Connect with us

North America

အမေရိကန်က အစ္စရေးကို စစ်လေယာဉ်များ၊ တိုက်လေယာဉ်များ ပေးပို့

လက်ဘနွန်နိုင်ငံ နယ်စပ်အနီး၊ အစ္စရေးနိုင်ငံ မြောက်ပိုင်းတွင် အစ္စရေး စစ်ဘက်ဆိုင်ရာသုံးယာဉ်များကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Ayal Margolin/JINI via Xinhua)

ဝါရှင်တန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

အစ္စရေးတပ်ဖွဲ့ဝင်များနှင့် ဟားမက်စ်တိုက်ခိုက်ရေးသမားများကြား ပဋိပက္ခအရှိန်မြင့်တက်နေသည့်ကြားမှ အမေရိကန်နိုင်ငံ ပင်တဂွန်စစ်ဌာနချုပ်က အစ္စရေးအား ထောက်ခံမှုကို ဖော်ပြသည့်အနေဖြင့် မြေထဲပင်လယ်အရှေ့ပိုင်းဒေသဆီသို့ စစ်ရေယာဉ်များနှင့် တိုက်လေယာဉ်များ စေလွှတ်ထားကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က အောက်တိုဘာ ၈ ရက်၌ ပြောကြားခဲ့သည်။

လေယာဉ်တင်သင်္ဘောတစ်စင်း၊ ပဲ့ထိန်းဒုံးကျည်စစ်သင်္ဘောတစ်စင်း၊ ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘော လေးစင်း စသည့်တို့ ပါဝင်သော USS Gerald R. Ford Carrier Strike Group ကို မြေထဲပင်လယ်အရှေ့ပိုင်းသို့ ရွှေ့ထားမည့် အစီအစဉ်အား ညွှန်ကြားခဲ့ကြောင်း အော်စတင်က ထုတ်ပြန်ချက်၌ ပြောခဲ့သည်။

ပင်တဂွန်အနေဖြင့် “အဲဒီဒေသမှာ အမေရိကန်လေတပ် F-35, F-15, F-16 နဲ့ A-1 တိုက်လေယာဉ်တပ်ဖွဲ့ စုဖွဲ့ဖို့ အဆင့်တွေလုပ်ဆောင်သွားမှာပါ” ဟု ကာကွယ်ရေးဝန်ကြီးက ပြောခဲ့သည်။

ထို့ပြင် ၎င်းက အမေရိကန်အစိုးရအနေဖြင့် “လက်နက်ခဲယမ်းတွေ အပါအဝင် စက်ယန္တရားနဲ့ အရင်းအမြစ်တွေ ထပ်မံပံ့ပိုးပေးခြင်းနဲ့အတူ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ကို အလျင်အမြန် ပံ့ပိုးပေးသွားမှာပါ” ဟု ဖြည့်စွက်ပြောခဲ့သည်။
အစ္စရေးအတွက် အမေရိကန် လုံခြုံရေးအကူအညီ ပထမအသုတ်မှာ အောက်တိုဘာ ၈ ရက်တွင် ထွက်ခွာသွားပြီဖြစ်ကာ လာမည့်ရက်များအတွင်း ရောက်ရှိမည်ဟု အော်စတင်က ဆိုသည်။ (Xinhua)

………………………………
(English Version)
U.S. sending warships, fighters to Israel: Pentagon chief
WASHINGTON, Oct. 8 (Xinhua) — U.S. Defense Secretary Lloyd Austin said Sunday that the Pentagon is sending warships and fighter jets to the Eastern Mediterranean region in a show of support for Israel amid escalating conflicts between Israeli forces and Hamas fighters.
Austin said in a statement that he had directed the movement of the USS Gerald R. Ford Carrier Strike Group, which consists of an aircraft carrier, a guided missile cruiser and four guided missile destroyers, to the Eastern Mediterranean.
The Pentagon had also “taken steps to augment U.S. Air Force F-35, F-15, F-16 and A-10 fighter aircraft squadrons in the region,” the defense chief said.