Connect with us

Latin America

တောင်ကယ်လီဖိုးနီးယားပြည်နယ်တွင် စစ်လေယာဉ်ပျက်ကျမှုကြောင့် အမေရိကန် မရိန်းတပ်ဖွဲ့ဝင် ၅ ဦး သေဆုံး

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Marine Corps Base Camp Pendleton ရှိ ကုန်း၊ ရေ နှစ်သွယ် စစ်ရေးလေ့ကျင့်မှုအတွင်း MV-22 Osprey စစ်လေယာဉ်တစ်စင်းအား မေ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လော့စ်အိန်ဂျလိစ်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ တောင်ကယ်လီဖိုးနီးယားသဲကန္တာရတွင် MV-22B Osprey စစ်လေယာဉ်ပျက်ကျမှုပြီးနောက် အမေရိကန် မရိန်းတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ကြောင်း မတော်တဆမှုဖြစ်ပွားပြီးနောက် တစ်ရက်အကြာ ဇွန် ၉ ရက်၌ ထုတ်ပြန်ချက်တွင် မရိန်းတပ်ဖွဲ့ဝင်များက ပြောကြားခဲ့သည်။

Pendleton အခြေစိုက်စခန်းရှိ အဆိုပါ မရိန်းတပ်ဖွဲ့ဝင်များသည် ဇွန် ၈ ရက် မွန်းလွဲပိုင်းက Imperial ကောင်တီ Glamis ရပ်ကွက်တွင် စစ်ရေးလေ့ကျင့်မှုမစ်ရှင်တစ်ခုအတွင်း လေယာဉ်ပျက်ကျပြီးနောက် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း 3rd Marine Aircraft Wing ၏ အထွေထွေကွပ်ကဲရေးမှူး၊ ဗိုလ်ချုပ် Bradford Gering ၏ ပြောကြားချက်အား ကိုးကား၍ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ပျက်ကျသွားသော Osprey လေယာဉ်သည် Marine Aircraft Group 39 က ပိုင်ဆိုင်ခြင်းဖြစ်ပြီး ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီရေဂိုမြို့၊ Marine Corps Air Station Miramar တွင် ဌာနချုပ်ထားရှိသော 3rd Marine Aircraft Wing ၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။

မရိန်းတပ်ဖွဲ့ဝင်များသည် လေယာဉ်အပျက်အစီးများကို ပြန်လည်ထိန်းသိမ်းလျက်ရှိပြီး စုံစမ်းစစ်ဆေးမှုလည်း လုပ်ဆောင်လျက်ရှိကြောင်း၊ Marine Corps အနေဖြင့် ပင်တဂွန်မူဝါဒအရ ဆွေမျိုးသားချင်းမျာအား အသိပေးပြီးနောက် ၂၄ နာရီတိုင်အောင် သေဆုံးသူများ၏ အမည်များအား ထုတ်ဖော်ပြောကြားခြင်းမပြုကြောင်း ထုတ်ပြန်ချက်၌ ဖြည့်စွက်ဖော်ပြထားသည်။

MV-22B Osprey လေယာဉ်သည် မရိန်းတပ်ဖွဲ့ဝင် ၅ ဦး တင်ဆောင်လျက် ဒေသစံတော်ချိန် နေ့လယ် ၁၂:၂၅ နာရီ၌ ဆန်ဒီရေဂိုမြို့ အရှေ့ဘက် ၁၈၅ ကီလိုမီတာခန့်အကွာ၊ Glamis ရပ်ကွက်အနီး ပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်း ဇွန် ၈ ရက်က မရိန်းတပ်ဖွဲ့မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဇွန် ၈ ရက် ထုတ်ပြန်ချက်၌ အဆိုပါ လေယာဉ်ထွက်ခွာချိန်က နျူကလီးယားပစ္စည်းများ တင်ဆောင်သွားခဲ့သည်ဟု ပြောကြားထားသည့် လူမှုမီဒီယာမှ အစောပိုင်းသတင်းများမှာ မှားယွင်းကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။

MV-22B သည် အင်ဂျင်နှစ်လုံးတပ် လေယာဉ်အမျိုးအစားဖြစ်ပြီး ရဟတ်ယာဉ်ကဲ့သို့ အတက်၊ အဆင်း ပြုလုပ်နိုင်သော်လည်း တာဘိုပရော့ (turboprop) လေယာဉ်ကဲ့သို့ အတင်အချ ပြုလုပ်နိုင်ကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)
Five U.S. Marines killed in military aircraft crash in Southern California
Source: Xinhua
Editor: huaxia
2022-06-10 03:58:30
LOS ANGELES, June 9 (Xinhua) — Five U.S. Marines were killed after an MV-22B Osprey military aircraft crashed in the Southern California desert, the Marines said in a statement on Thursday, a day after the accident.
The statement quoted Maj. Gen. Bradford Gering, the commanding general of the 3rd Marine Aircraft Wing, as saying that those Marines based in Camp Pendleton were killed when their plane crashed during a training mission near Glamis in Imperial County on Wednesday afternoon.
The crashed Osprey belonged to Marine Aircraft Group 39, which is part of the 3rd Marine Aircraft Wing headquartered at Marine Corps Air Station Miramar in San Diego of California.
The Marines are recovering the aircraft’s wreckage, and an investigation is underway, the statement said, adding the Marine Corps would withhold the names of those killed until 24 hours after next-of-kin notification according to Pentagon policy.
A statement released by the Marine on Wednesday said the MV-22B Osprey carrying five Marines went down at local time 12:25 p.m. Wednesday near the community of Glamis, about 185 kilometers east of San Diego.
Wednesday’ statement also noted that early reports from social media saying nuclear material was on board the aircraft were false.
The MV-22B is a twin-engine tiltrotor aircraft that can take off and land like a helicopter but transit as a turboprop aircraft. ■
Photo : An MV-22 Osprey military aircraft takes off during an Amphibious Raid course at Marine Corps Base Camp Pendleton, California, the United States, May 17, 2022. (Photo credit: US Marine Corps)