Connect with us

North America

အမေရိကန်နိုင်ငံတွင် ၂၀၂၃ ခုနှစ်တွင် ပထမဆုံး ကျောင်းတွင်းပစ်ခတ်မှုဖြစ်ပွား

အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယားပြည်နယ် Newport News မြို့ရှိ Richneck မူလတန်းကျောင်း၌ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်တွင် အသက် ၆ နှစ်အရွယ် ယောကျ်ားလေးတစ်ဦးက ၎င်း၏ဆရာမကို သေနတ်ဖြင့် ပစ်ခတ်သောသတင်းကိုဖော်ပြထားသည့် CNN ဝက်ဘ်ဆိုက်မှ ဓာတ်ပုံကို တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံအရှေ့ပိုင်း ဗာဂျီးနီးယားပြည်နယ်တွင် အသက် ၆ နှစ်အရွယ်ကလေးငယ်တစ်ဦးက ၎င်း၏အိမ်မှသေနတ် တစ်လက်ကိုကျောင်းသို့ယူလာပြီး ဆရာမဖြစ်သူကို ပစ်ခတ်ခဲ့မှုသည် ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်နိုင်ငံ၌ ပထမဆုံး ကျောင်းတွင်းပစ်ခတ်မှုဖြစ်ခဲ့ပြီး နိုင်ငံတစ်ဝန်း လက်နက်ကိုင်ဆောင်ခွင့် ဥပဒေများ ပိုမိုအားကောင်းရန် အလွန်အရေးကြီးလာပြီဟု ယုံကြည်ကြောင်း သေနတ်မူဝါဒဆိုင်ရာ ကျွမ်းကျင်သူများက မီးမောင်းထိုးပြလျက်ရှိသည်။ (Xinhua)

——————————-
It was the first shooting at a U.S. school in 2023, highlighting what some gun policy experts believe is a dire need for stronger, more consistent laws nationwide.
The screenshot taken from CNN’s website shows its recent report about a six-year-old boy shooting his teacher on Jan. 6, 2023 at Richneck Elementary School, Newport News, Virginia, the United States. (Xinhua)