Connect with us

Politics, Law & Military

ဟုန်ထျင်းဖိုရမ်-တရုတ်ကွန်မြူနစ်ပါတီ (၂၀)ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ နှင့် တရုတ်ကွန်မြူနစ်ပါတီအား လေ့လာခြင်း

တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ တရုတ်ကွန်မြူနစ်ပါတီ ပြတိုက်၌ “ဟုန်ထျင်းဖိုရမ်- တရုတ်ကွန်မြူနစ် (၂၀) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံအား လေ့လာခြင်း” ဆွေးနွေးပွဲဖိုရမ် ကျင်းပနေသည်ကို နိုဝင်ဘာ ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏သမိုင်းနှင့်စာပေအချက်အလက်များဆိုင်ရာ သုတေသနဌာန နှင့် ဆင်ဟွာ သတင်းဌာနတို့ ပူးတွဲ၍ ကြီးမှူးကျင်းပသော “ဟုန်ထျင်းဖိုရမ်-တရုတ်ကွန်မြူနစ်ပါတီ (၂၀)ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံအား လေ့လာခြင်း”ဟူသော ဆွေးနွေးပွဲဖိုရမ်ကို နိုဝင်ဘာ ၂ ရက်က တရုတ်ကွန်မြူနစ်ပါတီ သမိုင်းပြတိုက် အနီရောင်ခန်းမကြီးတွင် ကျင်းပရာ တရုတ်နိုင်ငံ၏ အတွေ့အကြုံများကို မိတ်ဆက်ပြောကြားခဲ့ပြီး ခေတ်ကာလ၏အသံကို လက်ဆင့်ကမ်းပေးခဲ့သည်။
မကြာသေးမီက ကျင်းပခဲ့သော တရုတ်ကွန်မြူနစ်ပါတီ (၂၀)ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံက တရုတ်နိုင်ငံ၏ ကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုများနှင့် တရုတ်ကွန်မြူနစ်ပါတီ၏ ခိုင်မာအားကောင်းသော ဦးဆောင်မှုများကို ကမ္ဘာက တွေ့မြင်ခဲ့သည်။ ပါတီညီလာခံ၏ မူဝါဒဆုံးဖြတ်စီမံမှုများက တရုတ်နိုင်ငံကို နက်ရှိုင်းသော သက်ရောက်မှု ရှိစေရုံသာမက လက်ရှိ မရေရာမှုများနှင့်ပြည့်နှက်နေသည့် ကမ္ဘာကြီးအတွက် ယုံကြည်ချက်များ ဖြည့်တင်းပေးခဲ့သည်။

တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ တရုတ်ကွန်မြူနစ်ပါတီ ပြတိုက်၌ “ဟုန်ထျင်းဖိုရမ်- တရုတ်ကွန်မြူနစ် (၂၀) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံအား လေ့လာခြင်း” ဆွေးနွေးပွဲဖိုရမ် ကျင်းပနေသည်ကို နိုဝင်ဘာ ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဟုန်ထျင်းဖိုရမ်တွင် “ပါတီသည် အချက်အချာ”၊ “တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းမှု”၊ “တရုတ်နိုင်ငံ၏ ထူးချွန်ကောင်းမွန်သော ရိုးရာယဉ်ကျေးမှု”စသည့် ခေါင်းစဉ်များဖြင့် ပြည်တွင်း၊ ပြည်ပမှလာရောက်သော ပညာရှင်များ၊ သတင်းမီဒီယာစာနယ်ဇင်းများက နက်ရှိုင်းစွာ ဆွေးနွေးဖလှယ်ပြီး ကမ္ဘာ့မြေပုံညွှန်းထဲက တရုတ်ကွန်မြူနစ်ပါတီ (၂၀)ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံအကြောင်းကို လေ့လာခဲ့ကြသည်။

တရုတ်နိုင်ငံ၏ကိစ္စရပ်များကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရေးတွင် ပါတီသည် အချက်အချာ ဖြစ်သည်။ ပမာဏ ဧရာမကြီးမားသည့် စီးပွားရေးနိုင်ငံဖြစ်သော တရုတ်နိုင်ငံအနေဖြင့် ရှေ့သို့ လျှောက်လှမ်းမည့် ခြေလှမ်းတိုင်းသည် အားကောင်းခိုင်မာသော ဦးဆောင်မှုနှင့် ကင်းကွာ၍မရချေ။

“တရုတ်ကွန်မြူနစ်ပါတီသည် တရုတ် အမျိုးသားပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးသည့် ခိုင်မာအားကောင်းသော ဦးဆောင်စွမ်းအား ဖြစ်သည်။”
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ သမိုင်းနှင့် စာပေအချက်အလက်များဆိုင်ရာ သုတေသနဌာန အကြီးအကဲ၊ ဗဟိုပါတီသမိုင်းနှင့် စာပေအချက်အလက်များဆိုင်ရာ သုတေသနဌာန Think Tank ကောင်စီ ဥက္ကဋ္ဌ ချွီချင်းဆန်းက တရုတ်ကွန်မြူနစ်ပါတီသည် တရုတ်ပြည်သူများ၏ သာယာချမ်းမြေ့ရေး၊ တရုတ် အမျိုးသားပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းသည့် ပါတီ ဖြစ်သကဲ့သို့ လူသားမျိုးနွယ်၏ဖွံ့ဖြိုးတိုးတက်မှု၊ ကမ္ဘာ့သာယာဝပြောမှုအတွက် ကြိုးပမ်းသည့် ပါတီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ခေတ်သစ် ၁၀ နှစ်တာကာလသည် ရှီကျင့်ဖိန်အား ဗဟိုပြုထားသည့် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ ခိုင်မာသော ဦးဆောင်မှုအောက်တွင် တရုတ်ကွန်မြူနစ်ပါတီက ခိုင်မာသောအသိနှင့် မူလသမိုင်းပေးတာဝန်ကို အကောင်အထည်ဖော်ဆောင်ကာ တရုတ်အမျိုးသားတစ်ရပ်လုံးကို ဦးဆောင်၍ ရပ်တည်ခြင်း၊ ကြွယ်ဝချမ်းသာခြင်းမှ အင်အားတောင့်တင်းခိုင်မာခြင်းအထိ ကြီးမားသော ခုန်ပျံကျော်လွှားမှုကို တွန်းအားပေး ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ၊ ဆင်ဟွာသတင်းဌာန နိုင်ငံအဆင့်မြင့်ပညာရှင်များ ပညာရပ်ပိုင်းဆိုင်ရာကော်မတီ ညွှန်ကြားရေးမှူး ဖုဟွာက တရုတ်ကွန်မြူနစ်ပါတီက အဘယ်ကြောင့် စွမ်းဆောင်နိုင်သနည်း၊ တရုတ်သွင်ပြင်လက္ခဏာရှိသော ဆိုရှယ်လစ်ဝါဒက အဘယ်ကြောင့် ကောင်းမွန်ရသနည်း ဆိုလျှင် ၎င်း၏ အရင်းအမြစ်မှာ မာ့ခ်ဝါဒ၏ စွမ်းဆောင်နိုင်ခြင်း၊ တရုတ်အသွင်ဖြင့် ခေတ်မီသော မာ့ခ်ဝါဒ၏ စွမ်းဆောင်နိုင်ခြင်းကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရှီကျင့်ဖိန်၏ ခေတ်သစ် တရုတ်သွင်ပြင်လက္ခဏာဖြင့် ဆိုရှယ်လစ်ဝါဒ အတွေးအခေါ်သည် မျက်မှောက်ခေတ် တရုတ်နိုင်ငံ၏ မာ့ခ်ဝါဒ၊ ၂၁ ရာစု မာ့ခ်ဝါဒ ဖြစ်သကဲ့သို့ တရုတ်ယဉ်ကျေးမှုနှင့် တရုတ်စိတ်ဓါတ်၏ ခေတ်ကာလ အနှစ်သာရဖြစ်ရာ တရုတ်အသွင် မာ့ခ်ဝါဒ ခေတ်ကာလအသွင်ပြောင်း ကျော်လွှားမှုအသစ် ဖြစ်ကြောင်း ဆိုသည်။ တရုတ်နိုင်ငံ၏ လွန်ခဲ့သည့် ၅ နှစ်အတွင်း သာမာန်နှင့်မတူ ထူးခြားစွာ ရရှိခဲ့သော အောင်မြင်မှုရလဒ်များနှင့် ခေတ်သစ် ၁၀ နှစ်တာကာလ ကြီးမားသော ပြုပြင်ပြောင်းလဲမှုများက ရှီကျင့်ဖိန်၏ ခေတ်သစ်တရုတ်သွင်ပြင်လက္ခဏာရှိသော ဆိုရှယ်လစ်ဝါဒ အတွေးအခေါ်၏ မှန်ကန်သည့် စွမ်းအားနှင့် ကြီးမားသော အကောင်အထည်ဖော်ဆောင်နိုင်မှုအင်အားကို အပြည့်အဝ ပြသခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ သမိုင်းနှင့် စာပေအချက်အလက်များဆိုင်ရာ သုတေသနဌာန ဒုတိယ အကြီးအကဲ ဟွမ်ရိပင်းက “ပါတီသည် အချက်အချာ”ဖြစ်ခြင်းက ခေတ်သစ် တရုတ်သွင်ပြင်လက္ခဏာရှိသောဆိုရှယ်လစ်ဝါဒလုပ်ငန်းဆောင်တာများတွင် တရုတ်ကွန်မြူနစ်ပါတီက ဦးဆောင်မှုဗဟိုအချက်အချာနေရာတွင် ရှိကြောင်းကို ဖော်ပြနေကြောင်း၊ ၎င်းမှာ ယခင်က တရုတ်ကွန်မြူနစ်ပါတီ အဘယ်ကြောင့် အောင်မြင်မှုရရှိခဲ့ခြင်း၏ အရေးကြီးသော အတွေ့အကြုံ ဖြစ်ကြောင်း၊ အနာဂတ်တွင် တရုတ်ကွန်မြူနစ်ပါတီသည် မည်သို့ ဆောင်ရွက်မှသာ အောင်မြင်မှုများ ဆက်လက်ရရှိမည်နည်း ဟူသော အခြေခံအရင်းအမြစ် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ “ပါတီသည် အချက်အချာ”ဆိုသည်မှာ နက်ရှိုင်းသောသမိုင်း၏လှုံ့ဆော်မှု ၊ လေးနက်သော ပြည်သူ၏ရွေးချယ်မှု၊ မြင့်မြတ်သော သမိုင်းပေးတာဝန်၊ တစ်ခုတည်းသော ရှင်းလင်းခိုင်မာမှု ဖြစ်သည်ဟု ဆိုသည်။

“တရုတ်နိုင်ငံက နှစ်ပေါင်းများစွာ ရရှိလာသော အောင်မြင်မှုရလဒ်များ၏ အကျိုးဆောင်မှု အများစုမှာ တရုတ်ကွန်မြူနစ်ပါတီ ဖြစ်သည်။”
ကာဂျစ္စတန် အမျိုးသားမဟာဗျူဟာ သုတေသနဌာန အကြံပေး ရှရက်ဒယ်လ်ဘက်ဂလိုက တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုအခန်းကဏ္ဍက တရုတ်လူမျိုးများ “အစော်ကားခံရမှု ရာစုနှစ်”၏ ခြေချင်းဝတ်ကို ဖြုတ်ချနိုင်ခဲ့ပြီး မိမိ၏စီးပွားရေးကို တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှု၊ တရုတ်ကွန်မြူနစ်ပါတီ၏ အမြော်အမြင်ကြီးမားသော မူဝါဒ လမ်းညွှန်မှုအောက်တွင် တရုတ်ပြည်သူများက ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ကို မုချ ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ခေတ်အဆက်ဆက် မျိုးဆက်များ၏ စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုဖြင့် တရုတ်နိုင်ငံက ခေတ်မီအသွင် လမ်းကြောင်းသစ်ကို ဖွင့်လှစ်လိုက်ရာ လူသားမျိုးနွယ် လူမှုဖွံ့ဖြိုးတိုးတက်ရေးအလားအလာ ပို၍ ကျယ်ပြန့်စေခဲ့သည်။ ဆွေးနွေးပွဲ၌ ပါဝင်သူများက တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းခြင်း၏ ကမ္ဘာ့အနက်အဓိပ္ပါယ်နှင့် ခေတ်ကာလတန်ဖိုးကို အလေးအနက်ထား ချီးကျူးပြောကြားခဲ့သည်။

“တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းခြင်းသည် တရုတ်ကွန်မြူနစ်ပါတီ ဦးဆောင်သော ဆိုရှယ်လစ်ဝါဒ ခေတ်မီအသွင်ပြောင်းခြင်း ဖြစ်ရာ နိုင်ငံအသီးသီး၏ ခေတ်မီအသွင်ပြောင်းသော လက္ခဏာများနှင့်တူညီမှုရှိသလို မိမိနိုင်ငံ၏အခြေအနေပေါ်တွင် အခြေတည်သော တရုတ်အသွင်အပြင် ပို၍ ရှိသည်။ ”
ဆင်ဟွာ သတင်းဌာန ဒုတိယ ဥက္ကဋ္ဌ၊ ဆင်ဟွာသတင်းဌာန နိုင်ငံအဆင့်မြင့်ပညာရှင်များ ပညာရပ်ပိုင်းဆိုင်ရာ ကော်မတီ ဒုတိယ အမှုဆောင်ညွှန်ကြားရေးမှူး ကျောက်ချိန်က တရုတ်ပုံစံခေတ်မီအသွင်ပြောင်းခြင်းသည် ပြည်သူများ၏ သာယာလှပသောဘဝ မျှော်မှန်းချက်အား ဖော်ဆောင်ခြင်းကို ခေတ်မီအသွင်ပြောင်း တည်ဆောက်ရေး၏ စမှတ်တည်ထား ဖော်ဆောင်မှုအဖြစ် ထားရှိခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ လူမှုတရားမျှတရေးကို မြှင့်တင်ထိန်းသိမ်းခြင်းကို အားထားဆောင်ရွက်၍ ရုပ်ဝတ္ထု ဘက်စုံပြည့်စုံမှုနှင့် လူကိုဗဟိုပြုသော ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို မပြတ်တွန်းအားပေးဆောင်ရွက်သွားခြင်း ဖြစ်ကြောင်း၊ ၎င်းမှာ ရုပ်ဝတ္ထုကြွယ်ဝမှုနှင့် စိတ်ဓါတ်ရေးရာပြည့်စုံမှုကို ပို၍ ဖန်တီးခြင်း ဖြစ်သကဲ့သို့ ပြည်သူများတစ်နေ့တစ်ခြား လိုအပ်လာသော သာယာလှပသည့် ဂေဟပတ်ဝန်းကျင်အတွက် အရည်အသွေးကောင်း ဂေဟစနစ်ထိန်းသိမ်းတည်ဆောက်မှုများကို ပို၍ ပံ့ပိုးခြင်း ဖြစ်သည်ဟု ဆိုသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ သမိုင်းနှင့် စာပေအချက်အလက်ဆိုင်ရာ သုတေသနဌာန၊ အမှတ် ၆ သုတေသနဌာန ညွှန်ကြားရေးမှူး ကျန်းစစ်ရီက တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းခြင်းသည် တရုတ်ကွန်မြူနစ်ပါတီ (၂၀)ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ အစီရင်ခံစာ၏ အဓိကအကြောင်းအရာ တစ်ခု ဖြစ်ကြောင်း ပြောခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ပြီးနောက် ကာလကြာရှည် စူးစမ်းလေ့လာ အကောင်အထည်ဖော်မှုများ ဆောင်ရွက်ခဲ့ကြောင်း ၊ အထူးသဖြင့် ခေတ်သစ်သို့ ရောက်ရှိလာပြီးနောက် တရုတ်ကွန်မြူနစ်ပါတီသည် ဆိုရှယ်လစ်ဝါဒ ခေတ်မီအသွင်ပြောင်းသော နိုင်ငံအပေါ် သိရှိမှုအဆက်မပြတ်နက်ရှိုင်းခြင်း၊ မဟာဗျူဟာ အဆက်မပြတ် ရင့်ကျက်လာခြင်း၊ အကောင်အထည်ဖော်မှုများ အဆက်မပြတ်စုံလင်လာခြင်းတို့နှင့်အတူ တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းခြင်းကို အောင်မြင်စွာ တွန်းအားပေး တိုးချဲ့ခဲ့သလို လူသားမျိုးနွယ် ယဉ်ကျေးမှုပုံစံသစ်အား ဖန်းတီးခဲ့ကြောင်း ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံ ခေတ်မီအသွင်ပြောင်းခြင်း၏ အကျိုးဆောင်မှု အများစုမှာ တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှု၊ တရုတ်နိုင်ငံ၏ မိမိသွင်ပြင်လက္ခဏာရှိသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ် လျှောက်လှမ်းမှုများကြောင့် ဖြစ်သည်။ ”

ဗြိတိန် နာမည်ကျော် ပညာရှင် Martin Jacques က တရုတ်နိုင်ငံခေတ်မီအသွင်ပြောင်း ဖွံ့ဖြိုးတိုးတက်ရေး၏ အဓိကအတွေးအခေါ်တစ်ခုမှာ ပို၍ တရားမျှတသော လူမှုအဖွဲ့အစည်း တည်ဆောက်ရန် ဖြစ်ကြောင်း၊ တရားမျှတမှုကို ဗဟိုပြုသည့် ခေတ်မီအသွင်ပြောင်းရေးလမ်းစဉ်ကို တရုတ်နိုင်ငံ လျှောက်လှမ်းလာပြီးနောက် ယင်းကဲ့သို့သော ဖွံ့ဖြိုးတိုးတက်မှုပုံစံက ကမ္ဘာအတွက် ကြီးမားသော သက်ရောက်မှု ရှိလာမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ခေတ်သစ်ကို ရှုမျှော်ကြည့်လျှင် တရုတ်နိုင်ငံ၏ ထူးချွန်ကောင်းမွန်သော ရိုးရာယဉ်ကျေးမှုများက ခေတ်ကာလများကို ကျော်ဖြတ်ကာ ခေတ်အဆက်ဆက် ဆက်ခံလာခြင်းနှင့်အတူ သစ်လွင်အားကောင်းနေဆဲဖြစ်သည်။

“တရုတ်၏ကောင်းမွန် ထူးချွန်သော ရိုးရာ ယဉ်ကျေးမှုများသည် တရုတ်လူမျိုးတို့၏ အသွေးအသားထဲတွင် နက်ရှိုင်းစွာ စီးဆင်းလျက်ရှိရာ တရုတ်လူမျိုးများ၏ဗီဇဆက်ခံရာ ဖြစ်သည်။”

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ သမိုင်းနှင့် စာပေအချက်အလက်များဆိုင်ရာ သုတေသနဌာန သုတေသနပညာရပ်နှင့်အယ်ဒီတာအဖွဲ့ ညွှန်ကြားရေးမှူး ဝမ်ကျွင်းဝေက တရုတ်၏ထူးချွန်ကောင်းမွန်သောရိုးရာယဉ်ကျေးမှုများက စဉ်ဆက်မပြတ်သော တရုတ် အမျိုးသားစိတ်ဓာတ်အင်အား၏ အထောက်အပံ့ဖြစ်ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ၏ နှစ် (၁၀၀) ကြိုးပမ်းမှု သမိုင်းအတွေ့အကြုံတွင် အစဉ်အမြဲ ခိုင်မာစွာဆက်ခံ၍ ကျယ်ပြန့်အောင်ဆောင်ရွက်ခဲ့ရာ တရုတ်ယဉ်ကျေးမှုနှင့်ကမ္ဘာ့ယဉ်ကျေးမှုအသီးသီး အပြန်အလှန်နှီးနှောဖလှယ်လေ့လာသင်ယူရေး၊ အတူဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေး ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဆင်ဟွာသတင်းဌာန သုတေသနဌာ၊ သုတေသီ ဖုရန်က တရုတ်၏ထူးချွန်ကောင်းမွန်သော ရိုးရာယဉ်ကျေးမှုသည် တရုတ်ယဉ်ကျေးမှု အနှစ်သာရဖြစ်သကဲ့သို့ တရုတ်လူမျိုးတို့၏ဇာစ်မြစ်ဖြစ်ကြောင်း၊ ရိုးရာယဉ်ကျေးမှု၏ ဖန်တီးမှုအသွင်ပြောင်းခြင်း၊ ဆန်းသစ်ဖန်တီးမှုအား ဆက်ခံခြင်းသည် ပါတီ၊ နိုင်ငံနှင့် လူမျိုးတစ်ရပ်လုံး စည်းလုံးညီညွတ်စွာ ကြိုးပမ်းမည့် တူညီသောအတွေးအခေါ်၏ အခြေခံကို ခိုင်မာစေသကဲ့သို့ တရုတ် အမျိုးသားတစ်ရပ်လုံး၏ တစ်သားတည်းအတွေးအခေါ်ဖြစ်သည့် အားကောင်းသော ယဉ်ကျေးမှုယုံကြည်ချက်ကို ပို၍ စုစည်းခိုင်မာစေရာ တရုတ်နိုင်ငံက ဆိုရှယ်လစ်ဝါဒ ခေတ်မီအသွင်ပြောင်းသော အင်အားကြီးနိုင်ငံအဖြစ်သို့ အဆက်မပြတ် လျှောက်လှမ်းခြင်းကို တွန်းအား ဖြစ်စေကြောင်း ပြောကြားခဲ့သည်။

“တရုတ်ကွန်မြူနစ်ပါတီ (၂၀)ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ အစီရင်ခံစာကို အသေးစိတ်လေ့လာဖတ်ရှုကြည့်မည် ဆိုလျှင် တရုတ်နိုင်ငံ၏ မူဝါဒအသီးသီးတွင် တရုတ်ရိုးရာယဉ်ကျေးမှုအတွေးအခေါ်များ ချိတ်ဆက်ထားသည်ကို တွေ့ရမည် ဖြစ်သည်။”
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ သမိုင်းနှင့်စာပေအချက်အလက်များဆိုင်ရာ သုတေသနဌာန ပြည်ပ ပညာရှင် အန်းကျီက လက်ရှိ တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုများတွင် ထဲထဲဝင်ဝင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိရာ နိုင်ငံတကာအသိုင်းအဝိုင်းအတွက် တရုတ်နိုင်ငံ၏ဉာဏ်ပညာ၊ တရုတ်နိုင်ငံ၏ နည်းလမ်း၊ တရုတ်နိုင်ငံ၏ အင်အားများကို ပံ့ပိုးပေးလျက်ရှိကြောင်း၊ တရုတ်ရိုးရာယဉ်ကျေးမှုသည် တရုတ်ပြည်သူများ၏ အဖိုးတန်သောအရာ ဖြစ်သကဲ့သို့ ကမ္ဘာကြီးတစ်ခုလုံးကိုလည်း နက်ရှိုင်းသော သက်ရောက်မှု ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)