Connect with us

Asia

သီရိလင်္ကာနိုင်ငံက ပြည်တွင်းအသုံးပြုမှုအတွက် ဓာတ်ငွေ့ဖြန့်ဖြူးပေးခြင်း ရပ်ဆိုင်း

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ ဓာတ်ဆီဆိုင်တွင် ဆီဖြည့်ရန် စောင့်ဆိုင်းနေသူများအား ဩဂုတ် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုလံဘို၊ မေ ၉ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ၏ ဓာတ်ငွေ့ရည် (liquefied petroleum gas) ဦးဆောင်ဖြန့်ဖြူးပေးသည့် Litro Gas Lanka Limited က ၄င်းတို့အနေဖြင့် နောက်ထပ် မှာယူထားသော ဓာတ်ငွေ့ရည် မရောက်လာမချင်း ပြည်တွင်းသုံးစွဲသူများအား ဓာတ်ငွေ့ရည်ဖြန့်ဖြူးပေးနိုင်တော့မည် မကြောင်း မေ ၉ ရက်၌ ပြောကြားခဲ့သည်။ဓာတ်ငွေ့သိုလောင်ကန်ထဲတွင် စက်မှုလုပ်ငန်းသုံးအတွက်သာ ကျန်ရှိတော့ကြောင်း Litro Gas ဥက္ကဋ္ဌ Vijitha Herath က ပြောကြားခဲ့ပြီး ပြည်သူများအနေဖြင့် တန်းစီ၍စောင့်ဆိုင်းခြင်းမပြုကြရန် ကုမ္ပဏီက တိုက်တွန်းထားသည်။

၎င်းတို့အနေဖြင့် မေ ၁၃ ရက်နှင့် ၁၄ ရက်တွင် ဓာတ်ငွေ့ရည်တင်သွင်းရန် မေ ၉ ရက်၌ အမေရိကန်ဒေါ်လာ ၇ သန်း ပေးချေနိုင်မည်ဟု မျှော်လင့်ကြောင်း Herath က ပြောခဲ့သည်။

သီရိလင်္ကာနိုင်ငံသည် လပေါင်းများစွာ ဓာတ်ငွေ့ပြတ်လပ်မှုနှင့် ဆိုးဝါးစွာ ရင်ဆိုင်နေရပြီး ဓာတ်ငွေ့ဝယ်ယူရန် ရှည်လျားသောလူတန်းကြီးများကိုလည်း နိုင်ငံတစ်ဝန်း မြင်တွေ့နိုင်သည်။ (Xinhua)

#SriLanka, #LiquefiedPetroleumGas, #DomesticUse, #Xinhua, #Myanmar, #XinhuaMyanmar, #သီရိလင်္ကာ, #ဓာတ်ငွေ့ရည်, #ပြည်တွင်းအသုံးပြုမှု, #ဆင်ဟွာ, #မြန်မာ, #ဆင်ဟွာမြန်မာ
———————-
(English Version)
Sri Lanka stops supplying gas for domestic use
Source: Xinhua| 2022-05-09 13:39:15|Editor: huaxia
COLOMBO, May 9 (Xinhua) — Sri Lanka’s leading liquefied petroleum gas supplier Litro Gas Lanka Limited on Monday said that they are unable to supply gas to domestic consumers until new stocks arrive.
Litro Gas chairman Vijitha Herath said only industrial gas stocks are available at the moment and the company asked people not to wait in queues.
Herath said that they expect to pay 7 million U.S. dollars on Monday to import liquefied petroleum gas on Friday and Saturday.
Sri Lankans have been facing severe gas shortages for months and long queues to buy gas can be seen across the country. ■
Photo : People line up to refuel at a gas station in Colombo, Sri Lanka, on Aug. 20, 2021. (Photo by Ajith Perera/Xinhua