Connect with us

Asia

တရုတ်နိုင်ငံ၏ အားကောင်းသော ကိုဗစ်လုံးဝကင်းစင်ရေး မူဝါဒက ပြည်သူများ၏ အသက်ရှင်သန်မှုအား ကာကွယ်ပေးရန် မရှိမဖြစ်လိုအပ်ကြောင်း ကမ္ဘာဒီးယားပညာရှင်ပြောကြား

တရုတ်နိုင်ငံ ပေကျင်းမြို့ Fengtai ခရိုင်အတွင်း nucleic acid စစ်ဆေးသည့်နေရာတစ်နေရာ၌ အလုပ်လုပ်ကိုင်နေကြသည့် စေတနာဝန်ထမ်းများအား မေ ၄ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဖနွမ်းပင် ၊ မေ ၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အားကောင်းသော ကိုဗစ်လုံးဝကင်းစင်ရေး(zero-COVID) ကိုင်တွယ်ဖြေရှင်းနည်းသည် ပြည်သူများ၏ အသက်ရှင်သန်ရေးအတွက် ကာကွယ်ရန် နှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအပေါ် ကပ်ရောဂါ၏ အကျိုးသက်ရောက်မှုအား လျော့ချရန် အရေးပါကြောင်း ကမ္ဘာဒီးယားပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။COVID-19 ရောဂါဖြစ်ပွားချိန်မှစတင်ကာ တရုတ်နိုင်ငံသည် ပြည်သူလူထု နှင့် ၎င်းတို့၏ အသက်ရှင်သန်မှုကို အမြဲဦးစားပေးခဲ့ကြောင်း နှင့် ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာသူများတွင် ရောဂါဖြစ်ပွားမှုများ နှင့် ပြည်တွင်း၌ ရောဂါပြည်လည်ဖြစ်ပွားခြင်း နှစ်ခုလုံးအား ကာကွယ်ရန် ကြိုးပမ်းအားထုတ်ခဲ့ကြောင်း BELTEI နိုင်ငံတကာတက္ကသိုလ်ရှိ အကြီးတန်းပါမောက္ခတစ်ဦးဖြစ်သူ Joseph Matthews က ဆင်ဟွာနှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ Beijing Chao-Yang ဆေးရုံ၌ လူနာတစ်ဦးအား ရွှေ့ပြောင်းပေးနေသည်ကို မေ ၂ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် အားကောင်းသော ကိုဗစ်လုံးဝ ကင်းစင်ရေးမူဝါဒအား ထောက်ခံခဲ့ပြီး ယင်း၏ အနှစ်သာရမှာ အကြီးမားဆုံးပမာဏအထိ ပြည်သူများ၏ ကျန်းမာရေး နှင့် အသက်ရှင်သန်မှုအား ကာကွယ်ရန် အသိုင်းအဝိုင်းအတွင်း ကူးစက်ရောဂါပိုး ဆက်တိုက်ပျံ့နှံမှုအား ရပ်တန့်ရန် စောစီးစွာ ရှာဖွေဖော်ထုတ်မှု နှင့် အလျှင်အမြန်တုံ့ပြန်ရေးအစီအမံများ ဖြစ်ကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ ဖနွမ်းပင်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လေဆိပ်ဝန်ထမ်းများက Sinovac COVID-19 ကာကွယ်ဆေးသေတ္တာများအား သယ်ယူနေသည်ကို မတ်လ ၂၉ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါ ကိုင်တွယ်ဖြေရှင်းနည်း နှင့် ဖွံ့ဖြိုးတိုးတက်မှုအသစ်များအား ထည့်သွင်းစဉ်းစားကာ ကပ်ရောဂါ ကာကွယ်ရေး နှင့် ထိန်းချုပ်ရေး အစီအမံများကို အဆက်မပြတ်ထိန်းညှိခြင်းကြောင့် တရုတ်နိုင်ငံသည် COVID-19 ရောဂါတိုက်ဖျက်ရာတွင် အရေးပါသော မဟာဗျူဟာမြောက် တိုးတက်မှုကို စွမ်းဆောင်နိုင်ခဲ့ကြောင်း အကြီးတန်းပါမောက္ခ Joseph Matthews က ပြောကြားခဲ့သည်။

“သက်ကြီးရွယ်အို အရေအတွက်အများကြီး နဲ့ လူဦးရေသိပ်သည်းတဲ့နိုင်ငံတစ်နိုင်ငံအနေနဲ့ ဒေသအသီးသီးအကြားမှာ ဖွံ့ဖြိုးတိုးတက်မှုက မမျှတနိုင်ဘူး ။ ဆေးဘက်ဆိုင်ရာအရင်းအမြစ်တွေ မလုံလောက်နိုင်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ တကယ်လို့ တရုတ်နိုင်ငံက ကပ်ရောဂါကာကွယ်ရေး နဲ့ ထိန်းချုပ်ရေးအပေါ်မှာ ဖြေလျော့ပေးလိုက်မယ်ဆိုရင် ရောဂါကူးစက်မှုကျယ်ပြန့်လာမှာ သေချာပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ အားကောင်းသော ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒသည် လူမှုရေး နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသာမက ပြည်သူများ၏ ကျန်းမာရေး နှင့် ဘေးကင်းလုံခြုံမှုကို အကြီးအကျယ်ခြိမ်းခြောက်နိုင်သည့် ပြင်းထန်သော ရောဂါဖြစ်ပွားမှု နှင့် သေဆုံးမှု ပမာဏ ကြီးမားမှုကို ကာကွယ်ရန် နိုင်ငံအတွက် အကောင်းဆုံးရွေးချယ်မှု နှင့် မှန်ကန်သည့် ဆုံးဖြတ်ချက် ဖြစ်ကြောင်း ပါမောက္ခ Joseph Matthews က ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ပညာရှင်က တရုတ်နိုင်ငံသည် COVID-19 ရောဂါတိုက်ဖျက်ရန် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများအား ကူညီမှုများပေးခဲ့သည့်အတွက် ချီးမွမ်းခဲ့ကြောင်းလည်း သိရသည်။

“တရုတ်နိုင်ငံက COVID-19 ရောဂါတိုက်ဖျက်ဖို့ ကမ္ဘာတစ်ဝှမ်းလုံးက နိုင်ငံတွေကို ကူညီပေးတဲ့နေရာမှာ ဦးဆောင်တဲ့အခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။ “တရုတ်ကာကွယ်ဆေးတွေက ကမ္ဘာတစ်ဝှမ်းလုံးက သန်းရာချီတဲ့ ပြည်သူတွေကို ကာကွယ်ပေးရုံတင်မဟုတ်ဘူး ။ စိတ်ချယုံကြည်စွာနဲ့ နယ်စပ်ဒေသတွေ ပြန်လည်ဖွင့်လှစ်ဖို့ ၊ စီးပွားရေး ပြန်လည်တိုးတက်ဖွံ့ဖြိုးဖို့ နိုင်ငံတွေကို ကူညီပေးခဲ့ပါတယ်။”ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

“ကမ္ဘောဒီးယားနိုင်ငံအတွက် နိုဝင်ဘာလနှောင်းပိုင်းက စတင်ပြီးတော့ နယ်စပ်ဒေသတွေကို ကာကွယ်ဆေးထိုးနှံထားတဲ့ ခရီးသွားတွေအတွက် quarantine မလိုဘဲ ပြန်လည်ဖွင့်လှစ်ဖို့ ၊ လူမှုစီးပွားရေး လှုပ်ရှားဆောင်ရွက်မှုတွေ အပြည့်အဝ ပြန်လည်စတင်ဖို့ တရုတ်ကာကွယ်ဆေးက အထောက်အကူပြုခဲ့ပါတယ်။”ဟု ပါမောက္ခ Joseph Matthews က ပြောကြားခဲ့သည်။

ထိုသို့အပြည့်အဝပြန်လည်ဖွင့်လှစ်ခြင်းဖြင့် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၂ ခုနှစ်တွင် ၅ ဒသမ ၃ ရာခိုင်နှုန်း နှင့် ၂၀၂၃ ခုနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ရန် ခန့်မှန်းထားကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်၏ မကြာသေးမီက ထုတ်ပြန်သော အစီရင်ခံစာကို ကိုးကား၍ ပညာရှင်က ပြောကြားခဲ့သည်။ (Xinhua)

#China #Cambodia #zero-COVID #policy #တရုတ်နိုင်ငံ #ကမ္ဘောဒီးယားနိုင်ငံ #ကိုဗစ်ကင်းစင်ရေး #မူဝါဒ #ဆင်ဟွာ #xinhua #myanmar #xinhuamyanmar
…………………………………………
(Chinese Version)
China’s dynamic zero-COVID policy essential to safeguard people’s lives, says Cambodian scholar
PHNOM PENH, May 7 (Xinhua) — China’s dynamic zero-COVID approach is crucial to protect people’s lives and to minimize the pandemic’s impact on socioeconomic development, a Cambodian scholar has said.
In an interview with Xinhua, Joseph Matthews, a senior professor at the BELTEI International University in Phnom Penh, said that since the outbreak of COVID-19, China has always put the people and their lives first and worked hard to prevent both inbound cases and domestic resurgences.
China has been upholding a dynamic zero-COVID policy, the essence of which is early detection and quick response measures to stop the continuous spread of the virus in communities to protect people’s health and lives to the greatest extent.
Matthews said through this approach and the constantly adjusted epidemic prevention and control measures in light of new developments, China has achieved major strategic progress against COVID-19.
“I think that as a populous country with a large number of senior citizens, unbalanced development between different regions, and insufficient medical resources, China will definitely see a wide range of infections if China eases up on epidemic prevention and control,” Matthews said.
China’s dynamic zero-COVID policy “is the best choice and the right decision for the country in order to prevent a huge amount of severe cases and deaths, which could severely threaten social and economic development as well as people’s health and safety,” he said.
Meanwhile, the scholar also admired China for having helped countries around the world to fight COVID-19.
“China has played a leading role in helping countries across the world to fight COVID-19,” he said. “Chinese vaccines have not only protected hundreds of millions of people around the world, but also helped countries revive their economies and reopen their borders with confidence.”
“For Cambodia, Chinese vaccines have enabled the country to fully resume its socioeconomic activities and to reopen its borders to vaccinated travelers without quarantine since last November,” he said.
With its full reopening, Cambodia’s economy is forecast to grow by 5.3 percent in 2022 and up to 6.5 percent in 2023, he said, citing an Asian Development Bank’s recent report. ■
Photo 1 – Young volunteers work at a nucleic acid testing site in Fengtai District of Beijing, capital of China, May 4, 2022. (Xinhua/Li Xin)
Photo 2 – A patient (L, front) is transferred to the dialysis room from the emergency department of Beijing Chao-Yang Hosptial in Beijing, capital of China, May 2, 2022. (Xinhua/Chen Zhonghao)
Photo 3 – Airport workers upload the package of Sinovac COVID-19 vaccine onto a refrigeration vehicle at the Phnom Penh International Airport in Phnom Penh, Cambodia on March 29, 2022. (Photo by Phearum/Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.