Connect with us

North America

နာဆာနှင့် SpaceX တို့က လူလိုက်ပါသောမစ်ရှင် နိုင်ငံတကာအာကာသစခန်းသို့ လွှတ်တင်

နာဆာ၏ SpaceX Crew-5 မစ်ရှင်အတွက် နိုင်ငံတကာအာကာသစခန်းသို့ အာကာသယာဉ်မှူး လေးဦးလိုက်ပါသွားသည့် Dragon အာကာသယာဉ်အား သယ်ဆောင်ထားသော SpaceX Falcon 9 ဒုံးပျံကို အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ နာဆာ၏ ကနေဒီ အာကာသစင်တာမှ အောက်တိုဘာ ၅ ရက်က လွှတ်တင်နေစဉ် (ဓာတ်ပုံ - NASA)

Crew-5 မစ်ရှင်သည် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ဘေးကင်းစွာရောက်ရှိသွားပြီဖြစ်ကြောင်း နာဆာ (NASA) က ပြောကြားခဲ့သည်။ အဆိုပါ အာကာသယာဉ်သည် အောက်တိုဘာ ၆ ရက် အရှေ့ပိုင်းစံတော်ချိန် ညနေ ၄:၅၇ နာရီခန့်တွင် နိုင်ငံတကာအာကာသစခန်း (ISS) နှင့် ချိတ်ဆက်သွားမည်ဖြစ်သည်။

ဂြိုဟ်ပတ်လမ်းကြောင်းဓာတ်ခွဲခန်း၌ရှိနေချိန်အတွင်း အာကာသယာဉ်အဖွဲ့သားများသည် လူသားမျိုးနွယ်ကျန်းမာရေးနှင့် လကမ္ဘာလောင်စာစနစ်များ စသည့်နယ်ပယ်များ၌ သိပ္ပံပညာရပ်ဆိုင်ရာ လက်တွေ့စမ်းသပ်မှုနှင့် နည်းပညာသရုပ်ပြမှု ၂၀၀ ကျော် ပြုလုပ်သွားမည်ဖြစ်ကြောင်း SpaceX အရ သိရသည်။ (Xinhua)

………………………………………………
NASA, SpaceX launch crewed mission to ISS
NASA said the Crew-5 mission has safely reached orbit. The spacecraft will dock with the International Space Station (ISS)at approximately 4:57 p.m. Eastern Time on Thursday.
During their time on the orbiting laboratory, the crew will conduct over 200 science experiments and technology demonstrations in areas such as human health and lunar fuel systems, according to SpaceX.
Photo : A SpaceX Falcon 9 rocket carrying the company’s Dragon spacecraft is launched on NASA’s SpaceX Crew-5 mission to the International Space Station with four astronauts onboard, at NASA’s Kennedy Space Center in Florida, the United States, Oct. 5, 2022. (Photo credit: NASA)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.