Connect with us

Europe

ပါလက်စတိုင်း-အစ္စရေး ဆွေးနွေးမှုများ ပြန်လည်စတင်ရန် ရုရှားနှင့် အီဂျစ် မျှော်လင့်

West Bank တွင်တည်ရှိသော ဟီဘရွန်မြို့၌ နေအိမ်တစ်လုံးကို ဖြိုချရန် မြေတူးစက်များဖြင့် လုပ်ဆောင်နေသူများကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရုရှားနိုင်ငံနှင့် အီဂျစ်နိုင်ငံတို့သည် ပါလက်စတိုင်းနှင့် အစ္စရေးကြား ဆွေးနွေးညှိနှိုင်းမှုများ ပြန်လည်စတင်ခြင်း၏ အရေးပါမှုအပေါ် သဘောတူခဲ့ကြကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ဇန်နဝါရီ ၃၁ ရက်က ပြောကြားခဲ့သည်။

“ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခဇုန်ရဲ့ အခြေအနေက အဆိုးဘက်ဖြစ်ပေါ်သွားမှာကို ကျွန်တော်တို့ အလွန်ပဲစိုးရိမ်ပါတယ်” ဟု အီဂျစ်နိုင်ငံခြားရေးဝန်ကြီး Sameh Shoukry နှင့်အတူ မော်စကိုတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ Lavrov က ပြောခဲ့သည်။ (Xinhua)

………………………………
(English Version)
Russia, Egypt hope for revival of Palestinian-Israeli talks: Lavrov
Russian Foreign Minister Sergei Lavrov said Tuesday that both Russia and Egypt agreed on the importance of resuming negotiations between Palestine and Israel.
“We are seriously concerned about the negative … development of the situation in the zone of the Palestinian-Israeli conflict,” Lavrov said during a press conference with Egyptian Foreign Minister Sameh Shoukry in Moscow. xhtxs.cn/Edw
Photo: People operate excavators to demolish a house in the West Bank city of Hebron, on Jan. 11, 2023. (Photo by Mamoun Wazwaz/Xinhua)