Connect with us

Politics, Law & Military

တရုတ်နိုင်ငံ ဝန်ကြီးချုပ်နှင့် အီရန်နိုင်ငံ သမ္မတ တွေ့ဆုံ

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်နှင့် အီရန်နိုင်ငံ သမ္မတ Ebrahim Raisi တို့ ပေကျင်းမြို့တော် ပြည်သူ့ခန်းမဆောင်ကြီးတွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်နှင့် အီရန်နိုင်ငံ သမ္မတ Ebrahim Raisi တို့ ပေကျင်းမြို့တော် ပြည်သူ့ခန်းမဆောင်ကြီးတွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် အလည်အပတ်ရောက်ရှိနေသော အီရန်နိုင်ငံ သမ္မတ Ebrahim Raisi နှင့် မြို့တော် ပေကျင်း၌ ဖေဖော်ဝါရီ ၁၄ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ နှင့် အီရန်နိုင်ငံတို့သည် ရှေးယဉ်ကျေးမှုနိုင်ငံများဖြစ်ကြကြောင်းနှင့် နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးစွာ ကူးလူးဖလှယ်မှုရှိသည့် ရှည်ကြာလှသော သမိုင်းကြောင်းလည်းရှိကြောင်း လီက ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံသည် တရုတ်-အီရန် ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားကြောင်းနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အဆင့်သစ်သို့ မြှင့်တင်ရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး ထိန်းသိမ်းရေး၊ ဘုံဖွံဖြိုးတိုးတက်မှု မြှင့်တင်ရေးနှင့် နှစ်နိုင်ငံ ပြည်သူများ အကျိုးကျေးဇူးရှိစေရေးတို့အတွက် အီရန်နိုင်ငံနှင့်အတူ အပြန်အလှန်လေးစားမှုရှိလျက် သာတူညီမျှ ပြုမူဆက်ဆံရေးကို ထိန်းသိမ်းစောင့်ရှောက်ရန် ဆန္ဒရှိကြောင်း ဝန်ကြီးချုပ် လီက ပြောကြားခဲ့သည်။ (Xinhua) xhtxs.cn/EFG

————————-
Chinese premier meets Iranian president

Chinese Premier Li Keqiang met with visiting President of the Islamic Republic of Iran Ebrahim Raisi in Beijing on Tuesday.
Li said China and Iran are both ancient civilizations and have a long history of friendly exchanges between their peoples.
China attaches great importance to the development of China-Iran relations and is willing to adhere to mutual respect and equal treatment with Iran to promote the comprehensive strategic partnership to a new level, maintain world peace, promote common development, and benefit the people of both sides, the premier said. xhtxs.cn/EFG
Photo 1- 2: Chinese Premier Li Keqiang meets with visiting President of the Islamic Republic of Iran Ebrahim Raisi at the Great Hall of the People in Beijing, capital of China, Feb. 14, 2023. (Xinhua/Yan Yan)