Connect with us

China

ဟောင်ကောင်-ပြည်မကြီး ခရီးသွားလာမှုများ ဖေဖော်ဝါရီ ၆ ရက်မှစ၍ အပြည့်အဝပြန်လည်စတင်မည်ဟု HKSAR အစိုးရ ကြေညာ

တရုတ်နိုင်ငံ တောင်ပိုင်း၊ ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတား ဟောင်ကောင်ဆိပ်ကမ်းရှိ နယ်စပ်ကို ဖြတ်သန်း၍ ပြည်မကြီးသို့ သွားရန်စောင့်ဆိုင်းနေသူများကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပြည်မကြီးနှင့် ဟောင်ကောင်ကြား ပုံမှန်ခရီးသွားလာရေးကို ဖေဖော်ဝါရီ ၆ ရက်မှ စတင်၍ အပြည့်အဝပြန်လည်စတင်တော့မည်ဖြစ်ကာ နေ့စဉ် ခရီးသွားအရေအတွက် ကန့်သတ်မှုစနစ်နှင့် ခရီးမထွက်ခွာမီ nucleic acid စစ်ဆေးမှု လိုအပ်ချက်များကိုလည်း ပယ်ဖျက်လိုက်ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်များတွင် နေ့စဉ်ခရီးသွားလာသူအရေအတွက် ပြဋ္ဌာန်းသတ်မှတ်မှုတစ်စုံတစ်ရာ မရှိတော့ဘဲ နယ်စပ်စစ်ဆေးရေးနေရာများအားလုံး ဖွင့်လှစ်ခြင်း၊ ခရီးမထွက်ခွာမီ nucleic acid စစ်ဆေးမှု လိုအပ်ချက်များကိုလည်း ပယ်ဖျက်ခြင်းနှင့် နယ်စပ်ဖြတ်ကျော် ပညာသင်ယူသော ကျောင်းသူ/ကျောင်းသားများအနေဖြင့် ပုံမှန်အတိုင်း စာသင်ခန်းများ၌ ပြန်လည်သင်ယူနိုင်ခြင်း စသည်တို့ပါဝင်ကြောင်း တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua) xhtxs.cn/Ekm

………………………………
(English Version)
HKSAR gov’t announces Hong Kong-mainland travel to fully resume starting Feb. 6.
Normal travel between Hong Kong and the Chinese mainland will fully resume from Feb. 6, with the daily quota system and pre-departure nucleic acid test requirement cancelled.
The arrangements include opening up all boundary control points without imposing any prescribed daily numbers of people, canceling the pre-departure nucleic acid test requirement, and enabling cross-boundary students to resume face-to-face classes in an orderly manner, according to an official press release. xhtxs.cn/Ekm
Photo: Travelers heading to mainland wait to cross the border at the Hong Kong-Zhuhai-Macao Bridge Hong Kong Port in south China, Jan. 8, 2023.(Xinhua/Chen Duo)