Connect with us

Europe

တရုတ်နိုင်ငံက အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအဆိုပြုချက်က ကမ္ဘာ့ငြိမ်းချမ်းရေး ၊ တည်ငြိမ်ရေးကို အထောက်အပံ့ပြုနိုင်ကြောင်း ပညာရှင်ပြောကြား

ဒါဖာဒေသဆိုင်ရာ ကုလသမဂ္ဂ-အာဖရိကသမဂ္ဂ စစ်ရေးမစ်ရှင်အဖွဲ့ (UNAMID) ၏ ပူးတွဲ အထူးကိုယ်စားလှယ် Anita Kiki Gebe က ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၇ ရက်တွင် ဆူဒန်နိုင်ငံ El-Fashir မြို့၌ ဒုတိယမြောက် တရုတ်နိုင်ငံထုတ် အလယ်အလတ်တန်းစား ဘက်စုံရဟတ်ယာဉ်တပ်ဖွဲ့ (CMUHU02) မှ တပ်ဖွဲ့ဝင်တစ်ဦးအား ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုဂုဏ်ပြုဆုတံဆိပ်ပြား ပေးအပ်ချီးမြှင့်စဉ်(ဆင်ဟွာ)

ကိုင်ရို ၊ ဇွန် ၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံက မကြာသေးမီတွင် အဆိုပြုခဲ့သော ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအဆိုပြုချက်သည် ကမ္ဘာ့ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးကို အားကောင်းလာစေလိမ့်မည် ဖြစ်ကြောင်း ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။“ဒီလုံခြုံရေးအဆိုပြုချက်ကနေ နိုင်ငံတွေက စစ်ပွဲတွေ ၊ ပဋိပက္ခတွေမဖြစ်အောင် ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းထားနိုင်တဲ့ မျှတတဲ့ဆက်ဆံရေးတွေကို ရှာဖွေဖို့ တရုတ်နိုင်ငံက ကြိုးပမ်းနေပါတယ်။”ဟု အီဂျစ်-တရုတ် ကုန်သည်ကြီးများအသင်း အထွေထွေအတွင်းရေးမှူးချုပ် နှင့် တရုတ်ရေးရာ ပညာရှင် Diaa Helmy က ဆင်ဟွာသို့ မကြာသေးမီက ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ပြောကြားခဲ့သည်။

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ NATO ဌာနချုပ်၌ အလံများ လွှင့်ထူထားသည်ကို ဧပြီလ ၆ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ယင်းအဆိုပြုချက်သည် အားလုံးအတွက် လေးစားမှု နှင့် လုံခြုံရေးအပေါ်တွင် အခြေခံပြီး ကမ္ဘာ့အစီအစဉ်အသစ်တစ်ခုကို အသုံးချနိုင်လိမ့်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရုရှား-ယူကရိန်း ပဋိပက္ခနှင့် စပ်လျဉ်း၍ “ယူကရိန်းပြည်သူတွေရဲ့ အကျိုးစီးပွားတွေ ၊ ဓနဥစ္စာတွေကို စွန့်လွှတ်ပြီး ရုရှားစစ်တပ်ကို အားနည်းဆုတ်ယုတ်စေဖို့ အမေရိကန်နိုင်ငံက ယူကရိန်းကို စမ်းသပ်တဲ့ပူဖောင်းတစ်လုံးလို အသုံးပြုနေပါတယ်။”ဟု ပညာရှင်က ပြောကြားခဲ့သည်။

အိုးမဲ့အိမ်မဲ့များ ငိုကြွေးနေပြီး ဒုက္ခသည်များ နှင့် ကပ်ဘေးသင့်သူများအတွက် လူအခွင့်အရေးတောင်းဆိုနေချိန်တွင် ယူကရိန်းနိုင်ငံ၏ ဒုက္ခသည်အကျပ်အတည်းအတွက် အမေရိကန်နိုင်ငံအား အပြစ်တင်ကြောင်း ပညာရှင် Diaa Helmy က ပြောကြားခဲ့သည်။

NATO သည် အရှေ့ဥရောပတွင် တိုးချဲ့မည်မဟုတ်ကြောင်း ကတိပြုခဲ့သော်လည်း ၎င်းတို့၏ စကားအတိုင်းလိုက်နာရန် ပျက်ကွက်ခဲ့ပြီး အရှေ့ဘက်သို့ဦးတည်ပြီး အကြိမ်ပေါင်းများစွာ တိုးချဲ့ကာ ဥရောပတွင် လုံခြုံရေးအကျပ်အတည်းကို ဖန်တီးနေကြောင်း ၎င်းက ပြောကြားခဲ့သည်။

မကြာသေးမီက အဆိုပြုခဲ့သည့် လုံခြုံရေးအဆိုပြုချက်သည် ကမ္ဘာ့ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် အရေးပါသောအခန်းကဏ္ဍတစ်ခုမှ ပါဝင်နိုင်မည် ဖြစ်ကြောင်း Diaa Helmy က ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံရဲ့ အဆိုပြုချက်တွေက ယုတ္တိမရှိတဲ့ တစ်ဖက်သတ်ပိတ်ဆို့အရေးယူမှုတွေအပေါ် အခြေမခံဘဲ ငြိမ်းချမ်းစွာ အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုအပေါ် အခြေခံတဲ့ ကမ္ဘာတစ်ခု ၊ ပူးပေါင်းဆောင်ရွက်မှုအပေါ် အခြေခံတဲ့ ညီညီညွတ်ညွတ် ပေါင်းစည်းနေတဲ့ကမ္ဘာတစ်ခုမှာ အလွန်အရေးကြီးပြီး ထိရောက်မှု ရှိမှာ ဖြစ်ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။

ရပ်ဝန်း နှင့် ပိုးလမ်းမအဆိုပြုချက်အား ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုကို ဖြည့်ဆည်းပံ့ပိုးပေးသည့် အခြေခံအဆောက်အအုံများ ၊ ဆိပ်ကမ်းများ နှင့် လမ်းများ တည်ဆောက်ရေး နှင့် နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်၍ အဓိကထားခြင်းနှင့်အတူ ငြိမ်းချမ်းရေးအတွက် အင်အားတစ်ရပ်အဖြစ် ပညာရှင် Diaa Helmy က ချီးကျူးခဲ့ကြောင်း သိရသည်။ (Xinhua)

————————-
(English Version)
China-proposed Global Security Initiative could bolster world peace, stability, says expert
“China’s initiatives will be very important and effective in a cohesive world based on cooperation; a world based on peaceful negotiations and dialogue, not based on illogical unilateral sanctions,” an expert has said.
CAIRO, June 7 (Xinhua) — China’s recently proposed Global Security Initiative would strengthen world peace and stability, an expert has said.
“Through this security initiative, China seeks to find balanced relations that preserve world peace before countries plunge into wars and conflicts,” Diaa Helmy, secretary-general of the Egyptian-Chinese Chamber of Commerce and expert on Chinese affairs, told Xinhua in a recent interview.
Helmy said the initiative would serve a new world order based on respect for all and security for all.
Regarding the Russia-Ukraine conflict, the expert said, “the United States used Ukraine as a test balloon in order to weaken the Russian army, sacrificing the Ukrainian people, their interests and wealth.”
While “weeping over the homeless and demanding human rights for refugees and victims,” Helmy said the United States is to blame for Ukraine’s refugee crisis.
Helmy said NATO pledged not to expand in Eastern Europe but has failed to live up to its word, expanding eastward several times and creating a security crisis in Europe.
He said the newly-proposed security initiative could play a significant role in global peacemaking.
“China’s initiatives will be very important and effective in a cohesive world based on cooperation; a world based on peaceful negotiations and dialogue, not based on illogical unilateral sanctions,” Helmy said.
Helmy lauded the Belt and Road Initiative as a force for peace, with its focus “on the development of countries and the construction of infrastructure, ports and roads that serve and maintain global trade.” ■
Photo 1 – Anita Kiki Gebe, deputy joint special representative of the United Nations-African Union Mission in Darfur (UNAMID), awards UN peace medal to a soldier of the 2nd China Medium Utility Helicopter Unit (CMUHU02) in El-Fashir, Sudan, July 17, 2019. (Xinhua)
Photo 2 – Photo taken on April 6, 2022 shows a sculpture and flags at NATO headquarters in Brussels, Belgium. Meeting of NATO Ministers of Foreign Affairs was held at NATO headquarters on April 6 and 7. (Xinhua/Zheng Huansong)