Connect with us

North America

ဘိုင်ဒန်က အိမ်ဖြူတော် သတင်းပြန်ကြားရေးအရာရှိအသစ် ကြေညာ

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်အား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မေ ၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က Karine Jean-Pierre အား အိမ်ဖြူတော် သတင်းပြန်ကြားရေးအရာရှိ အသစ် အဖြစ် အမည်စာရင်းတင်သွင်းခဲ့ကြောင်း မေ ၅ ရက်တွင် ပြောကြားခဲ့သည်။

အသက် ၄၄ နှစ်အရွယ်ရှိ Jean-Pierre သည် မေ ၁၃ ရက်က အိမ်ဖြူတော်မှထွက်ခွာမည့် Jen Psaki ၏ နေရာတွင် အစားထိုးတာဝန်ယူမည် ဖြစ်ကြောင်း ဘိုင်ဒန်က ပြောခဲ့သည်။

လက်ရှိ လက်ထောက်ပြန်ကြားရေးအရာရှိဖြစ်သော Jean-Pierre သည် အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ အကြီးအကဲရာထူး တာဝန်ထမ်းဆောင်မည့် ပထမဆုံး အာဖဂန် အမေရိကန် အမျိုးသမီးလည်း ဖြစ်သည်။

နှစ်ရှည်လများ Biden ၏အကြံပေးပုဂ္ဂိုလ် အဖြစ်တာဝန်ယူခဲ့သော Jean-Pierre သည် ဘိုင်ဒန်၏၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲမဲဆွယ်ပွဲအတွက် အကြီးတန်းအကြံပေးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

Psaki သည် အိမ်ဖြူတော်မှ ထွက်ခွာပြီးနောက် တိုက်ရိုက်ထုတ်လွှင့်သည့် အစီအစဉ်တင်ဆက်သူအဖြစ် MSNBC ရုပ်သံလိုင်းတွင် တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်သမ္မတ၏ လက်ထောက်အဖြစ် အိမ်ဖြူတော် ပြန်ကြားရေးအရာရှိသည် အစိုးရ ဆောင်ရွက်ချက်များနှင့် လုပ်ငန်းအစီအစဉ်များကို သတင်းမီဒီယာများအား နေ့စဉ် သတင်းထုတ်ပြန်လျက်ရှိသည်။ (Xinhua)

…………………………………….
(English Version)
Biden announces new White House press secretary
WASHINGTON, May 5 (Xinhua) — U.S. President Joe Biden said on Thursday that Karine Jean-Pierre has been named to be the next White House press secretary.
Jean-Pierre, 44, will step into the role replacing Jen Psaki, who will depart from the White House on May 13, said Biden.
Currently principal deputy press secretary, Jean-Pierre will be the first African American woman to hold the position of chief White House spokesperson.
A long-time advisor to Biden, Jean-Pierre has served as a senior advisor to the Democrat’s 2020 presidential campaign.
Psaki will reportedly join TV channel MSNBC as a streaming show host after leaving the White House.
As an assistant to the U.S. president, the White House press secretary provides daily briefings for the media on the administration’s activities and agenda. Enditem

Photo taken on Feb. 21, 2022 shows the White House in Washington, D.C., the United States. (Xinhua/Liu Jie)