Connect with us

Europe

ယူကရိန်းက ဂျုံစေ့ သဘောတူညီမှုအရ စားသောက်ကုန်တန်ချိန် ၁၉ သန်း တင်ပို့

မာရီယူပိုလ်မြို့ရှိ ပျက်စီးနေသော အဆောက်အဦများအနီး ဖြတ်သန်းသွားလာနေသူတစ်ဦးကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံက ဂျုံစေ့နှင့် ဓာတ်မြေဩဇာတင်ပို့မှုများဆိုင်ရာ အဓိက သဘောတူညီချက်အရ ဩဂုတ်လမှစ၍ ပင်လယ်နက်ဆိပ်ကမ်းများမှတစ်ဆင့် စားသောက်ကုန် တန်ချိန် ၁၉ သန်း တင်ပို့ခဲ့ကြောင်း အစိုးရပိုင် Ukrinform သတင်းအေဂျင်စီက အဆင့်မြင့်အရာရှိ၏ ပြောကြားချက်အား ကိုးကား၍ ဇန်နဝါရီ ၃၁ ရက်က သတင်းဖော်ပြခဲ့သည်။

ယူကရိန်းနိုင်ငံက ပင်လယ်နက်ဆိပ်ကမ်းများမှ တစ်လလျှင် ဂျုံစေ့နှင့် အခြားလယ်ယာထွက်ကုန် တန်ချိန် ၃ သန်းခန့် တင်ပို့လျက်ရှိကြောင်း ယူကရိန်း လယ်ယာစိုက်ပျိုးရေး ဒုတိယဝန်ကြီး Markiyan Dmytrasevych က ဆိုသည်။ ယူကရိန်းနိုင်ငံ၏ Odesa ၊ Chornomorsk နှင့် Pivdenny ဆိပ်ကမ်းများက လစဉ် စားသောက်ကုန် တန်ချိန် ၆ သန်းခန့် ပြည်ပသို့ တင်ပို့ရောင်းချရန် ဆောင်ရွက်နိုင်စွမ်းရှိကြောင်း Dmytrasevych က ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
Ukraine exports 19 mln tons of foodstuffs under grain deal
Ukraine’s Black Sea ports have shipped 19 million tons of foodstuffs since August under a key deal on grain and fertilizer exports, the government-run Ukrinform news agency reported Tuesday, citing a senior official.
Ukraine exports about 3 million tons of grain and other agricultural products per month from its three Black Sea ports, said the country’s Deputy Agriculture Minister Markiyan Dmytrasevych. Ukraine’s ports of Odesa, Chornomorsk, and Pivdenny have the capacity to supply abroad about 6 million tons of foodstuffs monthly, Dmytrasevych added. xhtxs.cn/Edv
Photo: A man walks past damaged buildings in Mariupol, Jan. 27, 2023. (Photo by Victor/Xinhua)