International Organizations
ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းများ ပိုမိုကောင်းမွန်စေရေး တရုတ်နိုင်ငံ၏ရပ်တည်ချက်ကို ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် ပြောကြား

ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းများ ပိုမိုကောင်းမွန်စေရေး တရုတ်နိုင်ငံ၏ရပ်တည်ချက်ကို ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် သိုက်ပင်းက ကုလသမဂ္ဂအထွေထွေညီလာခံ(UNGA) ငြိမ်းချမ်းရေး ထိန်းသိမ်းမှု အထူးကော်မတီ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။သိုက်ပင်းက ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းသည် ကုလသမဂ္ဂ၏ နိုင်ငံတကာငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်သော အရေးကြီးနည်းလမ်း ဖြစ်ကြောင်း ၊ လက်ရှိ ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများ မပြတ်ဖြစ်ပေါ်လျက်ရှိရာ တစ်ဖက်သတ်မူဝါဒ၊ စစ်အေးခေတ်အတွေးအခေါ်နှင့်ဗိုလ်ကျစိုးမိုးမှုများက ကမ္ဘာ့အေးချမ်းမှုကို ရှုပ်ထွေးစေပြီး နိုင်ငံတကာငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို မသေချာမရေရာမှုနှင့်မတည်ငြိမ်မှုများ မြင့်တက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ထိုသို့သောအခြေအနေမျိုးတွင် “ငြိမ်းချမ်းရေးထိန်းသိမ်းမှုအတွက် ဆောင်ရွက်ခြင်း +”အဆိုပြုချက်ကို ကောင်းမွန်စွာ ဖော်ဆောင်ကာ ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းများကို ကောင်းမွန်အောင်ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ပထမအနေဖြင့် ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းများ စီမံရေးဆွဲမှုကို မြှင့်တင်ဆောင်ရွက်ရမည် ဖြစ်ပြီး ဒုတိယအနေဖြင့် ငြိမ်းရေးထိန်းသိမ်းမှုအဖွဲ့ဝင်များ၏လုံခြုံရေးကို လက်တွေ့အာမခံထားရမည်ဖြစ်ကြောင်း၊ တတိယအနေဖြင့် ငြိမ်းချမ်းရေးထိန်းသိမ်းမှု မိတ်ဖက်ဆက်ဆံရေးကို စဉ်ဆက်မပြတ် အားဖြည့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
———————–
中国代表就改进联合国维和行动阐述中方立场
新华社联合国2月21日电中国常驻联合国副代表戴兵21日出席联大维和特委会一般性辩论时发言,就改进联合国维和行动阐述中方立场。
戴兵说,维和行动是联合国维护国际和平与安全的重要手段。当前,全球性挑战层出不穷,单边主义、冷战思维和霸凌行径扰乱世界安宁,国际和平与安全面临的不确定性和不稳定因素持续上升。在此背景下,要落实好“为维和而行动+”倡议,继续改进维和行动,更好发挥维和行动作用。第一,要加强维和行动的统筹谋划。第二,要切实保障维和人员安全。第三,要不断加强维和伙伴关系。
1. 2022年10月3日,在位于纽约的联合国总部,屏幕显示中国常驻联合国副代表戴兵在第77届联合国大会行政和预算委员会(第五委员会)开幕式上发言。