Connect with us

Politics, Law & Military

သမ္မတ ရှီက သိပ္ပံနှင့် နည်းပညာကဏ္ဍတွင် ကိုယ့်အားကိုယ်ကိုးရန် အခြေခံသုတေသနလုပ်ငန်းကို အလေးထားပြောကြား

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က သိပ္ပံနှင့် နည်းပညာကဏ္ဍတွင် ကိုယ့်အားကိုယ်ကိုးရန်နှင့် အားကောင်းရန် အခြေခံသုတေသနလုပ်ငန်းကို ခိုင်မာမှုရှိစေရေး တိုက်တွန်းခဲ့သည်။

ရှီသည် ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲပိုင်းက ၂၀ ကြိမ်မြောက် CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို တတိယအကြိမ် အဖွဲ့လိုက်လေ့လာရေးအစည်းအဝေး၌ သဘာပတိအဖြစ် ဆောင်ရွက်စဉ် အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

အခြေခံသုတေသနအားကောင်းခြင်းသည် သိပ္ပံနှင့် နည်းပညာကဏ္ဍတွင် ကိုယ့်အားကိုယ်ကိုးမှုနှင့် ကြံ့ခိုင်အားကောင်းမှု ကြီးမားစွာရရှိရေးအတွက် အရေးတကြီးလိုအပ်ချက်တစ်ခုဖြစ်ကြောင်းနှင့် သိပ္ပံနှင့် နည်းပညာကဏ္ဍ၌ ကမ္ဘာ့ဦးဆောင်သူအဖြစ် တည်ဆောက်ရာတွင် တစ်ခုတည်းသောနည်းလမ်းဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။ (Xinhua) xhtxs.cn/EWN
………………………………
Xi stresses basic research for self-reliance in science and technology
Xi Jinping, general secretary of the Communist Party of China (CPC) Central Committee, has urged strengthening basic research so as to consolidate self-reliance and strength in science and technology.
Xi made the remarks when chairing the third group study session of the Political Bureau of the 20th CPC Central Committee on Tuesday afternoon.
Xi said that strengthening basic research is an urgent requirement to achieve greater self-reliance and strength in science and technology, and it is the only way for building a world leader in science and technology. xhtxs.cn/EWN