Connect with us

Europe

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် အပယ်ခံအထီးကျန်အခြေအနေဖြင့် ရာထူးမှနုတ်ထွက်ခဲ့ရပြီးနောက် ၎င်း၏နေရာတွင် မည်သူဆက်ခံမည်ဆိုသည်မှာ မခန့်မှန်းနိုင်သေး

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နှင့် ထိုစဉ်က ကျန်းမာရေးဝန်ကြီး Sajid Javid၊ ဘဏ္ဍာရေးဝန်ကြီး Rishi Sunakတို့ လန်ဒန်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသည်ကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် အာဏာရပါတီ ကွန်ဆာဗေးတစ်ပါတီ၏အကြီးအကဲနှင့် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ကြောင်း ဇူလိုင် ၇ ရက်က အမှတ် ၁၀ ဒေါင်းနင်းလမ်းတွင် ကြေညာခဲ့သည်။ သို့သော်လည်း ဦးဆောင်သူအသစ်ရှိလာသည်အထိ တာဝန်ထမ်းဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုမတိုင်မီ ဇူလိုင် ၅ ရက်မှစ၍ ဝန်ကြီးများနုတ်ထွက်ခြင်းအပါအဝင် ဗြိတိန်အစိုးရ အရာရှိ ဒါဇင်နှင့်ချီ ဆက်တိုက်ဆိုသလို ရာထူးမှ နုတ်ထွက်ခဲ့ကြသည်။

ထို့အပေါ် လေ့လာသုံးသပ်သူအချို့က ယခုကာလများတွင် ဘောရစ်ဂျွန်ဆင်သည် “မိတ်ဆုံစားပွဲ”သတင်းဆိုးများ ဆက်တိုက်ပေါ်ထွက်လာခြင်း၊ အာဏာရပါတီဖြစ်သော ကွန်ဆာဗေးတစ်ပါတီ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခြင်းနှင့် လူအများလက်ညှိုးထိုးစရာ ရာထူးခန့်ထားမှု မလျော်ကန်ခြင်း သုံးထပ်ကွမ်းအကျပ်အတည်းများကြောင့် ကွန်ဆာဗေးတစ်ပါတီအတွင်း ၎င်းအား စင်ပေါ်မှဆင်းပေးရန် အသံ ပွက်လောညံခဲ့ကြောင်း၊ အစိုးရအရာရှိအများအပြားရာထူးမှ နုတ်ထွက်ရန်တောင်းဆိုခြင်းက ဘောရစ်ဂျွန်ဆင်ကို အထီးကျန်အပယ်ခံဘဝဖြစ်စေရာ အစိုးရအဖြစ်ရှေ့ဆက်ရန်ခဲယဉ်းပြီး ရာထူးမှနုတ်ထွက်ရန် မဖြစ်မနေရွေးချယ်ခဲ့ရကြောင်း ဆိုသည်။ မကြာမီ ကွန်ဆာဗေးတစ်ပါတီအနေဖြင့် ပါတီခေါင်းဆောင်သစ်ရွေးချယ်ရေး တိုက်ပွဲစတင်တော့မည်ဖြစ်ရာ လက်ရှိတွင် မည်သူက ၎င်း၏နေရာဆက်ခံမည် ဆိုသည်က ရှုမြင်ရန်ခဲယဉ်းကြောင်း ဆိုသည်။

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ နေတိုးရုံးချုပ်၌ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အား ဖေဖော်ဝါရီ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အပယ်ခံအထီးကျန်အနေအထားသို့ ကျရောက်

လွှတ်တော်အတွင်းရှိ ကွန်ဆာဗေးတစ်ပါတီ လွှတ်တော်အမတ်များက ပါတီခေါင်းဆောင်သစ်သည် ဝန်ကြီးချုပ်သစ်ဖြစ်ရန်မျှော်လင့်ကြသည်မှာ ထင်ရှားကြောင်း ဘောရစ်ဂျွန်ဆင်က ရာထူးမှ နုတ်ထွက်စဉ် ပြောကြားခဲ့သည်။ ထိုသို့ပြောကြားခြင်းသည် ၎င်း၏ယခုအချိန်တွင် ရောက်ရှိနေသော အပယ်ခံ အထီးကျန်အခြေအနေကို ဖော်ပြခြင်း ဖြစ်သည်။

ဘောရစ်ဂျွန်ဆင်ရာထူးမှ နုတ်ထွက်သည့် တိုက်ရိုက်အကြောင်းအရင်းသည် ဇူလိုင် ၅ ရက်နေ့ကတည်းက အစိုးရအရာရှိအများအပြား ရာထူးမှနုတ်ထွက်ခြင်းကြောင့်ဖြစ်ပြီး ယခုအကြိမ် ရာထူးမှ အစုလိုက်အပြုံလိုက်နုတ်ထွက်ကြသည်မှာ ကျန်းမာရေးဝန်ကြီး Sajid Javid နှင့် ဘဏ္ဍာရေးဝန်ကြီးRishi Sunak၏ နုတ်ထွက်မှုမှ အစပြုခြင်း ဖြစ်သည်။ ၎င်းတို့၏ နုတ်ထွက်စာတွင် ဘောရစ်ဂျွန်ဆင်၏တာဝန်မကျေမှုကို ပြစ်တင်ပြောဆိုခဲ့ပြီး ဘောရစ်ဂျွန်ဆင်အပေါ် ယုံကြည်မှုမရှိကြောင်း ဖော်ပြထားသည်။

ဘဏ္ဍာရေးဝန်ကြီးနှင့် ကျန်းမာရေးဝန်ကြီး၏ ရာထူးမှနုတ်ထွက်မှုသည် ဘောရစ်ဂျွန်ဆင်အစိုးရအတွက် “အထိနာ”စေကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဤရာထူးတာဝန်ယူထားသူနှစ်ဦးသည် လက်ရှိ ဗြိတိန်နိုင်ငံအတွင်း အရေးကြီးဆုံးသောအလုပ်တာဝန်များဖြစ်သည့် လူနေမှုစရိတ်မြင့်တက်ခြင်းနှင့်ကိုဗစ်-၁၉ ကပ်ရောဂါကို ကိုင်တွယ်စီမံနေရခြင်းကြောင့် ဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ထောက်ပြပြောကြားခဲ့သည်။

ထိခိုက်နစ်နာမှုများကို အလျင်အမြန် ရပ်တန့်စေရန်အလို့ငှာ ဘောရစ်ဂျွန်ဆင်က ဇူလိုင် ၅ ရက် ညပိုင်းတွင် ပညာရေးဝန်ကြီး Nadhim Zahawi ကို ဘဏ္ဍာရေးဝန်ကြီးအဖြစ် လည်းကောင်း၊ အစိုးရအဖွဲ့ရုံးဝန်ကြီး Stephen Barclayကို ကျန်းမာရေးဝန်ကြီးအဖြစ်လည်းကောင်း ခန့်အပ်ခဲ့သည်။

သို့သော် ထိုသို့ပြောင်းလဲဖွဲ့စည်းမှုက အစိုးရအဖွဲ့အတွင်း စိတ်ဝမ်းကွဲမှု၏အလားအလာကို မတားဆီးနိုင်ခြင်းကြောင့် Sajid Javidနှင့် Rishi Sunak တို့ ရာထူးမှ နုတ်ထွက်ပြီးနောက်ပိုင်း အစိုးရအရာရှိအသုတ်လိုက် ရာထူးမှနုတ်ထွက်ခဲ့ကြသည်။ ဗြိတိန် ပြည်ထဲရေးဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးဝန်ကြီး စီးပွားရေး၊ စွမ်းအင်နှင့်ကုန်ထုတ်လုပ်ငန်းမဟာဗျူဟာဆိုင်ရာ ဝန်ကြီးစသည့် အစိုးရအဓိကအရာရှိကြီးများက ဘောရစ်ဂျွန်ဆင်အား ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသည်။

ဇူလိုင် ၆ ရက်တွင် ဘောရစ်ဂျွန်ဆင်က ရာထူးမှနုတ်ထွက်မည် မဟုတ်ကြောင်း ပြောကြားခဲ့ဖူးသော်လည်း ဗြိတိန်မီဒီယာများက ၎င်းအနေဖြင့် ရာထူးမှမနုတ်ထွက်စေကာမူ အစိုးရလုပ်ငန်းများ မည်သို့မျှ ထိရောက်စွာ လည်ပတ်နိုင်မည်မဟုတ်ကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် ဘောရစ်ဂျွန်ဆင်က ဇွန်လ အစောပိုင်း အောက်လွှတ်တော်တွင် ကွန်ဆာဗေးတစ်ပါတီ၏ ယုံကြည်မှုမရှိဆန္ဒမဲကောက်ယူရာ၌ ခဲရာခဲဆစ်ဖြတ်သန်းခဲ့ရဖူးပြီး ပါတီအတွင်းစည်းကမ်းများအရလည်း တစ်နှစ်အတွင်း မယုံကြည်မှုအဆို ရှောင်ရှားခွင့်ရှိသော် ဘောရစ်ဂျွန်ဆင်အား နောက်ထပ်တစ်ကြိမ် ယုံကြည်မှုမရှိအဆိုပြုရန် အချို့ကွန်ဆာဗေးတစ်ပါတီလွှတ်တော်အမတ်များက ယင်းကာလများတွင် ပါတီအတွင်းစည်းကမ်းများကို ပြင်ဆင်ရန်တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။ ဗြိတိန်မီဒီယာများ ထောက်ပြကြသည်မှာ နောက်တစ်ကြိမ် ယုံကြည်မှုမရှိ မဲဆန္ဒကောက်ခံမည်ဆိုပါက ဘောရစ်ဂျွန်ဆင်အနေဖြင့် “ကျော်ဖြတ်နိုင်ခြေ” မများလှကြောင်း ဆိုသည်။ အစိုးရအဖွဲ့နှင့်ကွန်ဆာဗေးတစ်ပါတီအတွင်း လုံးဝအပယ်ခံ အထီးကျန်ဖြစ်သွားခြင်းက ရာထူးမှနုတ်ထွက်ရန် မရွေးချယ်၍မရသောအခြေအနေ ဖြစ်စေကြောင်း ဝေဖန်မှုများက ဆိုသည်။

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ရာထူးတာဝန်ထမ်းဆောင်ပြီးနောက် အမှတ် ၁၀ ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်အိမ်တော်တွင် မိန့်ခွန်းပြောကြားနေသည်ကို ၂၀၁၉ ခုနှစ် ဇူလိုင် ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

သုံးထပ်ကွမ်းအကျပ်အတည်း

ယခုကဲ့သို့ အပယ်ခံအခြေအနေဖြစ်ရခြင်းမှာ “မိတ်ဆုံစားပွဲ”သတင်းဆိုးများ ဆက်တိုက်ပေါ်ထွက်လာခြင်း၊ အာဏာရပါတီဖြစ်သော ကွန်ဆာဗေးတစ်ပါတီ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခြင်းနှင့် လူအများလက်ညှိုးထိုးစရာ ရာထူးခန့်ထားမှု မလျော်ကန်ခြင်းများ စသည့် သုံးထပ်ကွမ်းအကျပ်အတည်းများကြောင့် ဖြစ်သည်ဟု သုံးသပ်သူအချို့က ဆိုသည်။

ဝန်ကြီးချုပ်အိမ်တော်နှင့်အခြားအစိုးရဌာနများက ကပ်ရောဂါကာလအတွင်း ရောဂါကာကွယ်ရေးစည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်၍ မိတ်ဆုံစားပွဲပြုလုပ်ခဲ့ဖူးရာ ယင်းသတင်းဆိုးကြောင့် ဘောရစ်ဂျွန်ဆင်အနေဖြင့် လပေါင်းများစွာ ဆက်တိုက်ဆိုသလို အတိုက်အခံပါတီနှင့် ကွန်ဆာဗေးတစ်ပါတီအတွင်း ရာထူးမှနုတ်ထွက်ပေးရန် ဖိအားပေးခြင်း ခံခဲ့ရသည်။ မေလလယ်ပိုင်းတွင် လန်ဒန်ရဲတပ်ဖွဲ့က “မိတ်ဆုံစားပွဲ”ကိစ္စ စုံစမ်းစစ်ဆေးမှုများ အပြီးသတ်ပြီးနောက် ဘောရစ်ဂျွန်ဆင်နှင့်၎င်း၏ဇနီး ကယ်ရီ အပါအဝင် သက်ဆိုင်သူ ၈၃ ဦးကို ဒဏ်ငွေချမှတ်မှု စုစုပေါင်း ၁၂၆ ခု ပြုလုပ်ခဲ့သည်။ ထို့အတွက် ဘောရစ်ဂျွန်ဆင်သည် ဗြိတိန်သမိုင်းတွင် ရာထူးတာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ဥပဒေချိုးဖောက်သော ပထမဆုံး ဝန်ကြီးချုပ် ဖြစ်ခဲ့သည်။

“မိတ်ဆုံစားပွဲ” သတင်းဆိုး၏ရိုက်ခတ်မှုဆက်တိုက်ရှိနေသည့်အချိန်တွင် ဘောရစ်ဂျွန်ဆင်ဦးဆောင်သော ကွန်ဆာဗေးတစ်ပါတီသည် မေလကကျင်းပသော ဒေသန္တရရွေးကောက်ပွဲနှင့် ဇွန်လက ကျင်းပသော အောက်လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲတွင် အရေးနိမ့်ခဲ့ရာ ဘောရစ်ဂျွန်ဆင် ရာထူးမှဆင်းပေးရန်အသံ ထပ်မံဆူညံခဲ့လာသည်။

ဇွန်လကုန်ပိုင်းတွင် ဘောရစ်ဂျွန်ဆင် တာဝန်ပေးအပ်သော အဆင်မြင့်အရာရှိ Chris Pincher ၏ မဖွယ်မရာအကြောင်းအရာများ ထွက်ပေါ်လာပြီးနောက် ရာထူးမှ နုတ်ထွက်ခဲ့ရသည်။ ရှေ့ဆင့်နောက်ဆင့်ဆိုသလို ထွက်ပေါ်လာသည့် မဖွယ်ရာသောအကြောင်းအရာများက ဘောရစ်ဂျွန်ဆင်အနေဖြင့် ထိုသူ၏အကျင့်စာရိတ္တကိုသိလျက်နှင့် ရာထူးတာဝန်ကြီးခန့်အပ်ထားလေသလောဟူသော မေးခွန်းထုတ်မှုများ ပေါ်ထွက်လာခဲ့သည်။ ဇူလိုင် ၅ ရက် ညနေပိုင်းတွင် ရာထူးတာဝန်ခန့်အပ်မှုမလျော်ကန်ခဲ့ကြောင်း ဘောရစ်ဂျွန်ဆင် တောင်းပန်ခဲ့သော်လည်း ၎င်းအား ရာထူးမှနုတ်ထွက်ကာ စင်ပေါ်မှဆင်းပေးရန် အသံများထပ်မံ ပွက်လောညံလာမှုကို မလျှော့ချနိုင်အောင် ဖြစ်ခဲ့ရသည်။

ထို့အပြင် ဗြိတိန်နိုင်ငံတွင် ယခုကာလများအတွင်း ငွေကြေးဖောင်းပွမှုမြင့်မားလာခြင်းက လူထုကြားတွင် ဂျွန်ဆင်အစိုးရ၏ ကိုင်တွယ်ဖြေရှင်းမှုအပေါ် မကျေနပ် ဖြစ်လာခဲ့သည်။ ထိုအကြောင်းအရာကလည်း ကွန်ဆာဗေးတစ်ပါတီဝင်များ ဘောရစ်ဂျွန်ဆင်၏ဦးဆောင်မှုကို လက်မခံသည့် အကြောင်းအရာတစ်ခုဖြစ်သည်ဟု ယူဆကြသည်။

မည်သူက ဆက်ခံသူ ဖြစ်လာမလဲ

ပါတီခေါင်းဆောင်သစ် ရွေးချယ်မည့်လုပ်ငန်းစဉ်များ ချက်ချင်းစတင်မည်ဖြစ်ကြောင်းနှင့် အချိန်ဇယားကို လာမည့်ရက်သတ္တပတ်တွင် ကြေညာမည်ဖြစ်ကြောင်း ဘောရစ်ဂျွန်ဆင်က ပြောကြားခဲ့သည်။ ဇူလိုင် ၇ ရက်တွင် ၎င်းသည် အစိုးရအဖွဲ့ဝင်သစ် ခန့်အပ်ထားပြီးဖြစ်ရာ ခေါင်းဆောင်သစ်ရာထူးတာဝန်ထမ်းဆောင်မည်အထိ ၎င်းနှင့်အစိုးရအဖွဲ့သစ်က လုပ်ငန်းတာဝန်များကို ဆောင်ရွက်သွားမည်ဖြစ်သည်။

လက်ရှိတွင် ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်သစ် မည်သည့်အချိန်တွင် ထွက်ပေါ်လာမည်ကို ရှင်းလင်းစွာ မသိရသေးပေ။ ယင်းလုပ်ငန်းစဉ်သည် ရက်သတ္တပတ် သို့မဟုတ် လများစွာ ကြာမြင့်နိုင်ကြောင်း ဗြိတိန်မီဒီယာများက ဆိုသည်။ ဘောရစ်ဂျွန်ဆင်မတိုင်မီ ထရီဆာမေသည် ရာထူးမှနုတ်ထွက်လိုကြောင်း ၂၀၁၉ ခုနှစ် မေ ၂၄ ရက်တွင်ကြေညာခဲ့ပြီးနောက် ဇွန် ၇ ရက်တွင် ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်အဖြစ်မှ တရားဝင်နုတ်ထွက်ခဲ့သည်။ ယင်းနှစ် ဇူလိုင် ၂၃ ရက်တွင်ပင် ဘောရစ်ဂျွန်ဆင်က ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်ခံရပြီး ၂၄ ရက်နေ့တွင် ဗြိတိန်ဝန်ကြီးချုပ်ရာထူးတာဝန်ယူခဲ့ခြင်းဖြစ်သည်။ ထိုဖြစ်စဉ်သည် အချိန်အားဖြင့် ၂ လကြာမြင့်ခဲ့သည်။

ဘောရစ်ဂျွန်ဆင်နေရာ၌ ဆက်ခံသူအဖြစ် ဗြိတိန်မီဒီယာများက Rishi Sunak ၊ Sajid Javid နှင့် နိုင်ငံခြားရေးဝန်ကြီး Liz Truss ၊ ကာကွယ်ရေးဝန်ကြီး Ben Wallace ၊ ယခင်နိုင်ငံခြားရေးဝန်ကြီးဟောင်း Jeremy Hunt စသည်ဖြင့် ဖော်ပြကြသည်။ ဤလူများအနက် လက်ရှိတွင် မည်သူက သိသာထင်ရှားသော အားသာမှုရှိသည်ကို မမြင်ရသေးကြောင်း ဗြိတိန်မီဒီယာများက ဆိုသည်။

သုံးသပ်သူအချို့က ယခင်ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်အပြောင်းအလဲဖြစ်စဉ်ကို ကြည့်ရှုမည်ဆိုလျှင် ဗြိတိန်ဝန်ကြီးချုပ်သစ်ထွက်ပေါ်ရန်မှာ အချိန်အတိုင်းအတာတစ်ခုထိကြာမြင့်ဦးမည်ဖြစ်ပြီး အဆိုပါဖော်ပြသူများ၏ ယခုကာလအတွင်း စွမ်းဆောင်ချက်ပေါ်တွင် များစွာမူတည်၍ မည်သူအပြုံးဖြင့် အနိုင်ရမည်ကို ဆုံးဖြတ်ပေးလိမ့်မည်ဟု ယူဆကြသည်။ (Xinhua)

………………………..
(Chinese Version)
国际观察|约翰逊陷入孤立辞职 谁能接班尚难预料
2022-07-07 22:52:53 分类: 政治法律
图片轮播
新华社伦敦7月7日电(记者杜鹃 许凤)英国首相鲍里斯·约翰逊7日在伦敦唐宁街10号门前发表讲话说,他辞去执政党保守党党首和首相职务,但将留任至新领导人产生。此前,自5日以来,已有包括多名大臣在内的数十名英国政府官员接连请辞。
分析人士指出,一段时间以来,约翰逊接连遭遇“聚会门”丑闻、执政党保守党选举失利和任人不当风波三重危机,导致保守党内要求其下台的呼声高涨。大批政府官员的请辞让约翰逊陷入孤立,政府难以为继,只能选择辞职。保守党随后将展开新党首争夺战,目前还看不出谁更有可能接班。
陷入孤立
约翰逊在宣布辞职时表示,议会里的保守党议员显然希望有一位新党首也是新首相。此话道出了他在此时所处的孤立境地。
导致约翰逊辞职的直接原因是5日以来大批政府官员辞职,而引发此次离职潮的,是卫生大臣赛义德·贾维德和财政大臣里希·苏纳克。他们在辞职信中指责约翰逊不称职,称对其失去信心。
2021年9月7日,英国首相约翰逊(中)和时任卫生大臣贾维德(左)、时任财政大臣苏纳克在伦敦出席新闻发布会。(新华社发,英国首相府供图)
英国媒体指出,财政大臣和卫生大臣辞职对约翰逊政府“造成重创”,因为这两个职位负责处理当前英国国内最要紧的事务,即生活成本上涨和新冠疫情。
为迅速“止损”,约翰逊5日晚些时候任命教育大臣纳齐姆·扎哈维接任财政大臣、内阁办公厅大臣史蒂夫·巴克利接任卫生大臣。
但这一改组未能阻止政府内部的离心倾向,大批政府官员在贾维德和苏纳克之后接连辞职。英国内政大臣、交通大臣、国际贸易大臣和商务、能源和产业战略大臣等政府要员也纷纷呼吁约翰逊辞职。
虽然约翰逊6日曾表示不会辞职,但英媒指出,即便他坚持不辞职,政府也无法有效运转。此外,约翰逊曾于6月上旬在议会下院保守党议员的一次不信任投票中勉强过关,并根据党内规则可在一年内免于不信任投票,但一些保守党议员近来积极推动修改党内规则以便再次对约翰逊发起不信任投票。英媒指出,如果再次接受不信任投票,约翰逊“过关”的可能性不大。舆论认为,约翰逊在政府和保守党内完全陷入孤立,因此最终不得不选择下台。
这是2022年2月10日在比利时布鲁塞尔北约总部拍摄的英国首相约翰逊的资料照片。(新华社记者郑焕松摄)
三重危机
分析人士指出,约翰逊走到今天的孤立境地,是“聚会门”丑闻、保守党选举失利和任人不当风波三重危机叠加的结果。
首相府和其他政府部门曾在疫情期间违反防疫规定聚会,约翰逊连续数月因这一丑闻面临来自反对党和保守党内部的辞职压力。5月中旬,伦敦警察局宣布结束有关“聚会门”事件的调查,并开出共计126张罚单,涉及83人,其中就包括约翰逊及妻子卡丽。约翰逊由此成为英国历史上首位在职期间违反法律的首相。
就在“聚会门”丑闻的影响持续之时,约翰逊领导的保守党又接连在5月地方选举和6月议会下院补选中遭遇失败,要求约翰逊下台的呼声进一步高涨。
6月底,约翰逊任命的高官克里斯托弗·平彻因被曝光行为不端辞职。平彻后续被曝出更多不端行为,引发舆论对约翰逊是否明知其品行仍委以重任的质疑。7月5日下午,约翰逊为任人不当而道歉,但这未能平息要求他下台的新一波声浪。
此外,英国近来通胀率高企,民众普遍对约翰逊政府应对物价上涨不力不满。这也被认为是保守党人不愿再接受约翰逊领导的原因之一。
2019年7月24日,英国首相约翰逊上任后在唐宁街10号首相府门前发表讲话。(新华社记者韩岩摄)
谁能接班
约翰逊表示,选举新党首的程序应立即启动,时间表将于下周宣布。他已于7日任命一个新内阁,他和新内阁将履行职务直至新领导人就位。
目前尚不清楚保守党新党首多长时间才能产生。英媒称,这一过程可能持续数周甚至数月。约翰逊的前任特雷莎·梅于2019年5月24日宣布辞职意向,6月7日正式辞去保守党党首职务。约翰逊于同年7月23日当选保守党党首,24日就任英国首相。整个过程持续了两个月。
关于约翰逊的接班人,英媒列举的人选包括苏纳克、扎哈维、贾维德和外交大臣伊丽莎白·特拉斯、国防大臣本·华莱士、前外交大臣杰里米·亨特等。英媒称,目前还看不出这些人中谁具有明显优势。
分析人士认为,参照上次保守党党首换人的过程,新首相的产生有可能会经历一段相对较长的时间。上述人选在这段时间内的表现将在很大程度上决定谁能笑到最后。