Connect with us

Economy

တရုတ်နိုင်ငံ မြောက်ပိုင်း Ganqmod ဆိပ်ကမ်းရှိ လုပ်ငန်းများ အပြည့်အဝ ပြန်လည်စတင်

တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Bayannur မြို့ Ganqmod ဆိပ်ကမ်းတွင် ကုန်တင်ထရပ်ကားများကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Ganqmod ဆိပ်ကမ်းမှတစ်ဆင့် ကုန်စည်များ ကိုင်တွယ်ဆောင်ရွက်မှုပမာဏမှာ ဇန်နဝါရီလအတွင်း တန်ချိန် ၂.၁ သန်းကျော် ရှိခဲ့ရာ ယမန်နှစ်ကထက် ၄၃၆.၂၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ယင်းဆိပ်ကမ်း၏ စီမံခန့်ခွဲမှုကော်မရှင်အရ သိရသည်။ အဆိုပါ ကိန်းဂဏန်းများမှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီက ၅၁.၈၈ ရာခိုင်နှုန်းရှိရာမှ မြင့်တက်လာခဲ့ခြင်းဖြစ်ကာ ယမန်နှစ်နှောင်းပိုင်းက တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါတုံ့ပြန်မှု ပြန်လည်ချိန်ညှိခဲ့ပြီးနောက် ဆိပ်ကမ်း၏ လုပ်ငန်းလည်ပတ်မှု အပြည့်အဝပြန်လည်စတင်ခြင်းလည်းဖြစ်သည်။

Ganqmod ဆိပ်ကမ်းသည် Bayannur မြို့ရှိ Urad Middle Banner ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်တွင် တည်ရှိသည်။ မွန်ဂိုလီးယားရှိ South Gobi ပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော Ganqmod ဆိပ်ကမ်းသည် ပထမတန်းစား ကုန်းတွင်းဆိပ်တစ်ခုဖြစ်ကာ စွမ်းအင်တင်သွင်းမှုဆိုင်ရာ အရေးပါသောလမ်းကြောင်းဖြစ်သလို အတွင်းမွန်ဂိုလီးယားဒေသရှိ အကောက်ခွန်နှင့် ကုန်သွယ်မှုပမာဏအများဆုံး အဝေးပြေးဆိပ်ကမ်းတစ်ခုလည်း ဖြစ်သည်။ (Xinhua) xhtxs.cn/Epe

………………………………
North China’s Ganqmod Port fully resumes functions
The goods volume handled via Ganqmod Port in north China’s Inner Mongolia Autonomous Region totaled over 2.1 million tonnes in January, a year-on-year increase of 436.23 percent, according to the port’s management commission.
The figure saw a growth of 51.88 percent from January 2020, which marks the full resumption of the functioning of the port after China optimized its pandemic response late last year.
Ganqmod Port is located in Urad Middle Banner in the city of Bayannur. Bordering the South Gobi Province of Mongolia, it is a first-class land port, an important channel for energy import, and the highway port with the largest customs and trade volume in Inner Mongolia. xhtxs.cn/Epe
Photo: This photo taken on Jan. 25, 2023 shows cargo trucks at Ganqmod Port in the city of Bayannur, north China’s Inner Mongolia Autonomous Region. (Xinhua/Li Yunping)