Connect with us

Europe

၂၀၂၂ ခုနှစ် International Army Games ပြိုင်ပွဲများ ဩဂုတ်လတွင် ပြုလုပ်မည်

ရုရှားနိုင်ငံ မော်စကိုမြို့ အပြင်ဘက်တွင် ၂၀၁၉ ခုနှစ် International Army Games အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား၌ International Army Games အလံကို ၂၀၁၉ ခုနှစ် ဩဂုတ် ၃ ရက်၌ တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

၂၀၂၂ ခုနှစ် International Army Games ပြိုင်ပွဲကို နိုင်ငံ ၁၂ နိုင်ငံရှိ နယ်မြေများတွင် ဩဂုတ် ၁၃ ရက်မှ ၁၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၆ ရက်၌ ပြောကြားခဲ့သည်။

နိုင်ငံပေါင်း ၃၇ နိုင်ငံမှ အဖွဲ့ပေါင်း ၂၇၅ ဖွဲ့က စုစုပေါင်း ပြိုင်ပွဲ ၃၆ ခုကို ပါဝင်ယှဉ်ပြိုင်မည်ဟု အတည်ပြုထားကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့ပြင် နိုင်ဂျာနှင့် ရဝမ်ဒါ စသည့်နိုင်ငံများမှ အဖွဲ့များက ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲတွင် ပါဝင်မည်ဖြစ်ကာ ဗင်နီဇွဲလားနိုင်ငံကမူ ပြိုင်ပွဲများကို လက်ခံကျင်းပမည့် ပထမဆုံး တောင်အမေရိကနိုင်ငံဖြစ်လာခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖြည့်စွက်ဖော်ပြထားသည်။

International Army Games အားကစားပြိုင်ပွဲကို ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်များအတွက် အတွေ့အကြုံဖလှယ်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းရန် နိုင်ငံတကာပလက်ဖောင်းတစ်ခုအဖြစ် ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

……………………….
(English Version)
International Army Games 2022 to be held in August

Source: XinhuaEditor: huaxia2022-07-07 04:06:14

MOSCOW, July 6 (Xinhua) — The International Army Games 2022 will be held from Aug. 13 to 27 on the territories of 12 countries, the Russian Defense Ministry said on Wednesday.

So far, 275 teams from 37 countries have confirmed their participation in a total of 36 competitions, the ministry said in a statement.

Teams from Niger and Rwanda will take part in the event for the first time, while Venezuela will become the first South American country to host part of the games, it added.

The International Army Games, initiated by the Russian Defense Ministry, has served as an international platform for militaries to exchange experience and strengthen cooperation. ■
Photo : The flag of the International Army Games is seen during the opening ceremony of the International Army Games 2019 on the outskirts of Moscow, Russia, on Aug. 3, 2019. (Xinhua/Bai Xueqi)