Connect with us

North America

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် COVID-19 ကူးစက်ခံထားရ

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ကက်ပီတိုလွှတ်တော်၌ အမေရိကန်ဆီးနိုတ်နိုင်ငံတကာဆက်ဆံရေးကော်မတီရှေ့မှောက်တွင် ဧပြီ ၂၆ ရက်က လာရောက်ထွက်ဆိုနေသော နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်အား တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ မေ ၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်သည် မေ ၄ ရက်က COVID-19 စစ်ဆေးရာတွင် ရောဂါကူးစက်ခံထားရသည်ကိုစစ်ဆေးတွေ့ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဘလင်ကန်သည် ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းက PCR စစ်ဆေးမှုတစ်ခုခံယူရာတွင် ကူးစက်ခံထားရသည့် positive ရလဒ်အဖြေထွက်ပေါ်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ Ned Price ၏ ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်သည် ကိုဗစ်ကာကွယ်ဆေးအကြိမ်ရေပြည့်နှင့် ထပ်ဆောင်း(အားဖြည့်) ကာကွယ်ဆေးထိုးနှံမှုခံယူထားသူဖြစ်ပြီး “ ရောဂါလက္ခဏာအပျော့စားကိုသာ ခံစားရကြောင်း” ၎င်းက ဆိုသည်။

အမေရိကန်နိုင်ငံကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန၏လမ်းညွှန်မှု နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနဆေးဘက်ဆိုင်ရာအထောက်အကူပြုဗျူရို၏ ဆွေးနွေးအကြံပြုမှုအရ ဘလင်ကန်သည် “ နေအိမ်မှာ တစ်ယောက်ထဲခွဲပြီး နေနေပါတယ်၊ အလုပ်တွေကိုလည်း အွန်လိုင်း ဗီဒီယိုခေါ်ဆိုမှုကတဆင့်ပဲ ဆက်လုပ်နေပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Price က ဆက်လက်ပြောကြားခဲ့သည်။

ဘလင်ကန်သည် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နှင့် မျက်နှာချင်းဆိုင်တွေ့ဆုံမှု မရှိသည်မှာ ရက်အတန်ကြာရှိခဲ့ပြီဖြစ်ကြောင်း Price ၏ ပြောကြားချက်အရ သိရသည်။
ဘလင်ကန်သည် မေ ၅ ရက်တွင် ဝါရှင်တန်ဒီစီမြို့ရှိ ဂျော့ဝါရှင်တန်တက္ကသိုလ်သို့ သွားရောက်ပြီး တရုတ်နိုင်ငံကိုဦးတည်သော အမေရိကန်မဟာဗျူဟာအကြောင်းကို ဟောပြောပွဲတစ်ခုပြုလုပ်ရန် မူလက စီစဉ်ထားသည်။ ယင်းအစီအစဉ်နှင့်ပတ်သက်၍ မည်သို့ ဆက်လက်ဆောင်ရွက်မည် သို့မဟုတ် နေ့ရက်ပြောင်းကျင်းပမည် ဆိုခြင်းနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိရသေးပေ။  (Xinhua)

……………………………………
(English Version)
U.S. secretary of state tests positive for COVID-19
WASHINGTON, May 4 (Xinhua) — U.S. Secretary of State Antony Blinken tested positive for COVID-19 on Wednesday, a State Department spokesman said.
Blinken tested positive for COVID-19 on Wednesday afternoon via a PCR test, Ned Price, the spokesman, said in a statement.
Blinken was fully vaccinated and boosted against the virus, and “is experiencing only mild symptoms,” he said.
Price said that in accordance with the guidance of the Centers for Disease Control and Prevention and in consultation with the State Department’s Bureau of Medical Services, Blinken “will isolate at home and maintain a virtual work schedule.”
According to Price, Blinken has not seen U.S. President Joe Biden in person for several days.
Blinken was originally scheduled to deliver a speech on U.S. strategy toward China at George Washington University in Washington, D.C., on Thursday. It’s not clear whether, or in what ways, changes will be made regarding the arrangement of the event.

U.S. Secretary of State Antony Blinken testifies before the U.S. Senate Foreign Relations Committee on Capitol Hill in Washington, D.C., the United States, on April 26, 2022. (Photo by Ting Shen/Xinhua)