Connect with us

Videos

တရုတ်နိုင်ငံ ကန်းစုပြည်နယ်တွင် ကျင်းပသော တိဗက်ဗုဒ္ဓဘာသာပွဲအခမ်းအနားသို့ ဘာသာရေးယုံကြည်ကိုးကွယ်သူများနှင့် ခရီးသွားဧည့်သည်များ လာရောက်

ကန်းစု၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း လဘရန်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသော “ဘုရား နေရောင်ခြည်ပြပွဲ” တိဗက်ဗုဒ္ဓဘာသာ အခမ်းအနားပွဲကြီးသို့ ဘာသာရေးယုံကြည်ကိုးကွယ်သူများနှင့် ကမ္ဘာလှည့်ခရီးသွားဧည့်သည် ၇၆,၀၀၀ ကျော် တက်ရောက်ခဲ့ကြသည်။နှစ်စဉ်ပြုလုပ်သော အဆိုပါ အခမ်းအနားသည် လဘရန် ဘုန်းတော်ကြီးကျောင်းရှိ အရေးပါဆုံး အခမ်းအနားများအနက် တစ်ခုဖြစ်သည်။ လဘရန် ဘုန်းတော်ကြီးကျောင်းကို ၁၇၀၉ ခုနှစ်၌ တည်ဆောက်ထားခြင်းဖြစ်ကာ တိဗက် ဗုဒ္ဓဘာသာ Gelug ဂိုဏ်း၏ ကြီးမားသော ဘုရားကျောင်း ၆ ခုအနက် တစ်ခုဖြစ်သည်။

ရာစုနှစ်များစွာကြာ သက်တမ်းရှိပြီဖြစ်သော ထိုအခမ်းအနားကို နှစ်စဉ် တရုတ်ပြက္ခဒိန် ပထမဆုံးလ၏ ၁၃ ရက်မြောက်၌ ကျင်းပလေ့ရှိသည်။ ၎င်းအခမ်းအနားပွဲတော်သည် ဗုဒ္ဓဘာသာဝင်များအတွက် ပွဲတော်ကြီးအဖြစ်သာမက ထူးခြားသည့် တိဗက်ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို ကမ္ဘာလှည့်ခရီးသွားများအတွက်လည်းပဲ ခမ်းနားသောပွဲတော်တစ်ခုဖြစ်သည်။

“မကြာသေးမီရက်တွေမှာ ရှဟယ်ခရိုင်က ဟိုတယ်ငှားရမ်းနေထိုင်မှုနှုန်းဟာ ၉၉ ရာခိုင်နှုန်းအထိရှိလာတယ်။ ဒီအခမ်းအနားက ခရီးသွားဧည့်သည်အရေအတွက် မြောက်မြားစွာကို ဆွဲဆောင်ထားပြီး ဒီနှစ် ခရီးသွားလုပ်ငန်းအတွက် ကောင်းသောစတင်မှုလည်းဖြစ်ပါတယ်” ဟု ကန်းစုပြည်နယ် တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ရှဟယ်ခရိုင် ခရီးသွားလုပ်ငန်းဗျူရို ညွှန်ကြားရေးမှူး Kunchok Tsering က ပြောခဲ့သည်။အဆိုပါ အခမ်းအနားကို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ၂၀၂၀ ပြည့်နှစ်ကတည်းက ဆိုင်းငံ့ထားခဲ့ခြင်းဖြစ်သည်။ (Xinhua)

……………………………………..
Tibetan Buddhist event in China’s Gansu attracts believers, tourists
More than 76,000 believers and tourists from home and abroad attended a grand Tibetan Buddhist event, known as the “sunning of the Buddha” ceremony, held Friday at the Labrang Monastery in northwest China’s Gansu Province.
The annual event is one of the most important ceremonies at Labrang Monastery, one of the six great temples of the Gelug Sect of Tibetan Buddhism, which was built in 1709.
The centuries-old ceremony is held each year on the 13th day of the first lunar month. It is not only a grand festival for Buddhists, but also a platform to showcase the unique Tibetan culture and customs to tourists.
SOUNDBITE (Chinese): KUNCHOK TSERING, Director of tourism bureau of Xiahe County, Gannan Tibetan Autonomous Prefecture

“The hotel occupancy rate of Xiahe has reached 99 percent in recent days. The ceremony has attracted a great number of tourists, which is a good start for this year’s tourism industry.”
The ceremony had been suspended since 2020 due to the COVID-19 epidemic.
Xinhua News Agency correspondents reporting from Lanzhou, China. (XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.