Connect with us

Europe

ရုရှား ရေတပ်က နျူကလီးယားစွမ်းအင်သုံး ဒရုန်းများ သယ်ဆောင်လာသည့် ပထမဆုံး ရေငုပ်သင်္ဘော လက်ခံရရှိ

Poseidon နျူကလီးယားဒရုန်းအား တွေ့ရစဉ် (ဓာတ်ပုံ- Russian Defense Ministry)

မော်စကို၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

ရုရှားရေတပ်က Poseidon နျူကလီးယား စွမ်းအင်သုံးရေငုပ်ဒရုန်းများ သယ်ဆောင်ရန် ပုံစံထုတ်လုပ်ထားသော ပထမဆုံးရေငုပ်သင်္ဘော Belgorod အား ဇူလိုင် ၈ ရက်၌ လက်ခံရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရေငုပ်သင်္ဘောသည် ရုရှားနိုင်ငံအတွက် သိပ္ပံပညာရပ်ဆိုင်ရာ သုတေသနတာဝန်များ အကောင်အထည်ဖော်ရန်နှင့် သမုဒ္ဒရာ၏ ဝေးလံသောဧရိယာများ၌ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အခွင့်အလမ်းအသစ်များ ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း ရေတပ် ကာကွယ်ရေးဦးစီးချုပ် Nikolay Yevmenov က အခမ်းအနား၌ ပြောကြားခဲ့သည်။

နျူကလီးယားစွမ်းအင်သုံး Belgorod သင်္ဘောသည် ၂၀၁၉ ခုနှစ် ဧပြီလက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မူလက ၂၀၂၀ ပြည့်နှစ်တွင် ရေတပ်သို့ လွှဲပြောင်းပေးအပ်ရန် စီစဉ်ထားခြင်းဖြစ်သည်။ အလားတူ ရေငုပ်သင်္ဘောနှစ်စင်းကိုလည်း ၂၀၂၇ ခုနှစ်တွင် တပ်တော်ဝင်မည်ဖြစ်ကြောင်း သိရသည်။

ယခင် TASS သတင်းဖော်ပြချက်အရ Poseidon ဒရုန်းသည် ရန်သူ၏ ရေတပ်အခြေစိုက်စခန်းများကို ဖျက်ဆီးရန် ပေါက်ကွဲအား ၂ မီဂါတန်ကျော် ထွက်ရှိနိုင်သည့် နျူကလီးယားထိပ်ဖူးကို သယ်ဆောင်နိုင်စွမ်းရှိကြောင်း သိရသည်။ ၎င်းသည် ရေအောက်အနက် ပစ်လွှတ်ချိန်အကွာအဝေး ၁ ကီလိုမီတာအတွင်း တိုက်ချင်းပစ်အကွာအဝေး၌ လျင်မြန်စွာပစ်လွှတ်နိုင်ကြောင်း သိရသည်။ (Xinhua)

………………………………..
(English Version)

Russian navy receives 1st submarine carrying nuclear-powered drones
Source: XinhuaEditor: huaxia2022-07-09 00:14:15
MOSCOW, July 8 (Xinhua) — The Russian navy on Friday received the first submarine Belgorod which is designed to carry Poseidon nuclear-powered underwater drones.

The submarine opens new opportunities for Russia to implement various scientific research tasks and conduct rescue operations in remote areas of the oceans, Nikolay Yevmenov, commander-in-chief of the Navy, said at a ceremony.

The nuclear-powered Belgorod was floated out in April 2019 and was initially planned to be delivered to the navy in 2020. Two more such submarines will be commissioned by 2027.

According to a previous TASS report, the Poseidon drone is capable of carrying a nuclear warhead with a yield of up to 2 megatons to destroy enemy naval bases. It can travel fast in an intercontinental range with an operational depth of over 1 km. ■
Photo : A Poseidon underwater drone (Russian Defense Ministry)