Asia
ရပ်ဝန်းနှင့်ပိုးလမ်းမရထားလမ်းစီမံကိန်းသည် အရှေ့တောင်အာရှ အကျိုးဖြစ်ထွန်းရန် “ ကြီးကျယ်ခမ်းနားသော မုဒ်ဦး” ဖြစ်ဟု ထိုင်း(ယခင်)ဒုဝန်ကြီးချုပ်ပြောကြား
ဘန်ကောက် ၊ ဇွန် ၆ ရက်(ဆင်ဟွာ)
တရုတ်-လာအို-ထိုင်း ရထားလမ်းစီမံကိန်းသည် အရှေ့တောင်အာရှဒေသတွင် ပြည်သူများအကျိုးဖြစ်ထွန်းစေမည့် ကြီးကျယ်ခမ်းနားသော မုဒ်ဦး တစ်ခုဖြစ်လာလိမ့်မည်ဟု ထိုင်းနိုင်ငံ (ယခင်) ဒုတိယဝန်ကြီးချုပ် Pinit Jarusombat က ဆင်ဟွာသတင်းဌာနနှင့်မကြာသေးခင်က ပြုလုပ်သော တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ပြောကြားခဲ့သည်။ပြီးခဲ့သောနှစ်ကုန်ပိုင်းက စတင်အသုံးပြုခဲ့သည့် တရုတ်-လာအို ရထားလမ်းသည် တရုတ်နိုင်ငံနှင့်အတူ ကုန်သွယ်မှုပြုလုပ်ရန် ထိုင်းနိုင်ငံအတွက် ပို့ဆောင်ရေးလမ်းကြောင်းသစ်တစ်ခု ဖြစ်လာခဲ့ကြောင်း ၎င်းက ဆိုသည်။
“ ဒါဟာ မျှော်မှန်းထားတာထက်ပိုပြီး အောင်မြင်ခဲ့ပါတယ်” ဟု Pinit ကပြောကြားခဲ့ပြီး ကပ်ရောဂါကူးစက်မှု ဖြစ်ပေါ်နေလင့်ကစား ဝယ်လိုအားကြီးမားစွာမြင့်တက်နေခြင်းကြောင့် ရထားပို့ဆောင်ရေးဝန်ဆောင်မှုသည် အချိန်နှင့်အမျှ ဆက်လက်တိုးတက်လာခဲ့ကြောင်း ၎င်းက ဆိုသည်။
“ လက်ရှိမှာ တရုတ်-ထိုင်း ရထားလမ်းကိုတည်ဆောက်နေပြီး သိပ်မကြာခင်အချိန်မှာ အဲဒီလမ်းပိုင်းကို စတင်အသုံးပြုနိုင်ဖို့ ထိုင်းနိုင်ငံက မျှော်လင့်ပါတယ်” ဟု Pinit က ဆိုသည်။
အဆိုပါရထားလမ်းတည်ဆောက်မှုပြီးစီးသွားချိန်တွင် သုံးနိုင်ငံအကြား ယင်း သယ်ယူပို့ဆောင်ရေးစင်္ကြံဖြင့် အရှေ့တောင်အာရှ နှင့် တရုတ်နိုင်ငံအကြား ပြည်သူများကူးသန်းစွားလာရန် နှင့် ကုန်စည်များ တင်ပို့ရန် အရှိန်အဟုန်တိုးမြင့်လာမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
နယ်စပ်ဖြတ်ကျော် ရထားပို့ဆောင်ရေးတိုးတက်လာခြင်းအားဖြင့် ဒေသတွင်း၌ ထိုင်းနိုင်ငံအတွက် အကျိုးစီးပွားဖြစ်ထွန်းစေလိမ့်မည်ဟု Pinit ကအကောင်းဘက်က ရှုမြင့်ခဲ့သည်။ ဥပမာအားဖြင့် ထိုင်းနိုင်ငံမှ စိုက်ပျိုးထုတ်ကုန်များကို တရုတ်နိုင်ငံသို့ တင်ပို့မှုနှင့်စပ်လျဉ်း၍ တရုတ်-လာအိုရထားလမ်းသည် သစ်သီးဝလံများ နှင့် ဟင်းသီးဟင်းရွက်များသယ်ယူပို့ဆောင်ရေးတွင် အရှိန်အဟုန်မြင့်မားလာမည်ဖြစ်ကြောင်း ၎င်းက မီးမောင်းထိုးပြခဲ့သည်။
အခြေခံအဆောက်အဦတည်ဆောက်မှုနှင့်ပတ်သက်၍ Pinit က ရပ်ဝန်းနှင့်ပိုးလမ်းမ ဖော်ဆောင်မှုသည် လမ်းကြောင်းတစ်လျှောက်ရှိနိုင်ငံများအတွက် ရင်းနှီးမြှုပ်နှံမှု နှင့် စီးပွားရေးအခွင့်အလမ်းများကို ယူဆောင်ပေးခြင်းသဖြင့် ချီးကျူးဂုဏ်ပြုထိုက်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
တရုတ်ကုမ္ပဏီများသည် ထိုင်းနိုင်ငံအတွင်း စိုက်ပျိုးရေး ၊ ရော်ဘာစီးပွားရေး အပြင် မော်တော်ကား ၊ စွမ်းအင် နှင့် အဆင့်မြင့် နည်းပညာ စက်မှုလုပ်ငန်းစသည့် နယ်ပယ်စုံသို့ ဝင်ရောက်လာသည့် အရေအတွက် တိုးမြင့်လာခဲ့ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။
“ ရပ်ဝန်းနဲ့ပိုးလမ်းမအဆိုပြုချက်ဟာ ထိုင်းနိုင်ငံမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက်တိုးမြင့်မားလာခဲ့ပြီး တရုတ်နဲ့ထိုင်းကုမ္ပဏီတွေအကြား ပူးပေါင်းဆောင်ရွက်မှု စံနမူနာသစ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးခဲ့ပါတယ်” ဟု Pinit ကဆိုသည်။
တရုတ်နိုင်ငံသို့ အကြိမ်ပေါင်းများစွာ သွားရောက်လည်ပတ်ခဲ့ဖူးသူ Pinit သည် နှစ်နိုင်ငံဆက်ဆံရေးကို ရည်ညွှန်းလျက် ပြီးခဲ့သော ဆယ်စုနှစ်တွင် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးသည် တိုးတက်လာခဲ့ကြောင်း နှင့် အစိုးရထိပ်တန်းအဆင့်မှ ပုဂ္ဂလိကကဏ္ဍအထိ အပြန်အလှန်ချိတ်ဆက်မှုများ တိုးချဲ့လာခဲ့ခြင်းနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခဲ့ကြောင်း ဆိုသည်။
ထိုင်းအစိုးရအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ဆက်ဆံရေးတိုးတက်ကောင်းမွန်စေရန် အလွန်အရေးကြီးကြောင်း နှင့် ရှေ့ဆက်၍ နှစ်ဖက်စလုံးအနေဖြင့် စီးပွားရေး ၊ ရင်းနှီးမြှုပ်နှံမှု နှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့သွားရန် လိုအပ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
Pinit က တရုတ်နိုင်ငံမှ အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး အစပျိုးဖော်ဆောင်မှု (GDI)ကို မြင့်မားစွာ ထောက်ခံပြောကြားခဲ့သည်။ ၎င်းက ယင်းဖော်ဆောင်မှုသည် ကပ်ရောဂါကြောင့် စားဝတ်နေရေးခြိမ်းခြောက်မှု နှင့် ကမ္ဘာ့စီးပွားရေး သက်ရောက်မှုကြုံတွေ့နေရချိန်တွင် လက်တလောစိန်ခေါ်မှုများအား နိုင်ငံများအနေဖြင့် ဖြေရှင်းဆောင်ရွက်မှုတွင် အကူအညီပေးရန် အချိန်အခါကောင်း ရည်ရွယ်ချက်ကောင်းဖြင့် လုပ်ဆောင်မှု တစ်ခုဖြစ်ကြောင်း ဆိုသည်။
ထောက်ပို့ကွင်းဆက် အနှောက်အယှက်ဖြစ်ပေါ်ပြီး ပထဝီနိုင်ငံရေး အကြောင်းတရားများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခိုက်အတန့်တွင် အစားအသောက်လုံခြုံရေးသည် ချက်ချင်း ဖြေရှင်းရမည့်ပြဿနာရပ်တစ်ခုဖြစ်ကြောင်း Pinit က ပြောကြားခဲ့သည်။ ထို့ပြင် (GDI)က အငြင်းပွားမှုကို လျှော့ချရန် နှင့် ပုံမှန်တွေ့ဆုံဆွေးနွေးရေးဆီပြန်လာရန် နိုင်ငံများကို ကူညီပေးနိုင်လိမ့်မည်ဟု ၎င်းအနေဖြင့်ယုံကြည်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။(Xinhua)
—————————
(English Version)
Belt and Road railway project “grand gateway” to benefit Southeast Asia, says former Thai deputy PM
BANGKOK, June 6 (Xinhua) — The China-Laos-Thailand railway project will be a grand gateway that benefits people in Southeast Asia, former Thai Deputy Prime Minister Pinit Jarusombat told Xinhua in a recent interview.
The China-Laos railway, which started operation at the end of last year, has provided a new logistics option for Thailand’s trade with China.
“It totally exceeded expectations,” Pinit said, adding that despite the pandemic, the frequency of train service had to be increased several times due to the huge demand.
“The Sino-Thai railway is currently under construction and Thailand expects it to be operational very soon,” Pinit said.
Once it is completed, a transportation corridor through all three countries will significantly increase the speed of movement of people and goods between Southeast Asia and China, he added.
Pinit is also optimistic about the development of cross-border railway logistics and the prospect of Thailand as a regional hub. Citing the example of Thai agricultural products exported to China, he highlighted that the China-Laos railway accelerates the transportation speed of chilled and frozen fruits and vegetables.
In addition to infrastructure construction, Pinit said the Belt and Road Initiative deserves praise for bringing investment and business opportunities to countries along the route.
According to him, an increasing number of Chinese companies have entered Thailand in various fields, such as durian planting, rubber businesses, as well as automobile, energy and high-tech industries.
“The Belt and Road Initiative has further promoted Chinese investment in Thailand and boosted the development of new models of cooperation between Chinese and Thai companies,” Pinit said.
Referring to bilateral relations, Pinit, who has visited China dozens of times, said that the trade volume between the two countries has soared in the past decade, and the cooperation has been expanding with increasingly frequent contacts from the top governmental level to the private sector.
He mentioned that the Thai government attaches great importance to the development of the relationship with China, and both countries need to further strengthen cooperation in businesses, investment and tourism in the future.
Pinit spoke highly of the Global Development Initiative (GDI) proposed by China. He said the initiative is timely and visionary to help countries solve current challenges at a time when the world economy and livelihoods are being threatened by the pandemic.
Food security is also an urgent issue at the moment due to supply chain disruptions and geopolitical factors, Pinit said. He believes that the GDI can help countries reduce disputes and return to the track of dialogue.
Photo (1) A Fuxing bullet train runs through Yuanjiang grand bridge on the China-Laos Railway in Southwest China’s Yunnan Province, June 1, 2022. (Xinhua/Jiang Wenyao)
Photo(2) A container of fruits from Thailand is transported from China-Laos Railway cargo train to a truck at Nateuy Station in Luang Namtha Province, Laos, April 1, 2022. (Photo by Gao Jiabing/Xinhua)