆုံး ၊ ၇,၆၈၃ ဦး ဒဏ်ရာရရှိ

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ်၊ Jafarabad ခရိုင်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည်ကို စက်တင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ် ၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း မုတ်သုံမိုး သည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် လူပေါင်း ၅၇ ဦးထက်မနည်း သေဆုံးကာ ၇,၆၈၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ (NDMA) က ပြောကြားခဲ့သည်။စက်တင်ဘာ ၂ ရက် ညနေပိုင်းတွင် NDMA က ထုတ်ပြန်သော အစီရင်ခံစာအရ နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုများနှင့်ဆက်စပ်သော မတော်တဆမှုအမျိုးမျိုးအတွင်း သေဆုံးသူများအနက် အနည်းဆုံး ကလေးငယ် ၁၇ ဦးနှင့် အမျိုးသမီး ၁၈ ဦး ပါဝင်ကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ်၊ Jafarabad ခရိုင်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည်ကို စက်တင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ်၊ Jafarabad ခရိုင်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည်ကို စက်တင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံအတွင်း ဇွန်လလယ်ပိုင်းမှစတင်ကာ ယခုရာသီ၏ မုတ်သုံမိုးရွာသွန်းမှုများ နှင့် ရေကြီးရေလျှံမှုများကြောင့် စုစုပေါင်း သေဆုံးသူအရေအတွက်မှာ ၁,၂၆၅ ဦးခန့်ရှိကာ ဒဏ်ရာရရှိသူ ၁၂,၅၇၇ ဦး ရှိပြီဖြစ်ကြောင်း NDMA က နောက်ဆုံးထုတ်ပြန်သော စာရင်းဇယားများအရ သိရသည်။ (Xinhua) xhtxs.cn/zk0
#Pakistan #Monsoon #Rains #Floods #ပါကစ္စတန်နိုင်ငံ #မုတ်သုံရာသီ #မိုးရွာသွန်းမှုများ #ရေကြီးရေလျှံမှုများ #ဆင်ဟွာ #Xinhua #Myanmar #Xinhuamyanmar
………………..
57 killed, 7,683 injured in floods across Pakistan in 24 hours
ISLAMABAD, Sept. 4 (Xinhua) — At least 57 people were killed and 7,683 others injured in heavy monsoon rain-triggered flash floods in the last 24 hours in Pakistan, the National Disaster Management Authority (NDMA) said.
According to a report released by the NDMA on Friday evening, at least 17 children and 18 women were among those who lost their lives in different flood-related accidents across the country.
The total death toll in Pakistan from this season’s monsoon rains and floods since mid-June has risen to around 1,265 along with 12,577 injured, according to the latest statistics updated by the NDMA.
Photo – Photo taken from a helicopter shows the aerial view of flood-hit Jafarabad district in Pakistan’s southwest Balochistan province on Sept. 3, 2022.(Photo by Asad/Xinhua)