Connect with us

Asia

ထိုင်းနိုင်ငံ နှင့် တရုတ်နိုင်ငံတို့က အစဉ်အလာရှိသော ချစ်ကြည်ရင်းနှီးမှု ဆက်လက်ဆောင်ရွက်ရန်နှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန် သဘောတူ

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာတို့ ဇူလိုင် ၅ ရက်တွင် ဘန်ကောက်မြို့၌ တွေ့ဆုံစဉ်(ဆင်ဟွာ)

ဘန်ကောက် ၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ နှင့် တရုတ်နိုင်ငံတို့သည် အစဉ်အလာရှိသော ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်ဆောင်ရွက်ရန်၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန်နှင့် အနာဂတ်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အစီအစဉ်ချမှတ်ရန် ဇူလိုင် ၅ ရက်တွင် သဘောတူခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် တွေ့ဆုံစဉ် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ထိုင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံက အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအဆိုပြုချက် (GDI) နှင့် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအဆိုပြုချက်(GSI) တို့အား အလွန်အရေးပါမှုအဖြစ် အလေးထားမှတ်ယူကြောင်းနှင့် အလွန်အမင်းဆင်းရဲနွမ်းပါးမှု လျော့ပါးရေးအတွက် တရုတ်နိုင်ငံ၏ ကြီးမားသောအောင်မြင်မှုများအား လေးစားကြောင်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွေ့အကြုံများမှ သင်ယူနိုင်ရန် ၊ ခေတ်ရေစီးကြောင်းကို အမိအရဖမ်းဆုပ်နိုင်ရန် ၊ နယ်ပယ်အားလုံးတွင် ထိုင်း-တရုတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအတွက် သမိုင်းဝင်အခွင့်အလမ်းနှင့် တွန်းအားကို လက်မလွှတ်တမ်းအသုံးချနိုင်ရန် မျှော်လင့်ကြောင်း ထိုင်းနိုင်ငံဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံတို့သည် နှစ်နိုင်ငံခေါင်းဆောင်များ၏ မဟာဗျူဟာမြောက်လမ်းညွှန်မှုတို့မှ အကျိုးကျေးဇူးများရှိသော ကောင်းမွန်၍ တည်ငြိမ်သော ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုကို မျက်မြင်တွေ့ရပြီဖြစ်ကြောင်း၊ နှစ်နိုင်ငံကြား အစဉ်အလာရှိသော ချစ်ကြည်ရင်းနှီးမှုက ရင်းနှီးသော မိသားစုသဖွယ်၊ ခိုင်မာသော နိုင်ငံရေးယုံကြည်ချက်လည်း ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ပြောကြားခဲ့သည်။

ယခုနှစ်သည် တရုတ်-ထိုင်း နှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ထူထောင်သည့် ၁၀ နှစ်ပြည့်မြောက်သည့် အထိမ်းအမှတ် ဖြစ်ကြောင်း မှတ်ချက်ပြုကာ ဝမ်ရိက နှစ်နိုင်ငံအနေဖြင့် တရုတ်-ထိုင်း ကံကြမ္မာအကျိုးတူအသိုက်အဝန်းအား ရည်မှန်းချက် နှင့် မျှော်မှန်းချက် တစ်ခုအဖြစ် ပူးတွဲတည်ဆောက်သွားရန် ၊ မိသားစုသဖွယ် ရင်းနှီးသော တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ” ဟူသော အနက်အဓိပ္ပါယ် ပိုမိုသက်ရောက်စေရန်နှင့် နှစ်နိုင်ငံအတွက် ပိုမိုတည်ငြိမ် ၊ ကြွယ်ဝချမ်းသာပြီး ရေရှည်တည်တံ့သောအနာဂတ်အတွက် တစ်ဟုန်ထိုးတက်ရန် သဘောတူကြောင်း ဝမ်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံတို့သည် သင့်တင့်လျောက်ပတ်သောချန်နယ်များဖြင့် ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေရန်၊ ပိုမိုကောင်းမွန်သောထောက်ပံ့ပို့ဆောင်ရေးဖြင့် စီးပွားရေး နှင့် ကုန်သွယ်ရေးအား မြှင့်တင်ရန်နှင့် စီးပွားရေးနှင့် ကုန်သွယ်ရေး အားကောင်းလာခြင်းဖြင့် စက်မှုလုပ်ငန်း တိုးတက်ရေး လွယ်ကူစေရန်အတွက် တရုတ်-လာအို-ထိုင်း ရထားလမ်း တည်ဆောက်ခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်နိုင်ကြောင်း ဝမ်က ပြောခဲ့သည်။

ပိုမိုအဆင်ပြေပြီး အကုန်အကျသက်သာကာ ပို၍ထိရောက်မှုရှိသော နယ်စပ်ဖြတ်ကျော်သယ်ယူပို့ဆောင်ရေး လုပ်ဆောင်ရန် အအေးခန်းကုန်တင်ရထားများ ၊ ခရီးသွားလုပ်ငန်းလမ်းကြောင်းများ နှင့် ဒူးရင်းသီး အမြန်ရထားများအား ပိုမိုဆောင်ရွက်နိုင်ကြောင်း ဝမ်ရိက အကြံပြုခဲ့သည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်က ထိုင်းနိုင်ငံ နှင့် တရုတ်နိုင်ငံသည် ကာလကြာရှည် ချစ်ကြည်ရင်းနှီးမှု နှင့် အကျိုးများသောလက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ မြင်တွေ့လျက်ရှိကြောင်း ၊ ယင်းမှာ နှစ်နိုင်ငံအတွက် ကံကြမ္မာအကျိုးတူအသိုက်အဝန်းတစ်ခုအား ပူးတွဲတည်ဆောက်ရေးနှင့်ပတ်သက်၍ သဘောတူညီချက်တစ်ရပ် ရရှိရန် အရေးပါကြောင်း နှင့် ထိုအရာများ အဆင့်မြင့်တင်ရာတွင် တရုတ်နိုင်ငံနှင့်အတူ လုပ်ဆောင်ရန် အဆင်သင့်ရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်ပိုးလမ်းမအဆိုပြုချက်နှင့်အတူ “Thailand 4.0” ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာအား ပေါင်းစပ်ဆောင်ရွက်ရေး ၊ ထိုင်း – တရုတ် – လာအို ရထားလမ်းပေါ်တွင် အခြေပြုသည့် တတိယအဖွဲ့ဈေးကွက်ပူးပေါင်းဆောင်ရွက်မှုအား ဆက်လက်လုပ်ဆောင်သွားရေး နှင့် နယ်စပ်ဖြတ်ကျော် ရထားလမ်း အလားအလာအလုံးစုံအား ထုတ်ဖော်ရေးအတွက် မျှော်လင့်ကြောင် ထိုင်း ဝန်ကြီးချုပ်ပရာယွတ်က ထုတ်ဖော်ပြောကြားခဲ့သည်။

နှစ်နိုင်ငံလုံးက ယခုနှစ်တွင် ကျင်းပမည့် APEC အလွတ်သဘော ခေါင်းဆောင်များ၏ အစည်းအဝေးအပေါ် အမြင်များ ဖလှယ်ခဲ့သည် ဟု ဆိုသည်။

ထိုင်းနိုင်ငံအနေဖြင့် အာရှ-ပစိဖိတ် ၊ အာရှ-ပစိဖိတ်လွတ်လပ်သောကုန်သွယ်ရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ဆောက်ရေး အပေါ် အာရုံစိုက်မှုများဖြင့် ၂၀၂၂ ခုနှစ်ဆိုင်ရာ APEC အိမ်ရှင်နိုင်ငံအဖြစ် အရေးကြီးသောအခန်းကဏ္ဍတစ်ခုမှ ပါဝင်နေသည့် ထိုင်းနိုင်ငံအား အပြည့်အဝထောက်ခံကြောင်းနှင့် သို့မှသာ ဒေသတွင်း ပေါင်းစည်းခြင်းလုပ်ငန်းစဉ်အတွင်းသို့ သစ်လွင်၍ အားကောင်းသောတွန်းအားများ ဖြည့်သွင်းနိုင်မည်ဖြစ်ကြောင်း ဝမ်က ပြောကြားခဲ့သည်။

ဝမ်ရိသည် ထိုင်းနိုင်ငံ ၊ ဖိလစ်ပိုင်နိုင်ငံ ၊ အင်ဒိုနီးရှားနိုင်ငံ နှင့် မလေးရှားနိုင်ငံများသို့ အာရှခရီးစဉ် သွားရောက်နေခြင်းဖြစ်သည်။ ထို့ပြင် ၎င်းသည် ဇူလိုင် ၄ ရက်တွင် မြန်မာနိုင်ငံ၌ ကျင်းပခဲ့သည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………………………
(English Version)

Thailand, China agree to carry on traditional friendship, expand bilateral cooperation
Source: Xinhua Editor: huaxia 2022-07-06 01:14:15
Chinese State Councilor and Foreign Minister Wang Yi said China and Thailand have witnessed healthy and stable development of relations, which benefits from the strategic guidance of their leaders, the traditional friendship of China and Thailand who are close like a family, and the firm political trust between the two countries.
BANGKOK, July 5 (Xinhua) — Thailand and China agreed here Tuesday to carry on traditional friendship, expand bilateral cooperation and plan for the future development of relations.
While meeting with Chinese State Councilor and Foreign Minister Wang Yi, Thai Prime Minister Prayut Chan-o-cha said his country attaches great importance to the China-proposed Global Development Initiative and Global Security Initiative and admires China’s great achievements in eliminating extreme poverty.
Thailand expects to learn from China’s development experience, grasp the trend of the times, seize the historical opportunity and push for the Thailand-China cooperation in all fields, the Thai prime minister said.
Wang said China and Thailand have witnessed healthy and stable development of relations, which benefits from the strategic guidance of the leaders of the two countries, the traditional friendship of China and Thailand that are close like a family, and the firm political trust between the two countries.
Noting that this year marks the 10th anniversary of the establishment of the comprehensive strategic cooperative partnership between the two countries, Wang said the two sides agreed to set the joint construction of the China-Thailand community with a shared future as a goal and vision, work together to enrich the connotation of “China and Thailand are close like a family,” and forge ahead for a more stable, prosperous and sustainable future for the two countries.
Wang said China and Thailand could work on building a China-Laos-Thailand Railway to smooth the flow of goods with convenient channels, promote economy and trade with better logistics, and facilitate the growth of industries with robust economy and trade.
More cold-chain freight trains, tourism routes and durian expresses could be launched to make cross-border transportation more convenient, less costly, and more efficient, Wang suggested.
Prayut said Thailand and China enjoy long-standing friendship and fruitful practical cooperation. It is significant for the two sides to have reached a consensus on jointly building a community with a shared future, and Thailand stands ready to work with China in advancing it.
He expressed hope to further synergize the “Thailand 4.0” development strategy with China’s Belt and Road Initiative, carry out the third party market cooperation based on Thailand-China-Laos Railway, and unleash the full potential of the border-crossing railway.
Both sides exchanged views over the APEC Informal Leaders’ Meeting to be held this year.
Wang said China fully supports Thailand in playing an important role as the APEC host country for 2022 with focuses on the Asia-Pacific, development and the construction of the Asia-Pacific free trade zone, so as to inject a new and strong impetus into the regional integration process.
Wang is on an Asia tour, which takes him to Thailand, the Philippines, Indonesia and Malaysia. He co-chaired the Lancang-Mekong Cooperation Foreign Ministers’ Meeting on Monday in Myanmar.■
Photo – Thai Prime Minister Prayut Chan-o-cha (R) meets with Chinese State Councilor and Foreign Minister Wang Yi in Bangkok, Thailand, July 5, 2022. (Xinhua/Wang Teng)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.