Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၌ ရွေးကောက်ပွဲကျင်းပသည့်နေ့ ပစ်ခတ်မှုအတွင်း လူ ၃ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရရှိ

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ရွေးကောက်ပွဲလုံခြုံရေးအတွက် တပ်ဖြန့်ထားသည့် ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့ဝင်များအား မေ ၄ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

မနီလာ ၊ မေ ၉ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Maguindanao ပြည်နယ်အတွင်းရှိ ဆန္ဒမဲပေးသည့်စင်တာတစ်ခုအနီးတွင် မေ ၉ ရက် နံနက်ပိုင်းက စက်သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားရာ လူ ၃ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စစ်တပ်က ပြောကြားခဲ့သည်။Buluan မြို့တွင် မဲပေးသည့်လုပ်ငန်းစဉ်အား ကူညီပေးနေသည့် မဲရုံစောင့်များအား ဒေသစံတော်ချိန် နံနက် ၇ နာရီ ၂၅ မိနစ်(ဂရင်းနစ်စံတော်ချိန် ၂၃၂၅)က အလုံပိတ်မော်တော်ယာဉ်နှစ်စီးပေါ်မှ တိုက်ခိုက်သူများက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်က ပြောကြားခဲ့သည်။

ထိခိုက်သေဆုံးသူများမှာ Buluan မြို့ရှိ မြို့တော်ဝန်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်သည့် ဒေသခံနိုင်ငံရေးသမားတစ်ဦးကို ထောက်ခံအားပေးသူများဖြစ်ကြောင်း စစ်တပ်၏ ပြောကြားချက်အရ သိရသည်။

ရွေးကောက်ပွဲကော်မရှင်ကလည်း ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း Basilan ပြည်နယ်အတွင်းရှိ Sumisip မြို့၌ မေ ၉ ရက် နံနက်ပိုင်းတွင် နောက်ထပ် စက်သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်စဉ်အား ထုတ်ပြန်ခဲ့သည်။ ယင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူ မရှိကြောင်း ကော်မရှင်က ပြောကြားခဲ့သည်။

မဲပေးသည့်နေ့မတိုင်မီ မေ ၈ ရက်ညပိုင်းတွင် Maguindanao ပြည်နယ်အတွင်း လက်ပစ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်ခံရမှုများအတွင်း လူ ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မေ ၉ ရက် အစောပိုင်းတွင် ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

လက်ပစ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်ခံရမှုများသည် Datu Unsay မြို့၌ ဖြစ်ပွားခဲ့ပြီး အခြားတစ်ကြိမ်မှာ အနီးနားရှိ Shariff Aguak မြို့၌ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့ကမျှ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားခြင်း မရှိပေ။ရဲတပ်ဖွဲ့အနေဖြင့် တိုက်ခိုက်မှု “ပစ်မှတ်ထားနေရာများ” ဟု ယူဆထားသည့် နေရာများတွင် ရှာဖွေရေးများ ဆောင်ရွက်လျက် ရှိသည် ။ ယင်းဒေသများ၌ အကြမ်းဖက်မှုများ ပေါ်ပေါက်လာသော်လည်း မဲပေးသည့်လုပ်ငန်းစဉ်အား ထိခိုက်မှုမရှိကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ၌ သမ္မတသစ်တစ်ဦး ၊ ဒုတိယသမ္မတတစ်ဦး ၊ ဆီးနိုတ်လွှတ်တော်အမတ် ၁၂ ဦး ၊ အောက်လွှတ်တော်အမတ် ၃၀၀ ကျော် နှင့် ဒေသဆိုင်ရာအုပ်ချုပ်ရေးအရာရှိ ၁၇,၀၀၀ ဦး တို့ကို ရွေးကောက်တင်မြှောက်နိုင်ရန် ဖိလစ်ပိုင်ပြည်သူ ၆၅ ဒသမ ၇ သန်းကျော်က ယနေ့ မေ ၉ ရက်တွင် မဲပေးရွေးချယ်ကြမည်ဖြစ်ကြောင်း သိရသည်။(Xinhua)
—————————
(English Version)

3 killed, 1 injured in shooting on election day in southern Philippine
MANILA, May 9 (Xinhua) — Three people were killed and one injured in a strafing incident near a polling center in Maguindanao province in the southern Philippines on Monday morning, the military said.
The military said the attackers on board two vans opened fire at the peacekeepers assisting the voting process in Buluan town around 7:25 a.m. local time (2325 GMT).
According to the military, the victims were supporters of a local politician running for mayor in the town.
The Commission on Elections also reported another strafing incident on Monday morning in Sumisip town in Basilan province in the southern Philippines. The poll body said there were no casualties in the attack.
Earlier Monday, police reported at least eight persons were injured in grenade explosions in Maguindanao province on Sunday night, on the eve of the voting.
Police said the explosions hit Datu Unsay town, and another one hit nearby Shariff Aguak town.
No group has claimed responsibility for the explosions. Police are looking into the attacks in the areas tagged as “hot spots.” Authorities said the eruption of violence in these areas did not disrupt the voting process.
Over 65.7 million Filipinos will vote on Monday to elect a new president, a new vice president, 12 senators, more than 300 members of the House of Representatives, and over 17,000 local officials. ■
Photo – Policemen from the Philippine National Police are seen in formation during their deployment for the coming national and local elections in Manila, the Philippin