Connect with us

International Organizations

၂၀၂၂ ခုနှစ်အတွင်း ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတ်ဖြတ်မှုအတွင်း ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင် ၃၂ ဦး သေဆုံး

ကွန်ဂိုနိုင်ငံ (DRC) ဂိုမာမြို့တွင် အောက်မေ့ဖွယ်အခမ်းအနားသို့ တက်ရောက်နေသော ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များကို ၂၀၂၂ ခုနှစ် ဧပြီ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကျဆုံးသွားသော ကုလသမဂ္ဂ ငြိမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များအတွက် နယူးယောက်မြို့ရှိ ကုလသမဂ္ဂ (UN) ရုံးချုပ်တွင် လွမ်းသူ့ပန်းခွေဖြင့် ဂုဏ်ပြုနေသော UN အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကို ၂၀၂၂ ခုနှစ် မေ ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Mark Garten/UN Photo/Handout via Xinhua)

၂၀၂၂ ခုနှစ်အတွင်း ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတ်ဖြတ်မှုအတွင်း ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင် ၃၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ ယင်းအနက် မာလီမစ်ရှင်တွင် အများဆုံးဖြစ်ကြောင်း UN Staff Union က ဇန်နဝါရီ ၂၀ ရက်၌ ပြောကြားခဲ့သည်။ သေဆုံးသူ ၃၂ ဦးအနက် စစ်ဘက်ဆိုင်ရာတပ်ဖွဲ့ဝင် ၂၈ ဦးနှင့် ရဲဝန်ထမ်း အမျိုးသမီး တစ်ဦး အပါအဝင် ၄ ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း UN Staff Union ၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ (Xinhua)

………………………………
32 peacekeepers killed in malicious attacks in 2022: UN Staff Union
At least 32 UN peacekeeping personnel were slain in deliberate attacks last year, with the Mali mission suffering the most, the UN Staff Union said Friday.
Among the 32 fatalities were 28 military and 4 police personnel, including a woman police officer, said the Staff Union in a press release.
Photo 1: Peacekeepers attend a memorial service in Goma, the Democratic Republic of the Congo (DRC), on April 2, 2022. (Photo by Zanem Nety Zaidi/Xinhua)
Photo 2: UN Secretary-General Antonio Guterres (L) lays a wreath at the UN headquarters in New York, on May 26, 2022, to pay homage to fallen UN peacekeepers. (Mark Garten/UN Photo/Handout via Xinhua)