Connect with us

Economy

၂၀၂၂ ခုနှစ်အတွင်း ဟောင်ကောင် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ခရီးသည်များဖြတ်သန်းသွားလာမှု ၃၀၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်ရှိ ဟောင်ကောင် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ တတိယမြောက် လေယာဉ်ပြေးလမ်းကို ၂၀၂၂ ခုနှစ် မေ ၁၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Hong Kong International Airport/Handout via Xinhua)

ဟောင်ကောင် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ၂၀၂၂ ခုနှစ်အတွင်း ခရီးသည် စုစုပေါင်း ၅.၇ သန်း ဖြတ်သန်းသွားလာမှုကို ကိုင်တွယ်ဆောင်ရွက်ခဲ့ပြီး ယမန်နှစ်ကထက် ၃၁၈.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ပြည်တွင်း ခရီးသွားများအတွက် ဖြေလျှော့လိုက်သော ခရီးသွားကန့်သတ်ချက်များနှင့် ကွာရန်တင်း (quarantine) လိုအပ်ချက်များက ကြီးမားစွာ အထောက်အကူပြုပေးခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ဟောင်ကောင် အပြည်ပြည်ဆိုင်ရာလေဆိပ်က ခရီးသည်ပေါင်း ၁.၆ သန်း၏ ခရီးစဉ်ကို ကိုင်တွယ်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၉၃၈.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း စာရင်းအင်းများ၌ ဖော်ပြထားသည်။ (Xinhua) xhtxs.cn/DNq

………………………………
HKIA passenger traffic up over 300 pct in 2022
The Hong Kong International Airport handled a total of 5.7 million passengers in 2022, a year-on-year increase of 318.4 percent, largely attributable to relaxed travel restrictions and quarantine requirements for inbound travelers. In December 2022, the Hong Kong International Airport handled 1.6 million passengers, representing a surge of 938.7 percent compared with the same period last year, statistics showed.xhtxs.cn/DNq
Photo : Aerial photo taken on May 14, 2022 shows the third runway at the Hong Kong International Airport in south China’s Hong Kong. (Hong Kong International Airport/Handout via Xinhua)