Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံက ၉ လအတွင်း မူးယစ်ဆေးဝါးသံသယရှိသူ ၁၄,၇၂၂ ဦး ဖမ်းဆီး

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ အထပ်မြင့်အဆောက်အဦများကို ၂၀၂၂ ခုနှစ်၊ မတ် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ အာဏာပိုင်များက ၂၀၂၃ ခုနှစ် ပထမ ၉ လအတွင်း နိုင်ငံခြားသား ၃၃၁ ဦး အပါအဝင် မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်၍ သံသယရှိသူ ၁၄,၇၂၂ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဌာနက အောက်တိုဘာ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။အဆိုပါ သံသယရှိသူများအနက် ၅၁ ရာခိုင်နှုန်းခန့်သည် မူးယစ်ဆေးဝါး ကုန်ကူးသူများ၊ ထုတ်လုပ်သူများနှင့် သယ်ယူပို့ ဆောင်နေသူများဖြစ်ကြပြီး ကျန်သူများမှာ မူးယစ်ဆေးဝါး သုံးစွဲသူများဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးအများစုမှာ ကတ်တမင်း၊ ဘိန်းဖြူ၊ စိတ်ကြွဆေး ၊ ကိုကင်း ၊ မက်သာဖက်တမင်းအိုက်စ် ၊ မက်သာဖက်တမင်းဆေးပြားများ နှင့် cathinone တို့ဖြစ်ကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံ၌ မူးယစ်ဆေးဝါး ကုန်ကူးသူများကို သေဒဏ်ပေးခြင်း မရှိကြောင်း သိရသည်။ ကမ္ဘောဒီးယားဥပဒေအရ တစ်စုံတစ်ယောက်သည် တရားမဝင် မူးယစ်ဆေးဝါးကို ၈၀ ဂရမ်ကျော် တရားမဝင်ကုန်ကူးမှုပြုလုပ်ကြောင်း တွေ့ရှိပါက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်နိုင်ကြောင်း သိရသည်။ (Xinhua)
——————————–
Cambodia arrests 14,722 drug suspects in 9 months
PHNOM PENH, Oct. 1 (Xinhua) — Cambodian authorities had arrested 14,722 drug-related suspects, including 331 foreigners, during the first nine months of 2023, the country’s Anti-Drug Department said in a report on Sunday.
Some 51 percent of the suspects were drug traffickers, manufacturers and transporters, while the rest were drug users, the report said.
Most of the seized drugs were ketamine, heroin, ecstasy, cocaine, crystal methamphetamine, methamphetamine pills, and cathinone.
The Southeast Asian country has no death sentence for drug traffickers. Under its law, someone found guilty of trafficking more than 80 grams of illicit drugs could be jailed for life. Enditem
Photo taken on March 3, 2022 shows high-rise buildings in Phnom Penh, Cambodia. (Photo by Phearum/Xinhua)