Connect with us

North America

အမေရိကန်နိုင်ငံက မျောက်ကျောက်ရောဂါဖြစ်ပွားမှုထိန်းချုပ်ရေး ဆုံးရှုံးနိုင်ခြေရှိကြောင်း The Hill သတင်းဖော်ပြ

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်အား ဇွန် ၂၂ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသည် အစိုးရတုံ့ပြန်မှုနှေးကွေးသောကြောင့် မျောက်ကျောက်ရောဂါဖြစ်ပွားမှုအား ထိန်းချုပ်ရေး ဆုံးရှုံးနိုင်ခြေအန္တရာယ်ရှိကြောင်း ဆေးဘက်ဆိုင်ရာပညာရှင်များက သတိပေးလျက်ရှိကြောင်း The Hill သတင်းစာက ဖော်ပြခဲ့သည်။အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၏ အစိုးရအဖွဲ့က မျောက်ကျောက်ရောဂါဖြစ်ပွားမှုအား တုံ့ပြန်ရန် နှေးကွေးလွန်းကာ ယင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ အစောပိုင်းနေ့ရက်များ၏ အဆိုးဆုံးအစိတ်အပိုင်းများအား ထင်ဟပ်လျက်ရှိကြောင်း ဇူလိုင် ၃ ရက်တွင် ဖော်ပြခဲ့သည်။

ဖြစ်ကတတ်ဆန်းလုပ်ဆောင်သော COVID-19 ရောဂါ တုံ့ပြန်မှုတွင် “ရောဂါစစ်ဆေးမှု ဆိုးဝါးစွာအကန့်အသတ်ဖြစ်ခြင်း နှင့် ကာကွယ်ဆေးထွက်ရှိမှု နှေးကွေးခြင်းများ ပါဝင်ပြီး ရောဂါပိုးပျံ့နှံ့မှုကို မတွေ့ရှိနိုင်တာမျိုးဆီ ဦးတည်နေကြောင်း” ကူးစက်ရောဂါ ကျွမ်းကျင်သူများနှင့် ပြည်သူ့ကျန်းမာရေးပံ့ပိုးသူများ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းက ဖော်ပြခဲ့သည်။

အစိုးရအဖွဲ့သည် ရောဂါစစ်စစ်ဆေးမှု စွမ်းဆောင်ရည်အား တိုးချဲ့လျက်ရှိပြီး ကာကွယ်ဆေးထိုးခြင်းအား ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ထားသော်လည်း ယင်းကြိုးပမ်းမှုများ နောက်ကျလွန်းနေပြီဟု ဝေဖန်သူများက ပြောကြားထားကြောင်း သတင်း၌ ဖြည့်စွက်ဖော်ပြခဲ့သည်။ (Xinhua)

————————-
(English Version)
U.S. at risk of losing control of monkeypox outbreak: The Hill
Source: Xinhua Editor: huaxia 2022-07-06 12:46:12
WASHINGTON, July 5 (Xinhua) — Medical experts are warning that the United States is at risk of losing control of the monkeypox outbreak due to sluggish government response, The Hill has reported.
U.S. President Joe Biden’s administration “has been too slow to respond to the monkeypox outbreak,” which “mirrors the worst parts of the early days of the coronavirus pandemic,” the report said on Sunday.
The botched COVID-19 response included “severely limited testing and a sluggish rollout of vaccines, leading to a virus that’s spreading undetected,” the report said, quoting infectious disease experts and public health advocates.
Though the administration has been expanding testing capacity and broadening access to vaccinations, critics say the efforts may be coming too late, it added. ■
Photo – Photo taken on June 22, 2022 shows the White House in Washington, D.C., the United States. (Xinhua/Liu Jie)