Connect with us

Africa & Middle East

တရုတ်နိုင်ငံ ကယ်ဆယ်ရေးအဖွဲ့အစည်းက လှူဒါန်းသည့် ပစ္စည်းများအား အာဖဂန်လခြမ်းနီအသင်း ရရှိ

တရုတ်နိုင်ငံက လှူဒါန်းခဲ့သည့် ငလျင်ကယ်ဆယ်ရေးပစ္စည်းများအား သယ်ဆောင်ထားသည့် ကုန်တင်ကားများကို ဇူလိုင် ၃ ရက်တွင် ပြုလုပ်ခဲ့သော အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မြို့ရှိ လွှဲပြောင်းပေးအပ်သည့် အခမ်းအနား၌ တွေ့ရစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ကြက်ခြေနီအသင်း (RCSC) မှ လှူဒါန်းသည့် ငလျင်ကယ်ဆယ်ရေးပစ္စည်းများအား အာဖဂန် လခြမ်းနီအသင်း (ARCS) က လက်ခံရရှိခဲ့ကြောင်း သိရသည်။ပစ္စည်းများ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားအား ဇူလိုင် ၃ ရက်တွင် အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မြို့ရှိ ARCS ရုံးအဆောက်အအုံ၌ ကျင်းပပြုလုပ်ခဲ့ပြီး အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် Wang Yu နှင့် အာဖဂန်လခြမ်းနီအသင်းဥက္ကဋ္ဌ Mawlavi Matiul Haq Khalis တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံက လှူဒါန်းခဲ့သည့် ငလျင်ကယ်ဆယ်ရေးပစ္စည်းများအား သယ်ဆောင်ထားသည့် ကုန်တင်ကားများကို ဇူလိုင် ၃ ရက်တွင် ပြုလုပ်ခဲ့သော အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မြို့ရှိ လွှဲပြောင်းပေးအပ်သည့် အခမ်းအနား၌ တွေ့ရစဉ်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် Wang Yu က တရုတ်နိုင်ငံအနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံရှိ ဘေးအန္တရာယ်အခြေအနေအား အသေအချာအာရုံစိုက်ခဲ့ပြီး လျင်မြန်စွာ တုံ့ပြန်ခဲ့ကြောင်း ပြောကြားခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပမာဏအမြောက်အများ အာဖဂန်နစ္စတန်နိုင်ငံသို့ အချိန်မီ ပေးအပ်ရန် အတတ်နိုင်ဆုံးဆောင်ရွက်ခဲ့ကြောင်း အလေးအနက် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်ကာ အာဖဂန်နစ္စတန်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပံ့ပိုးပေးရန်အတွက် ဆန္ဒရှိကြောင်း သံအမတ် Wang Yu က ဆိုသည်။

အာဖဂန်လခြမ်းနီအသင်းဥက္ကဋ္ဌ Mawlavi Matiul Haq Khalis က ထောက်ပံ့မှုများအတွက် ကျေးဇူးတင်ကြောင်း ပြောကြားကာ အာဖဂန်နစ္စတန်နိုင်ငံ နှင့် တရုတ်နိုင်ငံတို့သည် ကာလကြာရှည် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး ရှိခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံအား စီးပွားရေး ၊ သိပ္ပံ နှင့် ဆေးဘက်ဆိုင်ရာ နယ်ပယ်များတွင် ဆက်လက်ပြီး အထောက်အကူပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် စစ်ဘေးဒဏ်သင့်အာဖဂန်နစ္စတန်နိုင်ငံရှိ ငလျင်ခံရသူများအတွက် အရေးပေါ်လူသားချင်းစာနာထောက်ထားမှုအကူအညီ ယွမ်သန်း ၅၀ (အမေရိကန်ဒေါ်လာ ၇ ဒသမ ၅ သန်း) ပေးအပ်ရန် ကတိပြုခဲ့သည်။ ကယ်ဆယ်ရေးပစ္စည်းပထမအသုတ်သည် ဇွန် ၂၇ ရက်တွင် အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်နိုင်ငံတကာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့တောင်ပိုင်းတွင် ပြီးခဲ့သောရက်များတွင် အားကောင်းသောမြေငလျင် လှုပ်ခတ်ခဲ့ပြီး လူနေအိမ် သောင်းနှင့်ချီ၍ပျက်စီးခဲ့ကာ သေဆုံးသူဦးရေ ၁,၀၀၀ ကျော် နှင့် ထိခိုက်ဒဏ်ရာရရှိသူ ၂,၀၀၀ နီးပါး ရှိကြောင်း သိရသည်။ (Xinhua)
—————————
(English Version)

Afghan red crescent society receives supplies donated by China’s relief organization
Source: Xinhua Editor: huaxia 2022-07-05 09:54:15
Chinese Ambassador to Afghanistan Wang Yu said that the Chinese side has paid close attention to the disaster situation in Afghanistan and responded quickly, stressing that China has done its best to provide a large amount of humanitarian assistance to Afghanistan in a timely manner.
KABUL, July 5 (Xinhua) — The Afghan Red Crescent Society (ARCS) has received earthquake relief supplies donated by the Red Cross Society of China (RCSC).
A handover ceremony was held on Sunday at the ARCS complex in Kabul, capital of Afghanistan, attended by Chinese Ambassador to Afghanistan Wang Yu and Mawlavi Matiul Haq Khalis, president of the ARCS.
Wang said that the Chinese side has paid close attention to the disaster situation in Afghanistan and responded quickly, stressing that China has done its best to provide a large amount of humanitarian assistance to Afghanistan in a timely manner.
China is willing to cooperate with Afghanistan and contribute to Afghanistan’s development, Wang said.
While expressing gratitude for the supplies, Khalis said that Afghanistan and China have long-standing friendly relations, and hoped that China could continue to provide support to Afghanistan in economic, scientific and medical fields.
China has pledged 50 million yuan (7.5 million U.S. dollars) in emergency humanitarian aid for quake victims in war-torn Afghanistan. The first batch of relief supplies arrived at Afghanistan’s Kabul International Airport on June 27.
A strong earthquake rocked southeastern Afghanistan days ago, killing more than 1,000 people and injuring nearly 2,000 others while destroying tens of thousands of houses.■
Photo 1 – Photo taken on July 3, 2022 shows trucks carrying earthquake relief supplies donated by the Red Cross Society of China (RCSC) at a handover ceremony in Kabul, Afghanistan. (Photo by Saifurahman Safi/Xinhua)
Photo 2 – Photo taken on July 3, 2022 shows trucks carrying earthquake relief supplies donated by the Red Cross Society of China (RCSC) at a handover ceremony in Kabul, Afghanistan. (Photo by Saifurahman Safi/Xinhua)