Connect with us

Videos

ရှီက တရုတ်နိုင်ငံသားများအားလုံးကို နွေဦးပွဲတော် နှုတ်ခွန်းဆက်စကား ပြောကြား

ပေကျင်း ၊ ဇန်နဝါရီ ၂၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နှင့် နိုင်ငံတော်ကောင်စီ ကိုယ်စား ပေကျင်းမြို့၌ ဇန်နဝါရီ ၂၀ ရက်တွင် ပြုလုပ်ခဲ့သည့် ဧည့်ခံပွဲတစ်ခု၌ တရုတ်နိုင်ငံသားများအားလုံးကို နွေဦးပွဲတော်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က “တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နဲ့ နိုင်ငံတော်ကောင်စီ ကိုယ်စား ကျွန်တော်အနေနဲ့ အားလုံးကို နှစ်သစ်ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။အားလုံးပဲ နှစ်သစ်နွေဦးပွဲတော်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ ” လို့ ပြောကြားခဲ့ပါတယ်။

သမ္မတ ရှီကျင့်ဖိန်က “ပါတီက ပြည်သူလူထုနဲ့ အတူတကွ ရပ်တည်ပြီး ပြည်သူ့ဆန္ဒကို အမြဲတမ်း သစ္စာစောင့်သိကာ ပြည်သူများနဲ့အတူ တိုင်ပင်ပြုလုပ်နေသမျှ ကာလပတ်လုံး ကျွန်တော်တို့ရဲ့ သံမဏိစိတ်ဓာတ်က ဘယ်မုန်တိုင်းကြောင့်မှ ယိမ်းထိုးလှုပ်ရှားစေမှာ မဟုတ်ပါဘူး ။ ကျွန်တော်တို့ရဲ့ ခြေလှမ်းတွေကို ဘယ်လိုအခက်အခဲကြောင့်မှ ရပ်တန့်နိုင်မှာ မဟုတ်ပါဘူး။”ဟု ပြောကြားခဲ့သည်။ရှီက ၂၀၂၃ ခုနှစ်သည် တရုတ်ကွန်မြူနစ်ပါတီ ၂၀ ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံ၏ လမ်းညွှန်မူများအား အပြည့်အဝအကောင်အထည်ဖော်ရေးအတွက် ပထမဆုံးနှစ် ဖြစ်လိမ့်မည်ဟု မှတ်ချက်ပြုခဲ့သည်။ (Xinhua)

——————————
Xi extends Spring Festival greetings to all Chinese
Chinese President Xi Jinping, on behalf of the Communist Party of China (CPC) Central Committee and the State Council, extended Spring Festival greetings to all Chinese Friday at a reception in Beijing.

Voice of Chinese President Xi Jinping
“On behalf of the Communist Party of China (CPC) Central Committee and the State Council, I extend my best festive greetings to all of you. I wish you all a happy Spring Festival.”
Voice of Chinese President Xi Jinping
“As long as the Party stands together with the people, always remains true to the people’s aspirations and works in concert with the people, our iron-will will not be wavered by any storm, and our strides will not be stemmed by any difficulties.”

Xi noted that 2023 will be the first year for fully implementing the guiding principles of the 20th CPC National Congress.